Pages

Tuesday, August 27, 2013

ဆီးရီးယားအား စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် အမေရိကန်ကို ရုရှားသတိပေး

RangonNewsDaily:: Aug 27, 2013

ဆီးရီးယားအစိုးရအား စစ်ရေးအရ အရေးယူဆောင်ရွက်ပါက “၀မ်းနည်းစရာ အမှားအယွင်း တစ်ခု” ဖြစ် လာလိမ့်မည်ဟု ရုရှားက သတိပေးလိုက်ကြောင်း သြဂုတ် ၂၆ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြ ထားသည်။ဏ္ဍ ဆီးရီးယားနိုင်ငံသည် ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရလဒ်များကို မစောင့်ဆိုင်းဘဲ၊ လက်ဦးမှုရယူကာ စစ်ရေးအရ ဆောင်ရွက်ခြင်းမပြုကြရန် အနောက်နိုင်ငံများအား ရုရှားက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက အီရတ်အားကျူးကျော်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာတွင်၊သမိုင်း တစ်ပတ်ပြန်လည်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ရုရှားအစိုးရကသတိပေးခဲ့ပြီး မဆင်မခြင် ဆုံးဖြတ် မှုများကို ရှောင်ကြဉ်ရန်လည်း ရုရှားက အမေရိကန်ကို တိုက်တွန်းခဲ့သည်။ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ အီရတ်ကို တိုက်ခိုက်ခဲ့စဉ်ကလည်း ရုရှားက ဆန့်ကျင်ခဲ့သည်။

“ကုလသမဂ်္ဂ ကျွမ်းကျင်သူတွေရဲ့ ရလဒ်တွေထက်၊ ကိုယ်ပိုင်ရလဒ်တွေ သွတ်သွင်းဖို့ ကြိုးစားနေကြပြီး၊ ဆီးရီးယားအပေါ်မှာ ကိုယ်ပိုင် အထင်အမြင်တွေနဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ အခွင့်အလမ်း ရှာ နေကြတဲ့သူတွေအနေနဲ့ ၀မ်းနည်းစရာ အမှားအယွင်းတစ်ခုကို ဏ္ဍမကျူးလွန်မိအောင် ချုပ်တည်းကြဖို့ ကျွန် တော်တို့ ပြင်းပြင်းထန်ထန် သတိပေးချင်ပါတယ်” ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူ အလက်ဇန္ဒားလူကပ်ရှီဗစ် (Alexander Lukashevich) က ကြေညာချက်တစ်စောင်ထဲတွင် ဆိုခဲ့သည်။

“လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုလောက်က၊ အမေရိကန်ဟာ ကုလသမဂ္ဂကို ဂရုမစိုက်ခဲ့ဘဲ၊ အီရတ်ဟာအဖျက် စွမ်းအားကြီးတဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သတင်းအမှားအပေါ်အခြေခံပြီး စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့တာမျိုးနဲ့၊ အခုအဖြစ်အပျက်က ဆင်တူယိုးမှား ဖြစ်နေပါတယ်။ ဏ္ဍအကျိုးဆက်တွေကတော့ အား လုံးသိတဲ့ အတိုင်းပါပဲ” ဟု သူက ဆိုခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်တို့ ဦးဆောင်သည့်တပ်ဖွဲ့များ အီရတ်ကို ကျူးကျော် တိုက်ခိုက်ခဲ့ကြသောကြောင့်၊ အီရတ်တွင် ကြာရှည်စွာ အုပ်စိုးခဲ့သည့် အာဏာရှင် ဆက်ဒမ်ဟူစိန် ကို ၂၀၀၃ ခုနှစ်တွင် ရာထူးအာဏာမှ ဖြုတ်ချနိုင်ခဲ့သည်။

အဖျက်စွမ်းအား ကြီးမားလှသည့် လက်နက်များကို ဆက်ဒမ်ဟူစိန်ပိုင်ဆိုင်ခဲ့ကြောင်း သံသယရှိခဲ့ကြသော် လည်း၊ ကုလသမဂ္ဂအဖွဲ့က စစ်ဆေးသောအခါ ထိုလက်နက်များ မတွေ့ခဲ့ရပေ။ သို့ရာတွင် အီရတ် အာ ဏာရှင် ဆက်ဒမ်ဟူစိန်သည် ဏ္ဍဓာတုဗေဒလက်နက်များကို အသုံးပြုခဲ့သည်ဟု လူသိများခဲ့သည်။

ဆီးရီးယားတွင် ရောက်ရှိနေကြပြီဖြစ်သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများအနေဖြင့် တနင်္လာနေ့တွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ထိပ်တန်း ကုလသမဂ္ဂအရာရှိ Angela Kane ဆီးရီးယားသို့ လာရောက်ခဲ့စဉ်အတွင်းတွင် ဆီးရီးယားအစိုး ရက ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့အား လုပ်ကိုင်ခွင့်ပေးရန် တနင်္ဂနွေနေ့က သဘောတူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က၊ အာရုံကြော အဆိပ်သင့်ရောဂါ လက္ခဏာများဖြင့် လူ ၃၅၅ ဦး သေဆုံးသွားခဲ့သည် ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဆိုသည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ဒမတ်စကတ်မြို့ အရှေ့ဘက် နှင့် အနောက်တောင်ဘက်တို့တွင် ဓာတုလက်နက်များ အသုံး ပြုကာ တိုက်ခိုက်ခဲ့သောကြောင့် လူ ၁၃၀၀ ကျော် သေဆုံးသွားခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲထား ကြသည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan): 27.8.2013

0 comments:

Post a Comment