Pages

Tuesday, August 27, 2013

နိုင်ငံခြားသားများအတွက် ချင်းတွင်းနှင့် ဧရာ ခရီးစဉ် ရှစ်ခေါက်ပို့ဆောင်မည်

Photo: နိုင်ငံခြားသားများအတွက် ချင်းတွင်းနှင့် ဧရာ ခရီးစဉ် ရှစ်ခေါက်ပို့ဆောင်မည်
Tuesday, August 27, 2013

ဇူလိုင်လ မှ စက်တင်ဘာလအထိ လာရောက် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ချင်းတွင်းမြစ် ဟုမ္မလင်းခရီးစဉ် ငါးခေါက်၊ ဧရာ ဝတီမြစ် ဗန်းမော်ခရီးစဉ် သုံးခေါက် တို့ကို ရေကြောင်းခရီးစဉ်ဖြင့် ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း Myanmar Golden River Group (MGRG)  ဒါရိုက်တာ ဦးသန်းဝင်းက ပြောသည်။  MGRG မှ ဟုမ္မလင်းခရီး စဉ်ကို မန္တလေးမြို့မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံခြားသား ခရီးသည် ၂၅ ဦးတင်ဆောင် ၍ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ရေ ကြောင်းလမ်းအတိုင်း ပထမတစ် ခေါက် ပို့ဆောင်ပေးခဲ့ရာ ဩဂုတ် ၂ ရက်တွင် ခရီးစဉ်ပြီးဆုံးသဖြင့် နိုင်ငံခြားသား ခရီးသည်များကို ပုဂံမြို့သို့ ပို့ဆောင်ပေးခဲ့ရသည်။ ဒုတိယအခေါက်ကို ဩဂုတ် ၅ ရက်မှ ၁၆ ရက် အထိ နိုင်ငံခြား သား ခရီးသည် ၂၀ ဦးဖြင့် မန္တလေး မြို့မှ ဟုမ္မလင်းမြို့သို့ ပို့ဆောင် ခဲ့ရပြီး ယခုအခါ ချင်းတွင်းခရီး စဉ် တတိယအခေါက်ကို ဩဂုတ် ၁၉ ရက်မှ စတင်၍ နိုင်ငံခြားသား ခရီးသည် ၁၅ ဦးဖြင့် မန္တလေးမြို့ မှ ထွက်ခွာ သွားပြီဖြစ် ကြောင်း သိ ရသည်။

''ချင်းတွင်းခရီးစဉ် ဟုမ္မလင်း မြို့ကို ငါးခေါက်ပြေးဆွဲမယ်။ အ ခု တတိယအခေါက်ခရီးစဉ်က ဩဂုတ် ၃၀ ရက်မှာ ပြီးဆုံးမယ်။ ဗန်းမော်ခရီးစဉ်က ကျွန်တော်တို့ နိုင်ငံခြားခရီးသည်တင်ပြီး တိုက် ရိုက်ပြေးဆွဲတာ မဟုတ်ပါဘူး။ Road To Mandalay  ဂျာမန် သင်္ဘောကြီးနဲ့ ခရီးသည်တွေ သွား တဲ့အခါ ကျွန်တော်တို့  MGRG  က နှစ်စီး လိုက်ပါပေးရတာပါ။  Road To Mandalay သင်္ဘော ကြီးက ရေမိုင်ဖြည်းဖြည်းပဲ မောင်း နိုင်တယ်။ ကျွန်တော်တို့က ပိုမြန် တယ်။ ခရီးသည်တွေ လေ့လာ ချင်တဲ့ မြို့ရွာတွေမှာ ကျွန်တော် တို့  MGRG က အမြန်ရေယာဉ် တွေနဲ့ ဆိပ်ကမ်းအရောက် ပို့ပေး ရတယ်။ ကုန်းပေါ်မှာ တစ်နာရီ၊ နှစ် နာရီကြာ လေ့လာလည်ပတ်ခွင့်အ ချိန် ပေးထားတယ်။ 

Road To Mandalay သင်္ဘောကြီးက ကျွန် တော်တို့ကို မစောင့်ဘဲ ဆက်ထွက် သွားတယ်။ ဆိုက်ကပ်ရပ်နားတဲ့ ဆိပ်ကမ်းမှာ လေ့လာပြီးရင် ကျွန် တော်တို့က သင်္ဘောကြီးဆီ ရောက် အောင်ပို့ပေးတယ်။  Road To Mandalay  သင်္ဘောကြီးနဲ့ လာတဲ့ သူတွေက ငွေကုန်ကြေးကျ အ များဆုံးခံနိုင်တဲ့ နိုင်ငံခြားသား တွေဖြစ်လို့ သင်္ဘောကြီးကပဲ စား ရေး၊ နေရေး၊ အိပ်ရေး တာဝန် ယူထားတယ်။ ကျွန်တော်တို့ အ လုပ်က ရပ်နားချင်တဲ့ ဆိပ်ကမ်း တွေကို ပို့ပေးရတဲ့အလုပ်ပဲ လုပ် ပေးရတယ်''ဟု  MGRG  မှ ရေ ကြောင်းသွားလာရေးမန်နေဂျာ ဦးမျိုးဇေယျက ပြောသည်။

လှိုင်ထွေးအောင်

Yangon Media Group
နိုင်ငံခြား ခရီးသွားများအတွက်ချင်းတွင်းဧရာ သင်္ဘောနှစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
နိုင်ငံခြား ခရီးသွားများအတွက်ချင်းတွင်းဧရာ သင်္ဘောနှစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
RangonNewsDaily:: Aug 27, 2013

ဇူလိုင်လ မှ စက်တင်ဘာလအထိ လာရောက် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ချင်းတွင်းမြစ် ဟုမ္မလင်းခရီးစဉ် ငါးခေါက်၊ ဧရာ ဝတီမြစ် ဗန်းမော်ခရီးစဉ် သုံးခေါက် တို့ကို ရေကြောင်းခရီးစဉ်ဖြင့် ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း Myanmar Golden River Group (MGRG) ဒါရိုက်တာ ဦးသန်းဝင်းက ပြောသည်။

ဆီးရီးယားအား စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် အမေရိကန်ကို ရုရှားသတိပေး

RangonNewsDaily:: Aug 27, 2013

ဆီးရီးယားအစိုးရအား စစ်ရေးအရ အရေးယူဆောင်ရွက်ပါက “၀မ်းနည်းစရာ အမှားအယွင်း တစ်ခု” ဖြစ် လာလိမ့်မည်ဟု ရုရှားက သတိပေးလိုက်ကြောင်း သြဂုတ် ၂၆ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြ ထားသည်။ဏ္ဍ

ကျွန်တော့်ဘေးမှား ရှိတဲ့ တန်ဖိုးရှိတဲ့ အမျိုးသမီးများ

RangonNewsDaily:: Aug 27, 2013

ကျွန်တော်မွေးဖွားလာတဲ့ အခါ ကျွန်တော့်ကိုထွေးပွေ့မယ့် အမျိုးသမီးတစ်ယောက် ကျွန်တော့်ဘေးမှာရှိတယ်
- အဲဒါ ကျွန်တော့် အ မေ
@

၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင် စာ မေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများ စက်တင်ဘာ ၂ရက်တွင် စတင်ထုတ်ယူနိုင်

RangonNewsDaily:: Aug 27, 2013

၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင် စာ မေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများ ကို စက်တင်ဘာ ၂ ရက်၌ စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

DKBA ထိန်းချုပ်နယ်မြေ ဒေသဖွံ့ဖြိုးရေး နိပွန်ဖေါင်ဒေးရှင်းက လုပ်ပေးမည်ဟု ဆို

RangonNewsDaily:: Aug 27, 2013

ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းက DKBA ထိန်းချုပ်နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေး ရန်အတွက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားလိုက်သည်။

ကရင်ပြည်နယ် ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်းအတွက် အကြို စမ်းသပ်စစ်ဆေး တိုင်းတာ

Photo: ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်းအတွက် အကြို စမ်းသပ်စစ်ဆေး တိုင်းတာ
Tuesday, August 27, 2013

အမေရိကန်ဒေါ်လာ ၂၂ သန်းအား အသုံးပြုမည့် ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်းအတွက် အကြို စမ်းသပ်စစ်ဆေး တိုင်းတာနေမှုများ စတင်ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ယင်းစီမံကိန်းကို မလေးရှားနိုင်ငံမှ ကုမ္မဏီနှင့် မြန်မာနိုင်ငံမှ Sanba ကုမ္မဏီတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ကေဘယ်ကြိုးနှင့် ပစ္စည်းများကို ဆွစ်စလန်နိုင်ငံမှ မှာယူလုပ်ကိုင်မှာဖြစ်ပြီး Cable Car တစ်စီးတွင် လူ ၄၀ စီးနင်းလိုက်ပါနိုင်သည်ဟု သိရပါသည်။

Mizzima

RangonNewsDaily:: Aug 27, 2013

အမေရိကန်ဒေါ်လာ ၂၂ သန်းအား အသုံးပြုမည့် ဇွဲကပင်တောင် ဆံတော်ရှင် Cable Car စီမံကိန်းအတွက် အကြို စမ်းသပ်စစ်ဆေး တိုင်းတာနေမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းသတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် နာရေးပို့ပြီး အပြန် ယာဉ် တိမ်းမှောက်ရာမှ တစ်ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 27, 2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖျောက်ဆိတ်ကုန်း ကျေးရွာအနီးစွယ်တော်ဘုရားအမှတ်(၂ယန္တရား

 တပ်ရင်းနားတွင် သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က တောင်အင်း မြောက်အင်း သုသာန်သို့ နာရေး ပို့ဆောင်ပြီး အပြန်တွင် နာရေး ပို့ဆောင်သည့် မော်တော်ယာဉ် တိမ်းမှောက်၍ လူတစ်ဦး သေဆုံး
ကာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြော
ကြားသည်။

Samsung ကအရည်သွေးမြင့် OLED TV အင်္ဂလန်တွင်စတင်ရောင်းမည်

Photo: Samsung ကအရည်သွေးမြင့် OLED TV အင်္ဂလန်တွင်စတင်ရောင်းမည်
Tuesday, August 27, 2013


မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း-၈၀ ကျော်ဝန်းကျင်ရှိ ဈေးကြီး TV အမျိုးအစားပါ။စက်တင်ဘာ-၄ Note-3 ကိုကြေငြာအပြီး စက်တင်ဘာ-၅ မှာစတင်ရောင်းချပေးမှာပါ။၅၅ လက်မအရွယ်အစား 4k အရည်သွေးရှိ OLED TV အမျိုးအစား ဖြစ်ပြီး fULL HD 3D ရုပ်ထွက်အပြည့်အဝ
ပေးစွမ်းနိုင်မှာပါ။

Samsung ထုတ်အရည်သွေးမြင့် 4K OLED ဆိုတဲ့အတိုင်း ဈေးနှုန်းကလည်း
မသေးပါဘူး။အမေရိကန်ဒေါ်လာ ၉၀၀၀ လောက်ကျသင့်မယ့် ဈေးကြီး
OLED TV အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။

အာရှဈေးကွက်အတွင်းကိုတော့ ကြေငြာထားခြင်းမရှိသေးကြောင်း
သိရပါတယ်။

Ref:stuff uk
Khun Nay(August Myanmar Media Group)
TechSpace Journal

RangonNewsDaily:: Aug 27, 2013

မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း-၈၀ ကျော်ဝန်းကျင်ရှိ ဈေးကြီး TV အမျိုးအစားပါ။စက်တင်ဘာ-၄ Note-3 ကိုကြေငြာအပြီး စက်တင်ဘာ-၅ မှာစတင်ရောင်းချပေးမှာပါ။၅၅ လက်မအရွယ်အစား 4k အရည်သွေးရှိ OLED TV အမျိုးအစား ဖြစ်ပြီး fULL HD 3D ရုပ်ထွက်အပြည့်အဝပေးစွမ်းနိုင်မှာပါ။

ဖြစ်ရပ်မှန် သဲထိပ်ရင်ဖို ရုပ်ရှင် The Conjuring

Photo: ဖြစ်ရပ်မှန် သဲထိပ်ရင်ဖို ရုပ်ရှင် The Conjuring 
Tuesday, August 27, 2013

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ရေးသား ဖော်ပြချက် များကြောင့် လက်တလော လူကြိုက်များနေတဲ့ ထိတ်လန့်သဲဖို ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။ 

လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ အမေရိကန်ပြည်ထောင်စုက Rhode Island မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ကြောင်း ဆိုပါတယ်။ ၁၉၇၁ ခုနှစ်တုန်းကပါ မိသားစုလိုက် ယင်းကျွန်းပေါ်ရှိ Harrisville ထဲက အိမ်တစ်အိမ်မှာ သွားနေပါတယ်။ သမီးငါးဦးနဲ့ အတူနေတဲ့ လင်မယား Warren တို့ဖြစ်ပြီး ယခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့မယ်လို့ ထင်မထားကြပါဘူး။ 

တစ်ချိန်က ယင်းအိမ်ကို အောက်လမ်းအတတ်လိုက်စားတဲ့ စုန်းမ တစ်ဦး ပိုင်ဆိုင်ပါတယ်။ ဧက ၂၀၀ ကျယ်တဲ့ သူ့ခြံ နဲ့ အိမ်ကို သူများသိမ်းမှာစိုးလို့ သမီးအရင်းကိုလည်း သက်သေ၊ သူ့ကိုသူလည်း သက်သေလို့ ရစ်ပူဇော်ခဲ့ ပါတယ်။ ဒါကြောင့်ပဲ ယင်းအိမ်မှာ သေမှုသေခင်းတို့ ဆက်တိုက်ဖြစ်ပေါ်ပြီး လူမနေတာ အင်မတန် ကြာပြီ ဖြစ်တဲ့ အိမ်ဖြစ်ပါတယ်။ 

အိပ်မက်ဆိုးတွေလည်း မက်ပြီး မြေအောက်ထပ် အခန်းတစ်ခုမှ အသံတွေကြားနေရပါတယ်။ မြေအောက်ထပ် ရယ်လို့မှ မဟုတ်ပဲ အခြားအခန်းတွေတိုင်းကနေ လက်ခုပ်သီးသံ၊ ခေါ်သံ၊ ဆူညံသံ တစ်ချက်ချက်ကြားရပါတယ်။ နောက်ဆုံးတော့ အသံနဲ့တင်မဟုတ်တော့ပဲ အိမ်က ကလေးငယ်တွေကို သတ်ဖြတ်ဖို့ ကြိုးစားလုပ်ဆောင်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။ နောက်တော့ ကျိန်စာမိနေတဲ့ အမျိုးသမီးကြီးနဲ့ သူ့သမီး၊ doll ဘိုမရုပ်တို့ကို တွေ့ရှိခဲ့ပြီး ခြောက်ခြားဖွယ် အိမ်မှာ ရက်အတော်ကြာ အနှိပ်စက် ခံခဲ့ရပါတယ်။ 

ယင်းဖြစ်ရပ်ကို ဒေသခံတို့အား ပြန်ဖွင့်ပြောပြီး ဖြစ်ရပ်မှန် သာမန်ထက်ထူး ကဲသော အခြေအနေတစ်ခုအဖြစ် လက်ခံသွားကြ ပါတယ်။ ထိုဖြစ်ရပ်ကို အခြေခံလို့ ဖြစ်ရပ်မှန် သဲထိတ်ရင်ဖို စာအုပ်ထွက်ပြီး အောင်မြင် ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်တော့လည်း အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှ စလို့ ရုံတင်နေပြီး Box Office မှာ ဝင်ငွေကောင်းလျက်ရှိတဲ့ Horror film ဖြစ်ကြောင်း သိရပါတယ်။

ရုပ်ရှင် အမြည်းကြည့်ရှုရန် - 
http://youtu.be/k10ETZ41q5o

Aung Kham (International news for myanmar)

International news for myanmar

RangonNewsDaily:: Aug 27, 2013

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ရေးသား ဖော်ပြချက် များကြောင့် လက်တလော လူကြိုက်များနေတဲ့ ထိတ်လန့်သဲဖို ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။

ကလေးငယ်များရဲ့ စိတ်ဒဏ်ရာ ၊ မျက်ရည်"ကလေးငယ်လေးတွေ ရဲ့ ကြောက် စိတ်

Photo: ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်"ကလးလေး ရဲ့ ကြောက် စိတ် (၁)"
Tuesday, August 27, 2013

ကျွန်မတို့ ငယ်ငယ်တုန်းက အဖိုးတွေ အဖွားတွေပြောတာ ကြားဖူးတယ် "ကိုယ့်သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါတဲ့" အဲဒါစကားကို အခုအချိန်ထိ ကျွန်မတို့ မြန်မာလူမျိုးတွေ လက်ခံကျင့်သုံးဆဲပါပဲ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ စကားပါ။ ကလေးတွေဟာ သူတို့ကို ချစ်မှန်သိရင် ကဲတတ်တယ် ရောင့်တက်တတ်တယ် စကားနားမထောင်တော့ဘူး ပျက်စီးတတ်တယ်လို့ထင်ကျတော့ ကလေးကို ငယ်ငယ်တည်းက နှိပ်ထားမှ ကြောက်အောင်လုပ်ထားမှလို့ သတ်မှတ်ထားကျတယ်လေ ။ မဟုတ်ရင် "ငယ်သော သား၊ ကြီးသော် ကျား၊ ငယ်သော် သမီး၊ ကြီးသော် မီး" ဖြစ်သွားလိမ့်မယ်လို့ ဆိုရိုးစကားလည်းရှိနေ ခဲ့တယ်လေ။

အဲတော့မိဘတွေက ကိုယ့်သားသမီးကို ချစ်ရဲ့သားနဲ့ အိပ်ပျော်နေမှ နမ်းရဲကျတယ် ကိုယ့်သားသမီးရှေ့မှာဆိုရင် မျက်နှာတည်ကြီးနဲ့ တစ်ခုခုဆို ကြောက်အောင်ပြောဖို့ တုတ်ဆွဲရိုက်ဖို့ ၀န်မလေးတတ်ကျဘူး။ အဲဒီအခါ ကလေး စိတ်ထဲမှာ ငါ့မိဘက ငါ့ကို မချစ်ဖူး ငါကိုရိုက်ဖို့ ဆူဖို့ပဲ လုပ်ကျတယ် ငါ့ကို မုန်းကို မုန်းနေတာပါဆိုတဲ့ စိတ်စွဲသွားတယ် ။ အဲဒီအခါကျတော့ ကလေးက မိဘတွေရှေ့မှာတော့ ထိုင်ဆိုထိုင် ထဆိုထ နေတယ်ဆိုပေမယ့် နောက်ကွယ်ကျရင် လုပ်ချင်ရာလုပ်တတ်တဲ့ ညဉ်းစွဲသွားတတ်တယ်။

တကယ်ကတော့ မိဘကလည်း ကိုယ့်သားသမီးကို မချစ်လို့မဟုတ်ပါဘူး လိမ်မာစေချင်လို့ပါ။ ဒါပေမယ့် ကိုယ့်ကချစ်တာကို သားသမီးရှေ့မပြခဲ့တော့ သားသမီးတွေက သူတို့ ကို မုန်းတယ်လို့ ထင်သွားကျတတ်တာ။ ကလေးတွေဟာ ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ စူးစမ်းတတ် သင်ယူတတ်တဲ့ အရွယ်ပါ အဲလို အရွယ်မှာ ခလေးကို ကြောက်အောင်လုပ်ဖို့ ထက် နားလည်အောင် ပြောဆိုဆုံးမပြီး ဆုပေးဒဏ်ပေးစနစ်လေလိုနဲ့ ပြောပြတာပိုကောင်းပါတယ်။ မိဘက ကလေးကို ချစ်တယ်ဆိုတာလဲ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေ ကလေးသိအောင်ပြဖို့လိုပါတယ် မဟုတ်ရင် ကလေး မိဘက ကိုယ့်ကိုမုန်းနေတယ်ဆိုတဲ့ စိတ်လေး ဆွဲသွားရင် ကလေးစိတ်ထဲမှာ စိတ်ဒဏ်ရာရပြီး မကောင်းတဲ့ဘက်ကို ဦးတည်သွားတတ်လို့ပါ ........

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စော်ကားတာမပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် သားသမီးနဲ့ မိဘ ကြားက နားလည်မှု လွဲနေတာလေးကိုပဲ အဆင်ပြေပြီး ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ စေတနာနဲ့ ရေးထားတာပါ ...
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ။

Rose White
အခမဲ့ ကြော်ငြာ

RangonNewsDaily:: Aug 27, 2013

ငယ်ငယ်တုန်းက အဖိုးတွေ အဖွားတွေပြောတာ ကြားဖူးတယ် "ကိုယ့်သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်း
ပါတဲ့" အဲဒါစကားကို အခုအချိန်ထိ ကျွန်မတို့ မြန်မာလူမျိုးတွေ လက်ခံကျင့်သုံးဆဲပါပဲ တကယ့်ကို ကြောက်ဖို့
ကောင်းတဲ့ စကားပါ။

ဆရာကြီး ပီမိုးနင်း၏ လူမှု့ရေး စာစုများ

RangonNewsDaily:: Aug 27, 2013

( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။

( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။

ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့ခြင်းကြောင့် လက်ထိဘောစည်း မျဉ်းဖြင့် ဖြေရှင်းချက်ပေးရန် မိုရက်စ် တောင်းဆို

Photo: ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့ခြင်းကြောင့် လက်ထိဘောစည်း မျဉ်းဖြင့် ဖြေရှင်းချက်ပေးရန် မိုရက်စ် တောင်းဆို
Tuesday, August 27, 2013

မန်ယူနည်းပြ မိုရက်စ်က ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ အခွင့်အရေးများ လျစ်လျူရှုခံရပြီးနောက် လက်ထိဘောစည်းမျဉ်းများအရ ဖြေရှင်းချက်ပေးရန်
တောင်းဆိုလိုက်သည်။ အဆိုပါပွဲစဉ်၏ ပွဲချိန် ၆၅မိနစ်တွင် မန်ယူ ကွင်းလယ်လူ ကလီဗာလေ ကန်လိုက်သည့် ဘောလုံးမှာ ပင်နယ်တီ ဧရိယာ စည်းအတွင်း လမ်းပတ်၏လက်ကို ထိမှန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့ပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ ဧရိယာအတွင်း လက်ထိဘောစည်းမျဉ်းအရ ရှင်းချက်ပေးရန် မိုရက်စ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကွင်းလယ်ဒိုင်အနေနဲ့ အဲဒီအခြေအနေမှာ ဘယ်ဟာက လက်ထိဘော၊ ဘယ်ဟာက လက်ထိဘော မဟုတ်ဘူးဆိုတာ သေသေချာချာ မဆုံးဖြတ်နိုင်ပါဘူး။ကွင်းလယ်ဒိုင်အတွက် အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပေမယ့် နည်းပြတွေအတွက်တော့ အဲဒီလိုမဟုတ်ဘူးလို့ ကျွန်တော် တွေးမိပါတယ်”ဟု မိုရက်စ်က ရှင်းလင်းခဲ့သည်။ ထိုပွဲတွင် မန်ယူမှာ ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘတ်စသည့် တိုက်စစ်ကစားသမား သုံးဦးဖြင့် ပွဲထွက်ခဲ့သော်လည်း အဆုံးသတ်ပိုင်းတွင်မူ ထိရောက်သည့် ဖန်တီးမှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ သုံးမှတ်မရခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း မိုရက်စ်က ၀န်ခံခဲ့သည်။

http://yoyarlay.com/sport/football/37466-2013-08-27-11-58-14
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: Aug 27, 2013

မန်ယူနည်းပြမိုရက်စ်ကချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ အခွင့်အရေးများ လျစ်လျူရှုခံရပြီးနောက် လက်ထိဘော
စည်းမျဉ်းများအရ ဖြေရှင်းချက်ပေးရန်တောင်းဆိုလိုက်သည်။

ဂန္ဓမာဟိုးဆေးကုန်တိုက်အတွင်းဈေးဝယ်စဉ် ယာဉ်မောင်းနှင့်အတူကားပါပျောက်ဆုံး


ယနေ့ နေ့လည်(၂)နာရီခန့်က ပုဒ်မ (၁၈) ဖျက်သိမ်ရေး စီတန်းဆန္ဒပြပွဲတခုကို ရန်ကုန်မြို့တွင်


RangonNewsDaily:: Aug 27, 2013
ပုဒ်မ(၁၈)ကို ရှုတ်ချဆန္ဒပြတာ ဖြစ်တယ် ဒါကြောင့် ခွင့်ပြုချက်ယူစရာ မလိုဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ယုံကြည်တယ်၊ ယုံကြည်လို့လည်း စီတန်းလှည့်လည်တယ်၊ မိမိရဲ့ ဆန္ဒကို ထုတ်ဖော်တယ်’’ ဟု ပြည်သူတစ်ဦးဖြစ်သူ ကိုစည်သူက မြန်မာမွတ်စ်လင်မ်မီဒီယာသို့ ပြောသည်။

ဆီးရီးယား နိုင်ငံ ကို ၇၂ နာရီ အတွင်း လေကြောင်း ၊ ရေ ကြောင်း တိုက် ခိုက်မှု စတင် တော့ မည်

RangonNewsDaily:: Aug 27, 2013

တိုမာဟောခ် ဒုံးကျဉ် လေးစင်း အား တစ် ပြိုင် နက် တည်း ပစ်လွှတ် နိုင်သည့် စစ်သင်္ဘောများ မြေထဲ ပင်လယ် အရှေ့ ဘက် ခြမ်း ကို ရောက် ရှိ ပြီး နောက် ဆီးရီးယား ကို အကန့်  အသတ် ရှိ သည့် စစ်ရေး အရေးယူမှု ရက် အနည်း ငယ် တွင်း စတင် တော့ မည် ဟု ပင်တဂွန် ထိပ်တန်း အရာရှိ များ က CNN သတင်း ကို ပြောသည်။

သံတွဲတွင် ကားတိမ်းမှောက်၍ လူ ၈ ဦး သေဆုံး

RangonNewsDaily:: Aug 27, 2013

ရခိုင်ပြည်နယ် သံတွဲတွင် ယနေ့ မော်တော်ကား တစ်စီး မတော်တဆ တိမ်းမှောက်၍ လူ ၈ ဦး သေဆုံး သွားကြောင်း သတင်း ရရှိသည်။သေဆုံးသွားသူများထဲတွင် ကလေး ၂ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သံတွဲရဲက အတည်ပြု ပြောကြားသည်။

အလုံလမ်း မီးပွိုင့်အနီး ဓါတ်တိုင်ပိမိပြီးအမျိုးသမီးတစ်ဦး သေဆုံး

ယ နေ့ မနက်၆ နာရီ ခန့်က အလုံလမ်း မီးပွိုင့်အနီး မ နော်ဟရီ လမ်းထိပ်မှ ဓါတ် တိုင် အား ၁၂၄ မထသယာဉ်မှ ဝင် တိုက်၍ လမ်း မ တော် မြို့နယ်မှ မစန္ဒာဆိုသူ အမျိုးသမီးတစ်ဦး ဓါတ်တိုင် ပိမိပြီး သေဆုံးသွားကြောင်း သိရပါသည်။်

အေးချမ်းမွန် Credit To > Classic Burma News < Thanks
Re-posted By ACM 27-8-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 27, 2013
ယ နေ့ မနက်၆ နာရီ ခန့်က အလုံလမ်း မီးပွိုင့်အနီး မ နော်ဟရီ လမ်းထိပ်မှ ဓါတ် တိုင် အား ၁၂၄ မထသယာဉ်မှ ဝင် တိုက်၍ လမ်း မ တော် မြို့နယ်မှ မစန္ဒာဆိုသူ အမျိုးသမီးတစ်ဦး ဓါတ်တိုင် ပိမိပြီး သေဆုံးသွားကြောင်း သိရပါသည်။်

ဒေါ်အောင်ဆန်းစုကြည် ရှေ့လမှာ ဥရောပသုံးနိုင်ငံ ခရီးထွက်မည်

Photo: ဒေါ်အောင်ဆန်းစုကြည် ရှေ့လမှာ ဥရောပသုံးနိုင်ငံ ခရီးထွက်မည်
Tuesday, August 27, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်စက်တင်ဘာလ ဒုတိယအပတ်ထဲ မှာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။

ဥရောပ သုံးနိုင်ငံခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက် ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ပြန် ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဒီနေ့လွှတ်တော် အစည်းအဝေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ပိုလန်နိုင်ငံကိုသွားတာက ပိုလန်ပါလီမန်ကို လေ့လာဖို့ရယ်၊ ဝါဆောတက္ကသိုလ်မှာ ဟောပြောပို့ချဖို့အတွက်ပါ၊ နောက်ပြီးတော့ ဟန်ဂေရီကိုသွားတာကျတော့ ဘူတင်ပတ်တက္ကသိုလ်မှာ ဟောပြောပို့ချဖို့ပါ၊ ချက်သမ္မတနိုင်ငံကိုသွားတာကတော့ အဲမှာသုံးရက်ကြာကျင်းပပြုလုပ်မယ့် Forum 2000 Conference ကို သွားပြီးတက်ဖို့ပါ”

ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့ မှာ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကိုလည်း တက်ရောက်မှာ ဖြစ်တယ်လို့ ဦးဖြိုးဇေယျာသော် က ပြောပါတယ်။

ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ပြုလုပ်မယ့် Forum 2000 ဖောင်ဒေးရှင်းကို ကွယ်လွန်သူချက်နိုင်ငံ သမ္မတ Vaclav Havel က ကမကထပြုပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

RFA Burmese

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
RangonNewsDaily:: Aug 27, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်စက်တင်ဘာလ ဒုတိယအပတ်ထဲ မှာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။

MTV VMA ၂၀၁၃ တွင် ထင်ပေါ်ခဲ့သော Miley Cyrus

Photo: MTV VMA ၂၀၁၃ တွင် ထင်ပေါ်ခဲ့သော Miley Cyrus
Tuesday, August 27, 2013

လေဒီဂါဂါထက်ပင် ပိုမိုသော အာရုံစိုက်မူကို ရရှိခဲ့ သူမှာ မိုင်လီဆိုင်ရပ် ဖြစ်သည်ဟု လက်ရှိ မိဒီယာစာမျက်နှာများတွင် ပျံနှံ့နေသည်။

သူမသည် သာမန်ထက်ပိုသော အဖော်အချွတ် အသားပေးရုပ်ကို
သရုပ်ပြလေ့ရှိသူ မဟုတ်ပေမဲ့ ယခု စင်တင်ဖျော်ဖြေပွဲတွင် သူမ
ဝတ်ဆင်ခဲ့သော အ၀တ်မှာ အများသူဌာ မိန်းမောစေခဲ့ကြောင်းသိ
ရသည်။

ကြည့်ရူရန် http://www.youtube.com/watch?v=bgNKzHgdYVA

ref: mirror.co.uk
ကချင်း ( MM Social Sky )

RangonNewsDaily:: Aug 27, 2013

လေဒီဂါဂါထက်ပင် ပိုမိုသော အာရုံစိုက်မူကို ရရှိခဲ့သူမှာမိုင်လီဆိုင်ရပ် ဖြစ်သည်ဟုလက်ရှိ မိဒီယာစာမျက်နှာ
များတွင် ပျံနှံ့နေသည်။

Huawei ကို အလဲထိုးမဲ့ Vivo လား