Pages

Tuesday, August 27, 2013

ယနေ့ နေ့လည်(၂)နာရီခန့်က ပုဒ်မ (၁၈) ဖျက်သိမ်ရေး စီတန်းဆန္ဒပြပွဲတခုကို ရန်ကုန်မြို့တွင်


RangonNewsDaily:: Aug 27, 2013
ပုဒ်မ(၁၈)ကို ရှုတ်ချဆန္ဒပြတာ ဖြစ်တယ် ဒါကြောင့် ခွင့်ပြုချက်ယူစရာ မလိုဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ယုံကြည်တယ်၊ ယုံကြည်လို့လည်း စီတန်းလှည့်လည်တယ်၊ မိမိရဲ့ ဆန္ဒကို ထုတ်ဖော်တယ်’’ ဟု ပြည်သူတစ်ဦးဖြစ်သူ ကိုစည်သူက မြန်မာမွတ်စ်လင်မ်မီဒီယာသို့ ပြောသည်။ ၎င်း ပုဒ်မ(၁၈) ရှုတ်ချ ဆန္ဒပြပွဲကို ယနေ့ နေ့လည်(၂)နာရီခန့် မြေနီကုန်းက စတင်ပြီး နယ်မြေခုနှစ်ခု ကျော်ဖြတ်၍ မြို့တော်ခန်းမရှေ့ထိ ဆန္ဒထုတ်ဖော် ခဲ့သည်။

“ကျွန်တော်တို့ နယ်မြေခုနှစ်ခုကို ဖြတ်ကျော်ခဲ့တယ်၊ မြေနီကုန်း အာဏာပိုင် ရဲ အရာရှိတွေရဲ့ အမေးကိုခံရတယ်၊ အဲ့ကနေ တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေး မေးမြန်းခံရတယ်၊ အခုကျွန်တော်တို့ကို လာရောက်ဖမ်းလို့ လိုက်သွားရတော့မယ်’’ ဟု ကိုစည်သူက ထပ်မံပြောသည်။

ယင်းဆန္ဒပြပွဲတွင် လူအင်အား (၅၀) ကျော်ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ဟာ သမ္မတ ဦးသိန်းစိန်ကိုလည်း တိုက်ရိုက် စကားပြောနိုင်တာ မဟုတ်သလို၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရရွှေမန်းကိုလည်း တိုက်ရိုက်စကား မပြောနိုင်ဘူး၊ ဒီနေ့ ပြည်သူ့အသံကိုတော့ လွှတ်တော်ထိရောက်မယ်လို့ ကျွန်တော်ထင်တယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ယနေ့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြလှည့်လည် မှုတွင် 
 
(၁)။ ပြည်သူကို အကျိုးမပြုသော ဥပဒေများ ဖျက်သိမ်းရေးနှင့် အတည်မပြုရေး။ ပုဒ်မ(၁၈) / ပုဒ်မ(၅၀၅-ခ)။ 

(၂)။ အလုပ်သမား အရေး၊ လူအခွင့်အရေး လှုပ်ရှားမှုကြောင့် မတရား ဖမ်းဆီး တရားစွဲဆိုထားသူများအား ချက်ချင်းလွှတ်။ 

(၃)။ ပုဒ်မ(၁၈) ဖြင့် မတရား ဖမ်းဆီးထောင်ချ တရာစွဲဆိုသူများအား လွှတ်ပေး။ 

(၄)။ ဒီမိုကရေစီ အစိုးရမှန်လျှင် လွတ်လပ်စွာ ဆန္ဒပြခွင့်ကို မချုပ်ချယ်ပါနှင့်။

(၅)။ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၉)၊ လူတိုင်းမိမိတို့ ဆန္ဒကို လွတ်လပ်စွာ တင်ပြခွင့်ရှိသည်။ 

(၆)။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈) ဖျက်သိမ်းရေး။ 

(၇)။ မတရား ဥပဒေ စိုးမိုးရေး အမျိုးသား အခွင့်အရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရေးတို့ ဖြစ်သည်။

“ဒီပုဒ်မ (၁၈) ကိုမဖျက်သိမ်းသရွေ့ ထပ်ပြီး ဆန္ဒဖော်ထုတ်နေဦးမှာပဲ ဒီအတွက်နဲ့ (၃) ကြိမ်တိတိ ထိန်းသိမ်းခြင်း ခံရပြီးပြီး’’ ဟု ပြည်သူတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ပြောသည်။

အဆိုပါပုဒ်မ (၁၈) ဖျက်သိမ်ရေး စီတန်းဆန္ဒပြပွဲတွင် ဆိုင်းဘုတ်ကိုင် ကိုစည်သူ ခေါင်းဆောင်၍ ကျန်သူများပါ ပန်းဘဲတန်း ရဲစခန်းက လာရောက် ထိန်းသိမ်းသွားခဲ့သည်။
 
မြန်မာမွတ်စ်လင်မ် မီဒီယာ , RangonNewsDaily
kolatt (Pabedan): 27.8.2013
 

0 comments:

Post a Comment