Pages

Tuesday, April 1, 2014

လူအင်အားထောင်ချီပြီး မင်းကင်းမြို့နယ်တွင် ဖွဲ့စည်းပုံပြင်ရန် ဆန္ဒဖေါ်ထုတ်မည်

RangonNewsDaily: April . 1 .2014
လာမည့် ဧပြီလ ၁၁ရက်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈ ရွာမှ ဒေသခံများက ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု ဒေသခံများကို မဇ္ဈိမကိုပြောသည်။
ဒေသခံအင်အားငါးထောင်ဖြင့် ဆန္ဒထုတ်ဖေါ်ရန် မြို့နယ်ရဲစခန်းသို့ ခွင့်ပြုချက်တောင်းခံထားပြီး ခွင့်မပြုပါကလည်း အစီအစဉ်ဖျက် သိမ်းမည်မဟုတ်ဟု ဆန္ဒပြရန် ခေါင်းဆောင်သူ ဦးကျော်မင်းထွဋ်က ပြောသည်။“အခြေခံဥပဒေကို ဘာကြောင့် ပြင်သင့်လည်းဆိုတာတွေကို ဟောပြောမယ်။ နောက်ပြီး ဆန္ဒဖေါ်ထုတ်ပြီးရင် အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်သွားမယ်” ဟု ၎င်းက ဆိုသည်။

လူအင်အား ငါးထောင်ဖြင့် ဆန္ဒပြရန် တောင်းဆိုမှုကို လုံခြုံရေး အပြည့်အဝမပေးနိုင်မှာ စိုးသည့်အတွက် အင်အားလျှော့ပြီး ခွင့်ပြုပေးသင့်၊ မသင့်ကို နှစ်ရက်အလိုတွင် အကြောင်းပြန်ပေးမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ ဦးသန်းဇော်မြင့်ကလည်း ရှင်းပြခဲ့သည်။

“ကျနော်တို့အနေနဲ့ ဥပဒေဘောင်ထဲကနေပဲ လုပ်သွားမယ် ။ ဆန္ဒပြတာနဲ့ ပါတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူး” ဟု ၎င်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမည့် မင်းကင်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်မွှေးလွင်၏ မဲဆန္ဒနယ် ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရန် နိုင်ငံအဝှမ်းရှိ မြို့ကြီးများအပြင် နယ်မြို့များမှာပါ ဆန္ဒထုတ်ဖေါ်ပွဲများ မကြာခနပြုလုပ်လျက် ရှိနေသည်။

Mizzima - News  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment