Pages

Tuesday, April 1, 2014

မန်းမြို့လယ်ခေါင်တွင် သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ သော မူးယစ် ဆေးဝါးအမှုမှကွင်းဆက်တရားခံတစ်ဦး ထွက် ပြေးလွတ်မြောက်နေဆဲ

RangonNewsDaily: April . 1 .2014
ယမန်နေ့ ညနေ ၆ နာရီခွဲတွင်မန္တလေးမြို လယ်ခေါင်၁၉ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားOK ဖုန်းဆိုင် ရှေ့တွင်မူးယစ် ရဲတပ် ဖွဲ့က သေနတ် ပစ် ခတ်ပြီး ဖမ်းဆီး ခဲ့ရ သော မူးယစ် ဆေးဝါးအမှုမှကွင်းဆက်တရားခံတစ်ဦး မှာ ထွက် ပြေးလွတ် မြောက် နေ ဆဲဖြစ် မန္တလေးတိုင်း ဒေသကြီးရဲတပ် ဖွဲ့မှုးရုံးမှသိ ရသည်။မူးယစ် ရဲတပ် ဖွဲ့က ကားဘီးကို ပစ် တာ ပါ ။အပြန်အလှန် နှစ် ဖက် ပစ်တာ မဟုတ်ပါဘူး။မောင်း ပြေးသွားတဲ့ကားက တော့ ဖမ်းလို့ မမိသေးပါဘူး ။
ဆက် လက်ပြီးတော့ ပူးပေါင်းစစ်ဆေးမှုတွေပြုလုပ် သွားမှာပါ ဟု တိုင်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန် ရှိသူ တစ် ဦးက ပြောသည်။

ဖမ်းဆီးရမိထားသော သူတစ် ဦး၏ ထွက် ဆိုချက် အရ ကားမောင်းနှင် ပြီးထွက် ပြေးသွားသော သူသည် လက် နက်ခဲယမ်းများ ကိုင် ဆောင်လေ့ ရှိ ကြောင်း ရဲမှတ်တမ်း အရသိ ရသည်။

မတ်၃၀ ရက် နေ့ ည နေ ပိုင်းက ရဲတပ် ဖွဲ့ ၀င် များသည် သတင်း အရ မူးယစ် ဆေးဝါး ရောင်းချသူ အားဖမ်းဆီးရမိ ဖို့  ၀ယ်လက် ဟန် ဆောင် ပြီးချိန်းဆို စောင့် ဆိုင်း နေ ခဲ့ကြောင်း၊ ရောင်းချမည့်သူသည် ၂ဃ /--- crown နက်ပြာ ရောင် ယာဉ်ဖြင့် ရောက် ရှိလာပြီးရဲ မှတားဆီးစဉ် ကားဖြင့် ပွတ်ဆွဲပြီး ထွက် ပြေးသွားခဲ့ကြောင်း ကားရပ်တန့် သွားစေ ရန် အတွက် ခြောက် လုံးပြူးဖြင့် ခြောက် လှန့်  ပစ်ခတ် ခဲ့ပြီး ကားနောက် သို့ ထပ် ကျပ် မကွာ လိုက် ခဲ့သော် လည်း မန်းလေး တောင် ခြေ အ ရောက် တွင် မျက် ခြေ ပြတ်သွားခဲ့ကြောင်း ဖမ်းဆီးရ မိ ရေး အတွက် မြို့ဝင် မြို့ထွက် ဂိတ်များ ဆက် စပ် မြို့နယ်များ ဆက် စပ် ခရိုင် များ သို့ သတင်းပေးပို့ ပြီး ပိတ်ဆို့ ရှာ ဖွေ္စ စစ် ဆေးနေ ကြောင်း သိ ရသည် ။

ထို အမှုအတွ က် သက် ဆိုင် ရာ ရဲစခန်း မှာ မယ(ပ )၈/၂၀၁၄ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ အရ နှင့် မယ/( ပ)၉ /၂၀၁၄ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)၂၁ အရ အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက် တရားခံ ဖမ်းမိရန့် ဆောင် ရွက် နေ ကြောင်း သိ ရသည်။

Popular Myanmar  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment