Pages

Tuesday, August 27, 2013

ကလေးငယ်များရဲ့ စိတ်ဒဏ်ရာ ၊ မျက်ရည်"ကလေးငယ်လေးတွေ ရဲ့ ကြောက် စိတ်

Photo: ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်"ကလးလေး ရဲ့ ကြောက် စိတ် (၁)"
Tuesday, August 27, 2013

ကျွန်မတို့ ငယ်ငယ်တုန်းက အဖိုးတွေ အဖွားတွေပြောတာ ကြားဖူးတယ် "ကိုယ့်သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါတဲ့" အဲဒါစကားကို အခုအချိန်ထိ ကျွန်မတို့ မြန်မာလူမျိုးတွေ လက်ခံကျင့်သုံးဆဲပါပဲ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ စကားပါ။ ကလေးတွေဟာ သူတို့ကို ချစ်မှန်သိရင် ကဲတတ်တယ် ရောင့်တက်တတ်တယ် စကားနားမထောင်တော့ဘူး ပျက်စီးတတ်တယ်လို့ထင်ကျတော့ ကလေးကို ငယ်ငယ်တည်းက နှိပ်ထားမှ ကြောက်အောင်လုပ်ထားမှလို့ သတ်မှတ်ထားကျတယ်လေ ။ မဟုတ်ရင် "ငယ်သော သား၊ ကြီးသော် ကျား၊ ငယ်သော် သမီး၊ ကြီးသော် မီး" ဖြစ်သွားလိမ့်မယ်လို့ ဆိုရိုးစကားလည်းရှိနေ ခဲ့တယ်လေ။

အဲတော့မိဘတွေက ကိုယ့်သားသမီးကို ချစ်ရဲ့သားနဲ့ အိပ်ပျော်နေမှ နမ်းရဲကျတယ် ကိုယ့်သားသမီးရှေ့မှာဆိုရင် မျက်နှာတည်ကြီးနဲ့ တစ်ခုခုဆို ကြောက်အောင်ပြောဖို့ တုတ်ဆွဲရိုက်ဖို့ ၀န်မလေးတတ်ကျဘူး။ အဲဒီအခါ ကလေး စိတ်ထဲမှာ ငါ့မိဘက ငါ့ကို မချစ်ဖူး ငါကိုရိုက်ဖို့ ဆူဖို့ပဲ လုပ်ကျတယ် ငါ့ကို မုန်းကို မုန်းနေတာပါဆိုတဲ့ စိတ်စွဲသွားတယ် ။ အဲဒီအခါကျတော့ ကလေးက မိဘတွေရှေ့မှာတော့ ထိုင်ဆိုထိုင် ထဆိုထ နေတယ်ဆိုပေမယ့် နောက်ကွယ်ကျရင် လုပ်ချင်ရာလုပ်တတ်တဲ့ ညဉ်းစွဲသွားတတ်တယ်။

တကယ်ကတော့ မိဘကလည်း ကိုယ့်သားသမီးကို မချစ်လို့မဟုတ်ပါဘူး လိမ်မာစေချင်လို့ပါ။ ဒါပေမယ့် ကိုယ့်ကချစ်တာကို သားသမီးရှေ့မပြခဲ့တော့ သားသမီးတွေက သူတို့ ကို မုန်းတယ်လို့ ထင်သွားကျတတ်တာ။ ကလေးတွေဟာ ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ စူးစမ်းတတ် သင်ယူတတ်တဲ့ အရွယ်ပါ အဲလို အရွယ်မှာ ခလေးကို ကြောက်အောင်လုပ်ဖို့ ထက် နားလည်အောင် ပြောဆိုဆုံးမပြီး ဆုပေးဒဏ်ပေးစနစ်လေလိုနဲ့ ပြောပြတာပိုကောင်းပါတယ်။ မိဘက ကလေးကို ချစ်တယ်ဆိုတာလဲ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေ ကလေးသိအောင်ပြဖို့လိုပါတယ် မဟုတ်ရင် ကလေး မိဘက ကိုယ့်ကိုမုန်းနေတယ်ဆိုတဲ့ စိတ်လေး ဆွဲသွားရင် ကလေးစိတ်ထဲမှာ စိတ်ဒဏ်ရာရပြီး မကောင်းတဲ့ဘက်ကို ဦးတည်သွားတတ်လို့ပါ ........

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စော်ကားတာမပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် သားသမီးနဲ့ မိဘ ကြားက နားလည်မှု လွဲနေတာလေးကိုပဲ အဆင်ပြေပြီး ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ စေတနာနဲ့ ရေးထားတာပါ ...
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ။

Rose White
အခမဲ့ ကြော်ငြာ

RangonNewsDaily:: Aug 27, 2013

ငယ်ငယ်တုန်းက အဖိုးတွေ အဖွားတွေပြောတာ ကြားဖူးတယ် "ကိုယ့်သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်း
ပါတဲ့" အဲဒါစကားကို အခုအချိန်ထိ ကျွန်မတို့ မြန်မာလူမျိုးတွေ လက်ခံကျင့်သုံးဆဲပါပဲ တကယ့်ကို ကြောက်ဖို့
ကောင်းတဲ့ စကားပါ။ ကလေးတွေဟာ သူတို့ကို ချစ်မှန်သိရင် ကဲတတ်တယ် ရောင့်တက်တတ်တယ် စကားနားမထောင်တော့ဘူး ပျက်စီးတတ်တယ်လို့ထင်ကျတော့ ကလေးကို ငယ်ငယ်တည်းက နှိပ်ထားမှ ကြောက်အောင်လုပ်ထားမှလို့ သတ်မှတ်ထားကျတယ်လေ ။ မဟုတ်ရင် "ငယ်သော သား၊ ကြီးသော် ကျား၊ ငယ်သော် သမီး၊ ကြီးသော် မီး"
 ဖြစ်သွားလိမ့်မယ်လို့ ဆိုရိုးစကားလည်းရှိနေ ခဲ့တယ်လေ။

အဲတော့မိဘတွေက ကိုယ့်သားသမီးကို ချစ်ရဲ့သားနဲ့ အိပ်ပျော်နေမှ နမ်းရဲကျတယ် ကိုယ့်သားသမီးရှေ့မှာ
ဆိုရင် မျက်နှာတည်ကြီးနဲ့ တစ်ခုခုဆို ကြောက်အောင်ပြောဖို့ တုတ်ဆွဲရိုက်ဖို့ ၀န်မလေးတတ်ကျဘူး။ 
 
အဲဒီအခါ ကလေး စိတ်ထဲမှာ ငါ့မိဘက ငါ့ကို မချစ်ဖူး ငါကိုရိုက်ဖို့ ဆူဖို့ပဲ လုပ်ကျတယ်ငါ့ကိုမုန်းကို မုန်းနေတာ
ပါဆိုတဲ့စိတ်စွဲသွားတယ်။အဲဒီအခါကျတော့ကလေးကမိဘတွေရှေ့မှာတော့ ထိုင်ဆိုထိုင် ထဆိုထ နေတယ်
ဆိုပေမယ့် နောက်ကွယ်ကျရင် လုပ်ချင်ရာလုပ်တတ်တဲ့ ညဉ်းစွဲသွားတတ်တယ်။

တကယ်ကတော့ မိဘကလည်းကိုယ့်သားသမီးကို မချစ်လို့မဟုတ်ပါဘူး လိမ်မာစေချင်လို့ပါ။ ဒါပေမယ့် ကိုယ်
ကချစ်တာကို သားသမီးရှေ့မပြခဲ့တော့ သားသမီးတွေက သူတို့ ကို မုန်းတယ်လို့ ထင်သွားကျတတ်တာ။ က
လေးတွေဟာ ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ စူးစမ်းတတ် သင်ယူတတ်တဲ့ အရွယ်ပါ အဲလို အရွယ်မှာ ခလေး
ကို ကြောက်အောင်လုပ်ဖို့ ထက်နားလည်အောင် ပြောဆိုဆုံးမပြီး ဆုပေးဒဏ်ပေးစနစ်လေလိုနဲ့ ပြောပြတာ
ပိုကောင်းပါတယ်။ 
 
မိဘက ကလေးကို ချစ်တယ်ဆိုတာလဲ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်လေ ကလေးသိအောင်ပြဖို့လိုပါ
တယ် မဟုတ်ရင် ကလေး မိဘက ကိုယ့်ကိုမုန်းနေတယ်ဆိုတဲ့ စိတ်လေး ဆွဲသွားရင် ကလေးစိတ်ထဲမှာ စိတ်
ဒဏ်ရာရပြီး မကောင်းတဲ့ဘက်ကို ဦးတည်သွားတတ်လို့ပါ ........

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စော်ကားတာမပါပါဘူး လိုအပ်နေတာလေးရှိရင်တော့
ဖြည့်ပြီးဖတ်ပေးပါနော် သားသမီးနဲ့ မိဘ ကြားက နားလည်မှု လွဲနေတာလေးကိုပဲ အဆင်ပြေပြီး ခလေးတွေ
ရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ စေတနာနဲ့ ရေးထားတာပါ ...ခလေးရဲ့စိတ်ကို ခံစားနား
လည်နိုင်ပါစေ။

Rose White , RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment