Pages

Friday, August 2, 2013

“၂၀၁၅ ရွေးကောက်ပွဲ အတွက် တာဝန်ကျေချင်သူ နှုတ်ခမ်းမွှေးပါပါလေး ကွယ်လွန်ပြီ”



RangonNewsDaily:: Aug 2, 2013
မကြောက်တရားများ နယ်လှည့်ဟောကြားနေတဲ့ လူရွှင်တော်နှုတ်ခမ်းမွှေးပါပါလေး ဟာ ယနေ့ တစ်နာရီအ
ချိန်မှာ နေအိမ်တွင် ကွယ်လွန်ခဲ့ပါတယ်။
“ပါပါလေး နောက်ဆုံးအခြေအနေမှာ ပြောနေတဲ့စကားက၂၀၁၅ နီးလာလို့ တာဝန်တွေကို ကျေပွန်စွာ ဆက်
လုပ်ကိုင်ချင်သေးတယ်တဲ့။ မကြောက်တရားတွေ နယ်လှည့်ပြီးဟောချင်သေးတယ်တဲ့။ ”လို့ ညီဖြစ်သူ နှုတ်
ခမ်းမွှေးဦးလူမော်က ပြောပါတယ်။

လူရွှင်တော် နှုတ်ခမ်းမွှေးပါပါလေးဟာ ဆီးနှင့် ကျောက်ကပ်ရောဂါကို ခံစားခဲ့ရပြီး မန္တလေး ပြည်သူ့ဆေး
ရုံ
ကြီးမှာ တက်ရောက်ကုသမှု ခံယူခဲ့ ပါတယ်။ နောက်ဆုံးအချိန်မှာ နှလုံးလှုပ်ရှားမှု ပုံမှန်မဟုတ်တော့တဲ့ အ
တွက်နေအိမ်ကို ပြန်လည်သယ်ဆောင်ကုသစဉ်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

လူရွှင်တော်ပါပါလေးဟာ ပြည်သူ့ အတွက် တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေးအလုပ်များပါလုပ်ဆောင်ခဲ့ရာ စစ်အစိုးရရဲ့  ထောင်သုံးကြိမ်အထိ ချမှတ်တာကို ခံခဲ့ရပါတယ်။

မန္တလေးခေတ် , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment