Pages

Tuesday, August 27, 2013

၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင် စာ မေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများ စက်တင်ဘာ ၂ရက်တွင် စတင်ထုတ်ယူနိုင်

RangonNewsDaily:: Aug 27, 2013

၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင် စာ မေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများ ကို စက်တင်ဘာ ၂ ရက်၌ စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ လျှောက်လွှာပုံစံ များကို အစိမ်းရောင်နှင့် ပန်းရောင် ဟူ၍ အရောင်နှစ်မျိုးခွဲခြားထား ပြီး ဓာတု၊ ရူပဘာသာရပ်များဖြင့် တွဲသော ဘာသာတွဲအမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈ များအတွက် အ စိမ်းရောင်သတ်မှတ်ထားပြီး ဝိဇ္ဇာ သီးသန့်နှင့် ပထဝီဝင်၊ သမိုင်း ဘာ သာရပ်များဖြင့်တွဲသော ဘာသာ တွဲ အမှတ်စဉ်၂၊ ၃၊ ၄ များအ တွက် ပန်းရောင် ခွဲခြားသတ်မှတ် ထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မြစ် သားမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ရာတွင် ယင်းတို့အနေဖြင့် ဖြေဆို မည့် ကျောင်းတွင်းပြင်ပ ကျောင်း သားဦးရေများကို စာရင်းပြုစုနေ ပြီဖြစ်ကြောင်း၊ ယခင်ကထက် အရေအတွက် များနိုင်ကြောင်း၊ ပြင်ပဖြေများအနေဖြင့် မြို့နယ် ပညာရေးမှူးရုံးများသို့ စက်တင် ဘာ ၂ ရက်မှ ၃၀ ရက်အတွင်း တိုက်ရိုက် စာရင်းသွင်းရမည်ဖြစ် ကြောင်း၊ တွဲဖက်ကျောင်းများနှင့် ကျောင်းခွဲများအနေဖြင့် ပင်မ ကျောင်းများသို့ စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များအနေဖြင့် ဖြေဆိုရန် လျှောက် လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေး ပွဲဝင်ကြေးအတွက် ကျောင်းအုပ် ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်းတံဆိပ်ခေါင်း များ ဝယ်ယူပြီး လျှောက်လွှာတစ် စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး သို့ စက်တင်ဘာ ၂ ရက်မှ အောက် တိုဘာ ၁၅ ရက်အတွင်း အချိန် မီပေးပို့ရမည်ဖြစ်ကြောင်း၊ စာမေး ပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ် ပြားတွင် ဖော်ပြပါရှိသည့် ဘာ သာတွဲသာ ဖြေဆိုရမည်ဖြစ်သော ကြောင့် မှန်ကန်စွာ ဖြည့်သွင်းရ မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြပါရှိသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ''အလွတ်ဖြေများ အတွက် မြို့နယ်ပညာရေးမှူးရုံး တွေမှာ ရောင်းပေးမှာပါ။ တံဆိပ် ခေါင်းတွေရော၊ ဖောင်တွေရော အကုန်လုံးပါ။ အချိန်ကတော့ ဒါ ပုံမှန် ရောင်းပေးနေကျပါပဲ''ဟု ပြောသည်။

ယမန်နှစ်က မြန်မာတစ် နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူစုစုပေါင်း ငါးသိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရ သည်။

Yangon Media Group , RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment