Pages

Saturday, April 26, 2014

ဘင်္ဂါလီဖြည့်သူ ၆၀၀၀ ကျော်ရှိသည်ဟု ဦးမြင့်ကြိုင် ပြောခြင်းမှာ ၀ါဒဖြန့်ခြင်းသာ ဖြစ်

RangonNewsDaily: March . 26 .2014
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာများက မိမိတို့၏ စိတ်ဆန္ဒဖြင့် ဘင်္ဂါလီဟု ထွက်ဆို၍ သန်းခေါင်စာရင်း အကောက်ခံ နေသည်မှာ အိမ်ထောင်စု ၆၀၀၀ ကျော်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခြင်းမှာ မှန်ကန်မှု မရှိဘဲ ၀ါဒဖြန့်ခြင်း သက်သက်သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံ ရိုဟင်ဂျာများက ပြောပါသည်။ 
“ကျွန်တော်တို့ဆီမှာ မတ်လ ၃၀ ရက်နေ့က စပြီး ဧပြီလ ၁၀ ရက်နေ့ အတွင်း သန်းခေါင်စာရင်း ကောက်ဖို့ အတွက် စာရင်းကောက်တွေ လာခဲ့ပါတယ်။ တချို့အိမ်တွေကို မေးခွန်း နံပါတ် (၈) ရောက်တော့ ရိုဟင်ဂျာလို့ ဖြေတာနဲ့ စာရင်းကောက်တွေက ကျေးဇူးတင်ပါတယ် ပြောပြီး ထွက်သွားခဲ့တယ်။ များသောအားဖြင့် ဘာမေးခွန်းမှ မမေးခင် ဘာလူမျိုး ဖြေမှာလဲလို့ အရင်မေးခဲ့ပါတယ်။

အားလုံးက ရိုဟင်ဂျာလို့ ဖြေတော့ ဘာမေးခွန်းမှတောင် မမေးခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ တစ်မြို့လုံးမှာ ရိုဟင်ဂျာလို့ ပြောခဲ့တာကို ဘင်္ဂါလီလို့ မိမိဆန္ဒနဲ့ ထွက်ဆိုတယ်လို့ ပြောနေခြင်းက မမှန်ကန်ပါဘူး” ဟု ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။ 

မောင်တောမြို့မှ မြို့မိမြို့ဖ တစ်ဦးက “ကျွန်တော်တို့ဆီမှာ န.စ.က ဆွဲတင်စစ် ပုံစံမျိုးတွေ တချို့ရွာတွေမှာ လုပ်တယ်။ ရဲနဲ့ စစ်တပ်က ရိုဟင်ဂျာလို့ ထွက်ဆိုလို့ ဆိုပြီး ရိုက်တာတောင် ရှိခဲ့တယ်။ သို့ပေမယ့်လည်း ဘယ်သူ့မှ ဘင်္ဂါလီလို့ ထွက်ဆိုပြီး သန်းခေါင်စာရင်း အကောက်ခံ ခဲ့တာ မရှိဘူး။ ဦးမြင့်ကြိုင်ပြောတာက ၀ါဒဖြန့် နေတာပါ။ နောက်တစ်ကြိမ် လာကောက်ရင်လည်း ရိုဟင်ဂျာလို့ဘဲ ဖြေကြမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ရိုဟင်ဂျာ ဖြစ်လို့ပါ” ဟု ပြောပါသည်။ 

စစ်တွေမြို့မှ ဒေသခံ ရိုဟင်ဂျာ များကလည်း ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့သည့် အတွက် သန်းခေါင်စာရင်း ကောက်ခံခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မြေပုံနှင့် ပေါက်တော မြို့နယ်များတွင် ဒုက္ခသည်များကို အာဏာပိုင်များက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ဘင်္ဂါလီဟု ဖြေဆိုခဲ့ခိုင်း ခဲ့သော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမှ ဘင်္ဂါလီဟု မပြောဆိုခဲ့ဘဲ မိမိတို့၏ မူရင်း လူမျိုးအမည် ရိုဟင်ဂျာကိုသာ ဖြေဆိုခဲ့သည်။ 

ညွန်ချုပ် ဦးမြင့်ကြိုင်မှ မီဒီယာများသို့ ပြောဆိုနေခြင်းမှာ အခြေအမြစ် မရှိသည့် စကားများသာ ဖြစ်ပြီး၊ နိုင်ငံတကာသို့ ၀ါဒဖြန့်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဦးမြင့်ကြိုင်မှ ဖြည့်စွက်ထားသည့် သန်းခေါင်စာရင်း ပုံစံများကို သက်သေ အဖြစ် ပြမည်ဆိုပါက အဆိုပါ သက်သေများမှာ လုပ်ကြံထားခြင်းသာ ဖြစ်မည်ဟု ဒေသခံများက ပြောပါသည်။

RB News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment