Pages

Tuesday, April 1, 2014

"ကိုယ်ကိုယ်တိုင် ကြော်ငြာပြီး ပြည်ပကို ထိုးဖောက်တော့မယ့် ဖြူဖြူကျော်သိန်း"


RangonNewsDaily: April . 1 .2014
ပြည်တွင်း ဖျော်ဖြေပွဲတွေ တောက်လျှောက် သွားဖြစ်နေတဲ့ တေးသံ ရှင် ဖြူဖြူကျော်သိန်း က ဧပြီ ၆ ရက်နေ့ စင်ကာပူမှာ နီနီခင်ဇော် နဲ့ အတူ ဖျော်ဖြေ ပွဲတစ်ခု သွားရောက် ဖို့ရှိပြီး ဧပြီလ ၁ဝ ရက်နေ့ မှာတော့ ဖြူဖြူကျော်သိန်း က ဟောင်ကောင်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ် ဖို့ရှိတယ်လို့ သိရပါ တယ်။

သတင်းထောက်များအား ရဲသတင်းပေးများက ကိုယ်ထိလက်ရောက် တားဆီးမှု တိုင်းအစိုးရကို တင်ပြမည်

RangonNewsDaily: April . 1 .2014
မန္တလေး(မဇ္ဈိမ)။ ။ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို မကျေနပ်၍ ဆန္ဒပြသည်ကို သတင်းယူနေသောသတင်းထောက်များအား အရပ်ဝတ်ဖြင့် ရဲသတင်းပေးများက ကင်မရာများပုတ်ချပြီး ကိုယ်ထိလက်ရောက် တွန်းထိုးတားဆီးသဖြင့် မန္တလေးတိုင်း အခြေစိုက်သတင်းထောက်များက လက်မှတ်ထိုး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတိုင်ကြား သွားမည်ဟု မန္တလေးခေတ် အယ်ဒီတာချုပ် ဦးမင်းဒင်က မဇ္ဈိမကို ပြောသည်။

ချန်ပီယံလိဒ်မှာ မန်ယူအသင်းဟာ အန္တရာယ်ကြီးတဲ့ အသင်းအဖြစ် ဘေယန်နည်းပြ ဂွါဒီယိုလာက ပြောဆို


RangonNewsDaily: April . 1 .2014
မန်ယူအသင်းဟာ ပရီးမီးယားလိဒ်မှာ အခြေအနေမကောင်းပေမယ့် ချန်ပီယံလိဒ်ကို ပိုမိုအာရုံစိုက်နေတဲ့အတွက် အန္တရာယ်တော်
တော်ကြီးတဲ့အသင်းတသင်းအဖြစ် ခြိမ်းခြောက် နေတုန်းပဲလို့ မတ် ၃၁ ရက်နေ့ လန်ဒန်မြို့မှာ ပွဲမကစားခင် တရက်အကြို ဘေယန်
နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

မိကျောင်းကန်မြေ လုံးဝ ပြန်ပေးမည်မဟုတ်ဟု တပ်စည်ပင်မှ ဒုတိယရဲမှူးကြီးသက်နိုင် ပြော


RangonNewsDaily: April . 1 .2014
၁၉၉၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ရှိမြေများအား လုံးဝ ပြန်ပေးမည်မဟုတ်ဟုတပ်စည်
ပင်မှ ဒုတိယရဲမှူးကြီး သက်နိုင်က ပြောသည်။

သမီးကလေးကျေးရွာသားတချို့ ဒီကေဘီအေနယ်မြေမှာ သွားနေမည်

သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်
RangonNewsDaily: April . 1 .2014
စစ်တပ်ပိုင်မြေမှာ ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာအပါအ၀င် ဖျက်စီးခံရတဲ့ရွာက ရွာသားသုံးရာခန့်ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နယ်မြေမှာ ပြောင်းရွေ့နေထိုင်မှာဖြစ်ပါတယ်။

လူအင်အားထောင်ချီပြီး မင်းကင်းမြို့နယ်တွင် ဖွဲ့စည်းပုံပြင်ရန် ဆန္ဒဖေါ်ထုတ်မည်

RangonNewsDaily: April . 1 .2014
လာမည့် ဧပြီလ ၁၁ရက်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈ ရွာမှ ဒေသခံများက ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု ဒေသခံများကို မဇ္ဈိမကိုပြောသည်။
ဒေသခံအင်အားငါးထောင်ဖြင့် ဆန္ဒထုတ်ဖေါ်ရန် မြို့နယ်ရဲစခန်းသို့ ခွင့်ပြုချက်တောင်းခံထားပြီး ခွင့်မပြုပါကလည်း အစီအစဉ်ဖျက် သိမ်းမည်မဟုတ်ဟု ဆန္ဒပြရန် ခေါင်းဆောင်သူ ဦးကျော်မင်းထွဋ်က ပြောသည်။

မန်းမြို့လယ်ခေါင်တွင် သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ သော မူးယစ် ဆေးဝါးအမှုမှကွင်းဆက်တရားခံတစ်ဦး ထွက် ပြေးလွတ်မြောက်နေဆဲ

RangonNewsDaily: April . 1 .2014
ယမန်နေ့ ညနေ ၆ နာရီခွဲတွင်မန္တလေးမြို လယ်ခေါင်၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားOK ဖုန်းဆိုင် ရှေ့တွင်မူးယစ် ရဲတပ် ဖွဲ့က သေနတ် ပစ် ခတ်ပြီး ဖမ်းဆီး ခဲ့ရ သော မူးယစ် ဆေးဝါးအမှုမှကွင်းဆက်တရားခံတစ်ဦး မှာ ထွက် ပြေးလွတ် မြောက် နေ ဆဲဖြစ် မန္တလေးတိုင်း ဒေသကြီးရဲတပ် ဖွဲ့မှုးရုံးမှသိ ရသည်။မူးယစ် ရဲတပ် ဖွဲ့က ကားဘီးကို ပစ် တာ ပါ ။အပြန်အလှန် နှစ် ဖက် ပစ်တာ မဟုတ်ပါဘူး။မောင်း ပြေးသွားတဲ့ကားက တော့ ဖမ်းလို့ မမိသေးပါဘူး ။

အိမ်အကူကို ဆီပူအိုးထဲ နှစ်ပြီး နှိပ်စက်သည့် သရုပ်ဆောင် ဇနီးမောင်နှံ တရားစွဲခံရ

ပုသိမ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မထက်ထက်အား တွေ့ရစဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
RangonNewsDaily: April . 1 .2014
အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

မြန်မာအလုပ်သမား ၂၅ ဦးပါ ကားတစ်စီး မတော်တဆ ထိခိုက်မှုဖြစ် ၁ ဦး သေဆုံး


RangonNewsDaily: April . 1 .2014
ထိုင်းနိုင်ငံတောင်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး သစ်ပင်နဲ့ ၀င်ဆောင့်မိ
တာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လက်ရေးစာ ရေးသားတဲ့လုပ်ငန်း ပျောက်ကွယ်တော့မည်


kolatt(PBDN): April . 1 .2014
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လက်ရေးစာ ရေးသားခြင်းဟာ ရေပန်းစားတဲ့ အလုပ်တခုပါ။စာမတတ်ကြ
တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ ဇာတိမြေက မိသားစုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီကို စာပို့ဖို့အတွက် သူတို့ ပြောချင်
တာကို စာရွက်ပေါ် ရေးပေးတဲ့ နေရာမှာတောင် တန်းစီစောင့်ခဲ့ကြရပါတယ်။