Pages

Tuesday, August 27, 2013

ကျွန်တော့်ဘေးမှား ရှိတဲ့ တန်ဖိုးရှိတဲ့ အမျိုးသမီးများ

RangonNewsDaily:: Aug 27, 2013

ကျွန်တော်မွေးဖွားလာတဲ့ အခါ ကျွန်တော့်ကိုထွေးပွေ့မယ့် အမျိုးသမီးတစ်ယောက် ကျွန်တော့်ဘေးမှာရှိတယ်
- အဲဒါ ကျွန်တော့် အ မေ
@ ကျွန်တော် က လေး တစ်ယောက်အဖြစ် ကြီးပြင်းလာတဲ့ အခါ ကျွန်တော်နဲ့
အ ဖော် လုပ်ပြီး က စား ပေးတဲ့
အမျိုးသမီး တစ်ယောက်
ကျွန်တော့်ဘေးမှာရှိတယ်
- အဲဒါ ကျွန်တော့်ညီ မ လေး
@
ကျွန်တော် ကျောင်းသွားတဲ့အခါ
ကျွန်တော်ကို
စာတတ်မြောက်အောင် သင် ပေး မယ့်
အမျိုးသမီး တစ်ယောက်
ကျွန်တော့်ဘေးမှာရှိတယ်
-အဲဒါ ကျွန်တော့်ဆရာမ
@
ကျွန်တော် စိတ်ဓာတ်တွေကျ
ဘဝမှာ အကျအရှုံးတွေများ ရှိလာတဲ့အခါ ကျွန်တော့ပခုံးကို ကိုင်ပြီး အားပေးစကားဆိုမယ့်
အမျိုးသမီးတစ်ယောက်
ကျွန်တော့်ဘေးမှာရှိတယ်
- အဲဒါ ကျွန်တော့်ချစ်သူ
@
ကျွန်တော့်နှလုံးသားက အချစ်တွေတောင်းဆိုလာတဲ့အခါ
ကျွန်တော်နဲ့ လိုက်ဖက်သင့်တော်မယ့်
အဝတ်အစား တွေ ကျွန်တော်ကြိုက်တတ်တဲ့
အစားအ သောက်တွေနဲ့အတူ
အမြဲတမ်း အ ဖော်လုပ်ပေးမယ့်
အမျိုးသမီးတစ်ယောက်
ကျွန်တော့်ဘေးမှာရှိတယ်
-အဲဒါ ကျွန်တော့်ဇနီး
@
ကျွန်တော် နူးညံ့လာအောင်
ကျွန်တော့် နှလုံးသားကို
အရည်ပျော်ကျလာတဲ့ အထိ
ကိုင် လှုပ် နိုင် စွမ်းရှိတဲ့
အမျိုးသမီးတစ်ယောက်
ကျွန်တော့်ဘေးမှာရှိတယ်
- အဲဒါ ကျွန်တော့်သမီးလေး

ယောင်္ကျားတိုင်း အမျိုးသမီးတွေကို တန်ဖိုးထားတတ်ကြပြီး

အမျိုးသမီးများကလည်း ကိုယ် ရရှိထားတဲ့ဖြုစင်တဲ့ မိန်း က လေး ဘဝကို တန်ဖိုးထားပြီးဂုဏ်ယူတတ်ပါစေ

သော်တာမောင်
RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment