Pages
Friday, August 2, 2013
ယနေ့ည ၉း၄၅မိနစ်ခန့်က ရန်ုကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
RangonNewsDaily:: Aug 2, 2013
ရန်ုကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန် ဦးတရုတ်ကြီးလမ်း အမှတ် (၂၇၉) ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွာေးနကြောင်း သိရသည်။
အင်တာနက်ဆက်ကြောင်းသစ် Sea Me We 5 ချိတ်ဆက်မှု နှစ်နှစ်ခန့်ကြာနိုင်
RangonNewsDaily:: Aug 2, 2013
ပြည်တွင်းတွင် အသုံးပြုရန်အတွက် အင်တာနက်ဆက်ကြောင်းသစ် Sea Me We 5 ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းတစ်ခုကို ထပ်မံချိတ်ဆက်သွားရန် စီစဉ်ထားရာ ပြီးစီးမှုအတွက် အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။
ဆီးရီးယားတွင် လက်နက်တိုက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၀ ဦးသေဆုံး
:LIFE HAS FEW SIMPLE RULES:
:LIFE HAS FEW SIMPLE RULES:
Kolatt :: Aug 2, 2013
Rule 1:
Always thanks to ALLAH, no matter how sad you are or how happy you are.
Rule 2:
Always believe in your self, no matter how many times you have failed.
Rule 3:
Never judge your self on the basis of other's comments/critics.
Rule 4:
Always be a good listener, but take decisions on the basis of pure logic.
Rule 5:
The last but not least, always be motivated. Because it is the key 2 a successful life!
Dr Zakir Naik
Share This Islamic Post as sadqa-e-jariya ( everlasting charity). if someone acts on this information, you will be benefited too IN SHA ALLAH.
RangonNewsDaily:: Aug 2, 2013
Rule 1:
Always thanks to ALLAH, no matter how sad you are or how happy you are.
တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ
တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ
Kolatt :: Aug 2, 2013
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီ မြို့နယ်သည်
မိုးများအဆက် မပြတ် ရွာသွန်းရွာသွန်းမှု ကြောင့် သြဂုတ်လ (၁)ရက် ညနေ(၆)နာရီတွင် တနင်္သာရီ မြစ်ရေသည် သာမန်မြစ်ရေ အထက်(၂၃.၅) ပေ အထိ
ဆက်လက် မြင့်တက်လျက် ရှိသည်။
 ချောင်းကြီးရပ်ရွှေလိပ်ပြာလမ်းတွင် (၆)ပေကျော်နှင့် ချောင်းငယ် ရပ်ကွက် တွင် (၆.၂)ပေခန့် မြင့်တက်နေပြီး လူနေအိမ် (၂၀၂)လုံး ရေနစ်မြုပ်လျက် ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။
အထက-(တနင်္သာရီ) ကျောင်းဝင်းအတွင်းတွင် မြစ်ရေ(၃)ပေခန့်
မြင့်တက် နေသဖြင့် ယနေ့မှစ၍ မြစ်ရေ ပြန်ကျသည် အထိ
ကျောင်းပိတ် ထားလိုက် ရသည်။ အဆိုပါ မြစ်ရေ ဆက်လက် မြှင့်တက်လျက် ရှိသော ကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများ မှ ကျောင်းသား/သူများ သွားလာရန် ခက်ခဲပြီး အန္တရာယ်ရှိနိုင်သ ဖြင့် ကျောင်းများ လည်း ခေတ္တပိတ်ထားလျက် ရှိသည်။
မြိတ်- တနင်္သာရီ- ကော့သောင်း ပြည်ထောင်စု လမ်းမကြီး တွင်လည်း ကားလမ်း ရေကျော်မှုများ ဖြစ်ပေါ် လျက်ရှိရာ သြဂုတ်လ(၁)ရက် ညနေ(၆)နာရီတွင် မိုင်တိုင်အမှတ် (၄၁/၄)နှင့် (၄၁/၅)တွင် (၂)ပေ၊ (၄၆/၆)နှင့် (၄၇/၀)တွင် (၅)ပေ၊ (၄၈/၃)နှင့် (၄၈/၆)တွင် (၅)ပေ၊(၅၂/၃)နှင့် (၅၂/၇)တွင် (၇.၆)ပေ ဖြင့် လမ်းပေါ် ရေကျော် လျက်ရှိသဖြင့် မော်တော်ယာဉ်များဖြင့် သွားလာရခက်ခဲလျက် ရှိသည်။
ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွေ့ နေထိုင်လျက်ရှိသော
ပြည်သူများအား တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ကိုယ်စား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ တို့က သြဂုတ်(၁)ရက်နေ့ နေ့လည်(၂း၃၀)နာရီ အချိန် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်း ဂရုစိုက်ကြရန် အားပေးစကား ပြောကြားပြီး ခြင်ထောင်၊စောင်၊ လုံချည်၊ စားသုံးဆီ ၊ မာမား ခေါက်ဆွဲနှင့် ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ 
ထို့အတူ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်လွင် က ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ဆန်၊ဆီ၊ ခေါက်ဆွဲ ခြောက်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
မြိတ်ပုလဲမြေ
RangonNewsDaily:: Aug 2, 2013
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်တနင်္သာရီ မြို့နယ်သည်မိုးများအဆက်မပြတ်ရွာသွန်းရွာသွန်းမှု ကြောင့်
 သြဂုတ်လ (၁)ရက် ညနေ(၆)နာရီတွင် တနင်္သာရီ မြစ်ရေသည် သာမန်မြစ်ရေ အထက်(၂၃.၅) ပေ အထိ
ဆက်လက် မြင့်တက်လျက် ရှိသည်။
လသာမြို့နယ်တွင် နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီးအရင်း များကို အမှုဖွင့်
RangonNewsDaily:: Aug 2, 2013
သူမအပြင်သို့ မထွက်နိုင်ရန် တံခါးပိတ်ထားသည်ဟုဆိုကာ မိခင်ဖြစ်သူက သားသမီးအရင်း သုံးဦးကို ဇူလိုင် ၃၁ ရက်က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဖြစ်ပွားပုံမှာ မိခင်ဖြစ်သူသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ တရားရုံး၌ အမှုရင်ဆိုင်ရန် ခရီးထွက်မည်ကို သားသမီးများက မသွားရန် တားဆီးသည့်အနေဖြင့် နေအိမ်ခန်းအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ကိုယ်မသိတဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်လာသူဘယ်သူလဲ ရှာဖွေကြည့်ရအောင်...
ဒီနည်းက မြန်မာနိုင်ငံရဲ့ဖုန်းနဲ့ အဆင်ပြေ၊ မပြေ မသိရသေးပေမယ့် စမ်းသပ်သင့်တဲ့နည်းလမ်းမို့ အားလုံး
သိအောင် တင်ပေးလိုက်ပါတယ်.. Online နဲ့တွဲသုံးတဲ့ဖုန်းဆိုရင်တော့ ရကောင်းရနိုင်တဲ့ နည်းဖြစ်ပါတယ်.. ခုလေးပဲ ဖတ်ပြီး တင်ပေးလိုက်တာပါ..
မင်းဓမ္မပန်းခင်းဈေးခြံစည်းရိုးခတ်စဉ် မြို့တော်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွား
မင်းဓမ္မပန်းခင်းဈေးခြံစည်းရိုးခတ်စဉ် မြို့တော်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွားခဲ့
=======================================
ရန်ကုန်၊ သြဂုတ် ၂    
	မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
	သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။
	၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြား ခဲ့ကြောင်း၊ ၄င်းဈေးမှ ဈေးသည်များ ဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်ေ တာက်ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေ များလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
	ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင်သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆို 
ပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project  မှ မရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး'' ဟု ထပ်လောင်းပြောသည်။
	အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး သွေးထွက်သံယိုမှုမှာ ၅ ဦးရှိ ခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။
	ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီး ရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။	
ထက်ထက်မိုးမြင့်
ရန်ကုန်၊ သြဂုတ် ၂
မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး
ကျွန်တော်တို့ဆီကလွတ်တော်နဲ့ ကွာပါ့ အဆိုတင်သွင်လိုက်ရင် ဘယ်သူမှကန့်ကွက်မှုလဲမလုပ် ထောက်ခံမူလဲမလုပ်နဲ့
နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး
Kolatt :: Aug 2, 2013
ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ လူဦးရေ သိပ်သည်းဆ မြင့်မားလွန်းသော ကျွန်းနိုင်ငံလေးတွင် စွမ်းအင်ပြဿနာအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။
လူဦးရေ (၂၃)သန်းကျော် နေထိုင်သော ထိုင်ဝမ်တွင် (၄)ခုမြောက် ဓာတ်ပေါင်းဖိုကို တည်ဆောက်ရန် သမ္မတ မာယင်ဂျူ၏ အာဏာရ အမျိုးသားရေးပါတီက ဆန္ဒရှိနေသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသော ငလျင်ကြီးကြောင့် ဖူကူရှီးမားမှ ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာနောက်ပိုင်း နျူကလီးယား စွမ်းအင်အပေါ် စိုးရိမ်မှု မြင့်မားလာသည့် အတိုက်အခံ ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီကလည်း ယင်းကို ကန့်ကွက်သည်။
သောကြာနေ့က ဥပဒေပြု ဆွေးနွေးခန်းမတွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူ ပန်းချီကားချပ်ရှေ့ မတ်တပ်ရပ်နေသော ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီဝင်များက စာတန်းများ ကိုင်ဆောင်ကာ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ဆန့်ကျင်ကြသည်။ အမျိုးသားရေး ပါတီ၏ ကိုယ်စားလှယ်များကလည်း ယင်းကို တုံ့ပြန် ဝေဖန်ကြရာမှ ရန်ပွဲပေါ်ပေါက်လာခြင်းဟု သိရသည်။ ပြည်တွင်း ရုပ်မြင်သံကြား ဌာနအချို့က ထိုးကြကြိတ်ကြ ပြေးကြလွှားကြနှင့် ဆူဆူညံညံ ဖြစ်နေသော ဥပဒေပြု ဆွေးနွေးခန်းမ မြင်ကွင်းကို ပြသခဲ့သည်။
ထိုင်ဝမ်တွင် စတုတ္ထမြောက် ဓာတ်ပေါင်းဖိုကို (၁၉၉၇)ခုနှစ်က စတင် တည်ဆောက်ခဲ့သော်လည်း ဒီမိုကရက်တစ် ဖြစ်ထွန်းရေးပါတီ အာဏာရလာသည့်နောက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လုပ်ငန်းခွင် ရပ်ဆိုင်းထားစေခဲ့သည်။ ယခုအခါ ယင်းတားမြစ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် အာဏာရ ပါတီက ကြိုးပမ်းလာပြီး အဆိုပါ အားထုတ်မှု အောင်မြင်ပါက (၂၀၁၆)ခုနှစ်တွင် ဓာတ်ပေါင်းဖို စွမ်းအင်ပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။
အခြေအတင် ဆွေးနွေးမှု ကာလရှည်ကြာ ဖြစ်နေခဲ့ပြီးနောက် သောကြာနေ့ကမူ ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ဌာနများက စုပြုံတွန်းထိုးနေသည့် လူအုပ်ကြီး တစ်စု၏ ပုံများနှင့် ကြမ်းပြင်ပေါ်တွင် အကြိတ်အနယ် နပမ်းသတ်နေသူ နှစ်ဦးတို့၏ ပုံများအပါအဝင် အဆိုပါ ရန်ပွဲကို ပြည်သူများ တွေ့ရှိခွင့်ရရန် ဝေဝေဆာဆာ တင်ဆက်ခဲ့သည်။ ထိုင်ဝမ်သည် တစ်ပါတီ စစ်အုပ်ချုပ်ရေး စနစ်ကို (၁၉၈၇)ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး ယနေ့ အာရှတိုက်တွင် ဒီမိုကရေစီစနစ် အပီပြင်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
Planet Myanmar Network
RangonNewsDaily:: Aug 2, 2013
ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။
“၂၀၁၅ ရွေးကောက်ပွဲ အတွက် တာဝန်ကျေချင်သူ နှုတ်ခမ်းမွှေးပါပါလေး ကွယ်လွန်ပြီ”
RangonNewsDaily:: Aug 2, 2013
မကြောက်တရားများ နယ်လှည့်ဟောကြားနေတဲ့ လူရွှင်တော်နှုတ်ခမ်းမွှေးပါပါလေး ဟာ ယနေ့ တစ်နာရီအ
ချိန်မှာ နေအိမ်တွင် ကွယ်လွန်ခဲ့ပါတယ်။
ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်တောင်းဆို
RangonNewsDaily:: Aug 2, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြန်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။
တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်
RangonNewsDaily:: Aug 2, 2013
ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များ တွင်ယခုနှစ်ပညာသင်နှစ်မှ စပြီးဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်၂၀ အတွက် ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ဦးစီနှင့်တက္ကသိုလ်တစ်ခုတွင်ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌လက်ခံ။
SEA Games တွင် သဘင်ပညာရှင် ၁၅၀ ခန့် အပျိုတော်ယိမ်း ကမည်
အကယ်ဒမီမို့မို့မြင့်အောင်နှင့် အဆိုတော်သုခတို့ တေးသီချင်းကိစ္စ ညှိနှိုင်းရာပြေလည်မှုရရှိ
RangonNewsDaily:: Aug 2, 2013
ငါးထပ်ကွမ်း အကယ်ဒမီမို့မို့မြင့်အောင် နှင့်အဆိုတော်သုခတို့အကြား တစ်ချိန်ကသီဆိုခဲ့သည့် တေးသီ ချင်းများနှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားခြင်းအား မြန်မာနိုင်ငံဂီတအစည်းအရုံးတွင် ဇူလိုင် ၃၀ ရက်က အဆိုတော်သုခနှင့် မို့မို့မြင့်အောင်၏ အကျိုးဆောင် တို့တွေ့ဆုံညှိနှိုင်းရာတွင် ပြေလည်မှုရရှိသွားပြီဖြစ် ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ထူးအောင်ကမဇ္ဈိမသို့ ပြောကြား လိုက်သည်။
နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး
မိန်းကလေးတစ်ဦး၁၈ ထပ်အမြင့်မှ ပြုတ်ကျသော်လည်း အသက်ရှင်