Pages

Friday, August 2, 2013

ပခုက္ကူဒေသမြေနုကျွန်းရွာအများစုကမ်းပါးပြိုမှု စိုးရိမ်နေ

RangonNewsDaily:: Aug 2, 2013

ပခုက္ကူမြို့ နှင့်အနီးတစ်ဝိုက်တွင် ရေကြီးမြင့် မှုဘေးကို ကြုံတွေ့ရမှုနည်းပြီး ရေ မကြီးခင် လှိုင်းရိုက်မှုကြောင့် ကမ်း ပါးပြိုမှုဘေးအန္တရာယ်ကိုသာ စိုး ရိမ်ကြောက်လန့်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
ပခုက္ကူမြို့ကြီးသည် ချင်း တွင်းဧရာဆုံရာအနီးတွင် တည် ရှိပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျွန်းမြေနုကျေးရွာများတွင်သာ ရေဝင်လေ့ရှိကြောင်း သိရသည်။

ဇူလိုင်၂၈ရက်တွင် ရွှေချောင်း အမှတ်(၁) တံတားကြီးအောက်ထိ မြစ်ရေများဝင်ရောက်နေပြီး ပခု က္ကူမြို့သည် ရေကြီးမြင့်မှုဒဏ်ကို အဘိုးအဘွားများ၏ပြောပြချက် အရ နှစ်၂ဝမှတစ်ကြိမ်သာ သီဟိုဠ် ရှင်ဘုရားအထိလည်းကောင်း၊ မဟာဝိသုတာရာမတိုက်တော် ကြီးအထိလည်းကောင်း ဝင်ရောက် လေ့ရှိကြောင်း သိရသည်။ မဟာ ဝိသုတာရာမတိုက်တော်ကြီး၏ နာရီစင်အထိ နှစ်ပေါင်း၎ဝကျော် လောက်က ရေကြီးမြင့်၍ သံဃာ တော်အရှင်သူမြတ်များ လှေများ နှင့် ဆွမ်းခံကြွရကြောင်း အသက် ၆ဝကျော် ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။
''ယနေ့ထိတော့ လိပ်ကုန်း၊ ပုစွန်ကုန်း၊ ဘောလုံးခုံ၊ မြေနုကျွန်း ရွာတွေကို ရေမဝင်သေးဘူးဗျ။ အဲဒီရွာသားတွေက မြေနုကျွန်းခုံ တစ်ခုလုံး ရေလွှမ်းမိုးသွားတာကို ကြိုက်တယ်။ ရေမြုပ်ပြီဆိုရင်တော့ ဒေသအခေါ် ရေအောင်ပြီပေါ့ ဗျာ။ ဘာသီးနှံစိုက်စိုက်ရပြီပေါ့ ဗျာ''ဟု ပခုက္ကူမြို့သားတစ်ဦးက ပြောသည်။

မြေနုကျွန်းရွာများသည် နှစ် ထပ်အိမ်အမြင့်ကြီးများ တည် ဆောက်နေထိုင်ကြသည်။ အိမ် အပေါ်ထပ်ထိ ရေလွှမ်းမိုးမှသာ ပခုက္ကူဘက်ကမ်းသို့ ရွှေ့ပြောင်း နေထိုင်ကြသည်။
ပခုက္ကူအထက် ၁ဝမိုင်ခန့် အကွာ ချင်းတွင်းဧရာဆုံပြီး မြစ် ကြောင်း နှစ်ကြောင်းခွဲထွက်ကာ ပခုက္ကူမြို့အနီးမှ မြစ်တစ်ကြောင်း မန္တလေးတိုင်း-တောင်သာနယ်- ကျောဇီဘက်မှ မြစ်တစ်ကြောင်း ခွဲထွက်၍စီးဆင်းသည်။ မြစ်နှစ် ကြောင်းအကြား ကျွန်းခုံကြီးသည် နှစ်စဉ်ရေလွှမ်းမိုး၍ စိုက်ပျိုးသီးနှံ များဖြစ်ထွန်းကြသည်။ စိုက်ပျိုး သီးနှံကောင်းသောကြောင့် ကျွန်း ခုံကြီးပေါ်တွင် ကျေးရွာများတည် ထောင်၍ စိုက်ပျိုးလုပ်ကိုင်စား သောက်ကြသည့် ကျေးရွာပေါင်း ထောင်ဂဏန်းအထိရှိ၍ အချို့ ကျေးရွာ၏သက်တမ်းသည် နှစ် ပေါင်း တစ်ထောင်နီးပါးရှိကြောင်း သိရသည်။

''ရေကြီးတာကိုတော့ မ ကြောက်ဘူးဗျ။ ရေမကြီးဘဲနဲ့ ကမ်း ပါးပြိုမှာကိုသာ ကြောက်တာ။ ကမ်းပါးပြိုရင် လုပ်ကိုင်စားသောက် ဖို့ ကျွန်းမြေနဲ့ ရွာလုံးကျွတ်ရွှေ့ ရတဲ့ဒုက္ခက ကြီးတယ်ဗျ။ မြေနု ကျွန်းသစ်ပေါ်ရင်လဲ သူ့နယ်ကိုယ့် နယ်လုကြတာနဲ့ အသေအပျောက် ကလဲရှိတယ်။ ခေတ်မီတိုးတက်ပါ တယ်ဆိုတဲ့ ယနေ့ခေတ်မှာတောင် မြေနုကျွန်းလုပွဲတွေက ရှိနေသေး တယ်ဗျ''ဟု ရွှေချောင်းကျွန်းရွာ သားတစ်ဦးက ပြောသည်။
ပခုက္ကူဒေသတွင် ဝါဆိုဝါ ခေါင် တစ်ကြိမ်၊ တော်သလင်း တစ်ကြိမ် ရေကြီးလေ့ရှိကြောင်း သိရသည်။

Yangon Media Group , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment