Pages

Friday, August 2, 2013

အကယ်ဒမီမို့မို့မြင့်အောင်နှင့် အဆိုတော်သုခတို့ တေးသီချင်းကိစ္စ ညှိနှိုင်းရာပြေလည်မှုရရှိ

RangonNewsDaily:: Aug 2, 2013

ငါးထပ်ကွမ်း အကယ်ဒမီမို့မို့မြင့်အောင် နှင့်အဆိုတော်သုခတို့အကြား တစ်ချိန်ကသီဆိုခဲ့သည့် တေးသီ ချင်းများနှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားခြင်းအား မြန်မာနိုင်ငံဂီတအစည်းအရုံးတွင် ဇူလိုင် ၃၀ ရက်က အဆိုတော်သုခနှင့် မို့မို့မြင့်အောင်၏ အကျိုးဆောင် တို့တွေ့ဆုံညှိနှိုင်းရာတွင် ပြေလည်မှုရရှိသွားပြီဖြစ် ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ထူးအောင်ကမဇ္ဈိမသို့ ပြောကြား လိုက်သည်။

အဆိုပါတေးသီချင်းများသည် မို့မို့မြင့်အောင်လွန်ခဲ့သည့် အသက် ၁၇ နှစ်အရွယ်က အဆိုတော်သုခ၏ တေးစီးရီးတွင် ပါဝင်သီဆိုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သုခမှဗီစီဒီအဖြစ် ပြန်လည်ထုတ်ဝေမည့်အခါတွင် ခွင့်ပြုချက်တောင်းခံခြင်းမရှိသည့်အတွက် ဂီတအစည်းအရုံးသို့ မို့မို့မြင့်အောင်က ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ဒါက မမို့ အသက် ၁၇ နှစ်သမီးကတည်းက သီဆိုထားတာပါ။ နှစ်ပေါင်း ၃၀တောင်ရှိပြီ။ အဲဒါကိုအသုံးပြု မယ်လို့ကြားလို့ပါ။ ဟိုတုန်းကတော့ တိပ်ခွေပေါ့။ အခုလိုသုံးမယ်ဆိုတာကို ခွင့်မပြုနိုင်ပါဘူး။ မမို့ကြား တာကဒီသီချင်းတွေမှာ သရုပ်ဆောင်မယ့် မော်ဒယ်လေးတွေကိုတောင် ကမ်းလှမ်းထားတယ်ဆိုတာ ကို ရောကြားပါတယ်။ အခုလို မမို့ရဲ့သီချင်းတွေကိုအသုံးမပြုတော့ဘူးဆိုတော့ မမို့နဲ့မဆိုင်တော့ပါဘူး”ဟု မို့မို့မြင့်အောင်က မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

ယင်းသို့ဖြေရှင်းရာတွင် သုခသည် ယင်းဗီစီဒီအား မို့မို့မြင့်အောင်၏ တေးသီချင်းများမပါဘဲ အသစ်ရိုက် ကူးထုတ်လုပ်မည်ဖြစ်ကြောင်းကို မို့မို့မြင့်အောင်၏ အကျိုးဆောင် နှင့်ညှိနှိုင်းခဲ့ကြရာ နှစ်ဦးသဘောတူညီ မှုရရှိခဲ့ကြသည်။


မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဦးဇော်ထူးအောင်က “ဒီကိစ္စကို မမို့ဘက်က လာတင်ထားတာကြာပါပြီ။ ကြားထဲမှာတခြားအကြောင်းအရာတွေ ရှိနေတဲ့အတွက်ကြောင့် ဒီနေ့မှဖြေရှင်းဖြစ်တာပါ။ အခုတော့ နှစ် ဖက်စလုံး ပြေလည်သွားပါပြီ။ နားလည်မှုတွေရသွားကြပါတယ်”ဟု ဆိုသည်။

ယင်းမို့မို့မြင့်အောင် ပါဝင်သီဆိုခဲ့သောတေးသီချင်းများမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က အဆိုတော် သုခသီဆိုထားသည့် “၀ဋ်လည်မယ်အညာ”တိပ်ခွေတွင် အကယ်ဒမီ မို့မို့မြင့်အောင်က သီချင်းသုံးပုဒ် ပါ ၀င်သ်ီဆိုထားခြင်းဖြစ်သည်။ မို့မို့မြင့်အောင်သည် ၁၉၈၅ ခုနှစ်တွင် “နှလုံးသားမြို့တော်”ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုရရှိထားပြီး လက်ရှိအချိန်ထိ အကယ်ဒမီရွှေစင်ရုပ်တုငါးခုကို ပိုင်ဆိုင်ထားသည့် မြန်မာ့ရုပ်ရှင်လောကတွင် စွယ်စုံထူးချွန်သည့်မင်းသမီးကြီးအဖြစ် အောင်မြင်လျက်ရှိသူတစ်ဦးဖြစ်သည်။


Mizzima - News , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment