Pages

Friday, August 2, 2013

နောက်ဆို စကားမပြော လောက်တော့ဘူး


RangonNewsDaily:: Aug 2, 2013

လက်ရှိခေတ် ရေစီးကြောင်းကတော့ အရွယ်ရောက်ပြီးသူ တော်တော်များများဟာ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေထိုင်တာမျိုး မရှိတော့ပဲ အင်တာနက် သုံးရင်းဖြစ်စေ ဂိမ်းဆော့ရင်းနဲ့ ဖြစ်စေ အချိန်တွေ ကုန်ဆုံး နေစေပါတယ်။ ဒါဟာ သိပ္ပံခေတ်ရဲ့ ပြောင်းလဲမှုလား ဆိုတာကတော့ စဉ်းစားစရာ ကောင်းနေပါပြီ။

Ofcomလို့ခေါ်တဲ့ လေ့လာရေး အဖွဲ့တစ်ခုရဲ့ ထုတ်ပြန်ချက် အရတော့ ဗြိတိန်လူမျိုး လူငယ်တွေမှာ Smartphoneနဲ့ Tablet သုံးစွဲ မှုတွေ မြင့်တက်လျက် ရှိနေပြီး မိသားစုနဲ့ အတူ တစ်ခန်းထဲမှာ နေရင်းနဲ့တောင်မှ ပြောဆိုဆက်ဆံမှု မရှိပဲ ကိုယ်ပိုင် စက်ပစ္စည်းနဲ့သာ အချိန်တွေ သုံးစွဲ နေကြတယ်လို့ ဆိုပါတယ်။

 နောက်ထပ် ဖော်ပြချက် တစ်ခုမှာတော့ အရ လက်ရှိ အင်္ဂလန်ရဲ့ အိမ်ထောင်စု လေးပုံပုံ တစ်ပုံမှာ အနည်းဆုံး Table တစ်လုံး ရှိနေပြီး နောက်နှစ် ကစပြီး နှစ်ဆခန့် မြင့်တက်သွားမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ နောက်ပြီး ဖုန်းကိုင် ဆောင်မှု အပိုင်း မှာတော့ ၅၁ ရာခိုင်နှုန်းသော လူဦးရေတွေဟာ Smartphoneတွေ ကိုင်ဆောင် ထားကြသလို မိသားစု တစ်ခုမှာ အင်တာနက် ချိတ်ဆက် သုံးစွဲနိုင်တဲ့ စက် ပစ္စည်း သုံးမျိုးစီခန့် ပိုင်ဆိုင်ထား ကြတယ်လို့ သိရပါတယ်။

“အရင်တုန်းကနဲ့ စာရင် TVစောင့်ကြည့်တဲ့ သူတွေက ရာခိုင်နှုန်း ပိုများတယ်၊ လက်ရှိမှာ ၉၁ရာခိုင်နှုန်း လောက်က TVစောင့်ကြည့် နေကြပြီး၊ ဒါဟာ ၂၀၀၂ခုနှစ်ကထက် ၈၈ ရာခိုင်နှုန်း မြင့်တက် လာခြင်း ဖြစ်ပါတယ်”လို့ Ofcomရဲ့ လေ့လာရေး ဒါရိုက်တာ James Thickettက ပြောပါ တယ်။ လက်ရှိမှာ လူငယ် အားလုံးရဲ့ ၇၅ရာခိုင်နှုန်းလောက်က Smartphoneနဲ့Tablet တွေသုံးပြီး TVတွေ စောင့်ကြည့်လေ့ ရှိပါတယ်။ နောက်ပြီး Email သုံးသူတွေက ၂၄ရာခိုင်နှုန်း ရှိပြီး ၁၆ ရာခိုင်နှုန်းက Online Shoppingသုံးလေ့ရှိကာ ၆ ရာခိုင်နှုန်း လောက်ကတော့ အခြားသော သုံးစွဲမှု တွေ လုပ်ဆောင် နေကြတယ်လို့ သိရပါတယ်။

Tabletသုံးသူ တွေထဲက ၂၀ရာခိုင်နှုန်းလောက်ဆိုရင် တစ်ခန်းထဲမှာ အတူ နေသူတွေနဲ့တောင် ပြောဆို ဆက်ဆံမှု မရှိပဲ TVကြည့်ကြတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ကလေးငယ် ၄၉ရာခိုင်နှုန်း လောက်က သူတို့ရဲ့ မိဘတွေကိုင်တဲ့ Tabletတွေနဲ့ Vedio Clipတွေ ကြည့်တတ် ကြပါသေးတယ်။


 ၁၉၅၀ပြည့်နှစ် တွေကတော့ မိသားစုတွေက အခန်းတစ်ခန်းထဲမှာ စုပြီး TVတွေကြည့် တတ်ကြခဲ့ပြီး အခုတော့ Tabletတွေနဲ့ ကြည့်တဲ့ခေတ်ကို ရောက်လာပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေတုန်း ကတောင် အရွယ်ရောက် ကလေး တွေဟာ နောက်နေ့ ရုံးမှာ ကျောင်းမှာ တွေ့ချိန်တွေမှာ မနေ့က သူတို့ ဘာတွေကြည့်တယ်၊ ဘယ်လို ကောင်းတယ် ဆိုတာတွေ ပြန်ပြောလေ့ရှိပေမယ့် လက်ရှိ ခေတ်မှာတော့ အဲဒီလို ဆက်ဆံ ပြောဆိုမှုတွေ နည်းလာပြီ ဖြစ်ပြီး Social Networkလို့ ခေါ်တဲ့ Chattingလိုမျိုးနဲ့ပဲ ပြောဆိုလာ ကြပါတယ်။

သိသာတဲ့ အချက်တစ်ချက်ကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၀င်ဘယ်တန် ပြိုင်ပွဲမှာ အန်ဒီမာရေး ဗိုလ်စွဲစဉ်က ကမ္ဘာတစ်လွှားက ပရိတ်သတ်ပေါင်း တစ်သန်းကျော်က နောက်ဆုံး ပြိုင်ပွဲကို စောင့်ကြည့် ခဲ့ကြပေမယ့် အဲဒီ စောင့်ကြည့်သူ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ဖုန်းတွေက ဖြစ်ပါတယ်တဲ့။


 နောက်ပြီး အိမ်တွေမှာ TVထားရှိ သုံးစွဲနှုန်းကတော့ ၂၀၀၂ခုနှစ်က ၃၅ရာခိုင်နှုန်း ရှိရာကနေ ဒီနေ့မှာ ၄၁ ရာခိုင်နှုန်းပဲ ရှိတာကြောင့် သုံးစွဲနှုန်း တိုးတက်မှု နှေးကွေးတာ တွေ့ရပါတယ်။ နောက်ပြီး အရင်က ကလေးတွေရဲ့ အိပ်ခန်းတွေထဲမှာ TVထားရှိနှုန်း ဟာလည်း လွန်ခဲ့တဲ့ ၆နှစ်က ၅၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၁၇ ရာခိုင်နှုန်းပဲ ရှိတော့တာ တွေ့ရ ပါသေးတယ်။

ဒါပေမယ် ဒီလို ပြောင်းလဲမှုဟာ TVတွေရဲ့ ခေတ်ကုန် သွားတာတော့ မဟုတ်ပဲ မျက်နှာပြင် ကြီးပြီး ကျယ်တဲ့ TVတွေကိုတော့ လူတွေ နှစ်ခြိုက် နေသေးကြောင်း သိရပါတယ်။ အလွယ်ဆုံး ကြည့်မယ်ဆိုရင် TVထားရှိ သုံးစွဲ သူတွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ ၄၃ လက်မ TVတွေကို သုံးစွဲနေတာက သက်သေသပါပဲ။ နောက်ပြီး လက်ရှိမှာ ပျမ်းမျှ လူတစ်ယောက်ဟာ တစ်ရက်ကို TV ၄နာရီလောက် ကြည့်တတ်ကြပြီး ၃နာရီ နီးပါးခန့် ရေဒီယို နားထောင်လေ့ ရှိတယ်လို့ သိရပါတယ်။


ဒီတော့ အင်္ဂလန်လို တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံက ခေတ်မီ သိပ္ပံပစ္စည်းတွေကြောင့် လူမှု ဆက်သွယ်မှု ပုံစံ ပြောင်းလဲ သွားတယ်ဆိုတာ သိသာနေသလို ကျွန်တော်တို့ကို သတိပေး သလိုတော့ ဖြစ်နေပါပြီ။ကျွန်တော်တို့ နိုင်ငံလည်း တဖြည်းဖြည်းနဲ့ တိုးတက်လာပြီဆိုတော့ နောက်ဆို အချင်းချင်းတောင် စကား ပြောပါတော့မလားဗျာ။

Ref: http://www.telegraph.co.uk/news/uknews/10214355/Living-rooms-become-digital-hubs-as-millions-more-buy-a-tablet.html

Myanmar ICT , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment