Pages

Tuesday, August 27, 2013

ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့ခြင်းကြောင့် လက်ထိဘောစည်း မျဉ်းဖြင့် ဖြေရှင်းချက်ပေးရန် မိုရက်စ် တောင်းဆို

Photo: ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ မရခဲ့ခြင်းကြောင့် လက်ထိဘောစည်း မျဉ်းဖြင့် ဖြေရှင်းချက်ပေးရန် မိုရက်စ် တောင်းဆို
Tuesday, August 27, 2013

မန်ယူနည်းပြ မိုရက်စ်က ချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ အခွင့်အရေးများ လျစ်လျူရှုခံရပြီးနောက် လက်ထိဘောစည်းမျဉ်းများအရ ဖြေရှင်းချက်ပေးရန်
တောင်းဆိုလိုက်သည်။ အဆိုပါပွဲစဉ်၏ ပွဲချိန် ၆၅မိနစ်တွင် မန်ယူ ကွင်းလယ်လူ ကလီဗာလေ ကန်လိုက်သည့် ဘောလုံးမှာ ပင်နယ်တီ ဧရိယာ စည်းအတွင်း လမ်းပတ်၏လက်ကို ထိမှန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့ပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ ဧရိယာအတွင်း လက်ထိဘောစည်းမျဉ်းအရ ရှင်းချက်ပေးရန် မိုရက်စ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကွင်းလယ်ဒိုင်အနေနဲ့ အဲဒီအခြေအနေမှာ ဘယ်ဟာက လက်ထိဘော၊ ဘယ်ဟာက လက်ထိဘော မဟုတ်ဘူးဆိုတာ သေသေချာချာ မဆုံးဖြတ်နိုင်ပါဘူး။ကွင်းလယ်ဒိုင်အတွက် အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပေမယ့် နည်းပြတွေအတွက်တော့ အဲဒီလိုမဟုတ်ဘူးလို့ ကျွန်တော် တွေးမိပါတယ်”ဟု မိုရက်စ်က ရှင်းလင်းခဲ့သည်။ ထိုပွဲတွင် မန်ယူမှာ ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘတ်စသည့် တိုက်စစ်ကစားသမား သုံးဦးဖြင့် ပွဲထွက်ခဲ့သော်လည်း အဆုံးသတ်ပိုင်းတွင်မူ ထိရောက်သည့် ဖန်တီးမှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ သုံးမှတ်မရခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း မိုရက်စ်က ၀န်ခံခဲ့သည်။

http://yoyarlay.com/sport/football/37466-2013-08-27-11-58-14
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: Aug 27, 2013

မန်ယူနည်းပြမိုရက်စ်ကချဲလ်ဆီးနှင့်ပွဲတွင် ပင်နယ်တီ အခွင့်အရေးများ လျစ်လျူရှုခံရပြီးနောက် လက်ထိဘော
စည်းမျဉ်းများအရ ဖြေရှင်းချက်ပေးရန်တောင်းဆိုလိုက်သည်။ အဆိုပါပွဲစဉ်၏ ပွဲချိန် ၆၅မိနစ်တွင် မန်ယူ ကွင်းလယ်လူ ကလီဗာလေ ကန်လိုက်သည့် ဘောလုံးမှာ ပင်နယ်
တီ ဧရိယာ စည်းအတွင်း လမ်းပတ်၏လက်ကို ထိမှန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် အက်ကင်ဆန်က ပင်နယ်
တီပေးရန် ငြင်းဆန်ခဲ့ပြီး ယင်းအခြေအနေနှင့် ပတ်သက်၍ ဧရိယာအတွင်း လက်ထိဘောစည်းမျဉ်းအရ ရှင်း
ချက်ပေးရန် မိုရက်စ်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကွင်းလယ်ဒိုင်အနေနဲ့ အဲဒီအခြေအနေမှာ ဘယ်ဟာက လက်ထိဘော၊ ဘယ်ဟာက လက်ထိဘော မဟုတ်
ဘူးဆိုတာ သေသေချာချာ မဆုံးဖြတ်နိုင်ပါဘူး။ကွင်းလယ်ဒိုင်အတွက် အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပေမယ့် နည်းပြတွေအတွက်တော့ အဲဒီလိုမဟုတ်ဘူးလို့ ကျွန်တော် တွေးမိပါတယ်”ဟု မိုရက်
စ်က ရှင်းလင်းခဲ့သည်။ 
 
ထိုပွဲတွင် မန်ယူမှာ ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘတ်စသည့် တိုက်စစ်ကစားသမား သုံးဦးဖြင့် ပွဲထွက်ခဲ့သော်လည်း အဆုံးသတ်ပိုင်းတွင်မူ ထိရောက်သည့် ဖန်တီးမှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ သုံးမှတ်မရခဲ့ခြင်းအတွက် စိတ်
ပျက်မိကြောင်း မိုရက်စ်က ၀န်ခံခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)
RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment