Pages

Thursday, November 29, 2012

ရွှေတိဂုံ ဘုရားလမ်းတွင်ယနေ့ည၇ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွား

ရွှေတိဂုံ ဘုရားလမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွား

by The Myanma Age on Thursday, November 29, 2012 at 
ရန်ကုန်၊ နိုဝင်ဘာ၊ ၂၉။
 
ရန်ကုမြို့ ဒဂုံမြို့နယ်ရှိ ရွေတိဂုံဘုရားလမ်းနှင့် ပန်တာလမ်းထောင့်တွင်
ယနေ့ည ၇ နာရီ ခန့်တွင်ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့သည်။ ရွှေတိဂုံဘုရားလမ်းဘက်မှ
မောင်းလာသော ယာဉ်အမှတ် ၆ဂ/၉၉၆၀ TOYOTA ကား နှင့် သိမ်ကြီးဈေးဘက်မှ
မောင်းနှင်လာသော ယဉ်အမှတ် ၅ဃ/၅၆၃၂ SURF ကားတို့ တိုက်မိကြခြင်းဖြစ်သည်။
ကားနှစ်စီးပေါ်ရှိ ယှဉ်မောင်းနှင့် လိုက်ပါလာသူများ မှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း
SURF ကားမောင်းနှင်လာသူကပြောသည်။
 
အောင်သိုက်

အေးချမ်းမွန်မှ   The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ နိုဝင်ဘာ၊ ၂၉။

ရန်ကုမြို့ ဒဂုံမြို့နယ်ရှိ ရွေတိဂုံဘုရားလမ်းနှင့် ပန်တာလမ်းထောင့်တွင်ယနေ့ည၇ နာရီခန့်တွင်ယဉ်တိုက်မှုတစ်ခု
ဖြစ်ပွားခဲ့သည်။ ရွှေတိဂုံဘုရားလမ်းဘက်မှ မောင်းလာသော ယာဉ်အမှတ် ၆ဂ/၉၉၆၀ TOYOTA ကား နှင့် သိမ်
ကြီးဈေးဘက်မှ မောင်းနှင်လာသော ယဉ်အမှတ် ၅ဃ/၅၆၃၂ SURF ကားတို့ တိုက်မိကြခြင်းဖြစ်သည်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီတွင် ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။ 

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။ 

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။ 

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။ 
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။ 

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။ 

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။ 

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။ 

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။ 
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။ 
အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။ 
တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။ 

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။ 

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

အေးချမ်းမွန်မှEleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Voice Weekly

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။အများနဲ့ညီအောင်လို့ အများကောင်းကျိုးအတွက်တစ်ခါတလေကိုယ့်ရဲအကျိုး
ကိုအနောက်မှာ ထားပြီးတော့လုပ်ရတယ်။အဲဒီလိုလုပ်မှသာတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့
အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနို င်ရဲ့ ပြောပြချက်

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုများ

 ( ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်)

''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်အော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။'' 
EMG
''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်
တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာ
ရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။

လက်ပန်တောင်းကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ phosphorus genrade(ခေါ်) ဖော့စဖိတ် ပါဝင်တဲ့ ဓာတုဗေဒ လက်ပစ်ဗုံး

ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ်  မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။ သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ  စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ  တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။

လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။

လက်ပန်တောင်းကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ phosphorus genrade(ခေါ်) ဖော့စဖိတ် ပါဝင်တဲ့ ဓာ
တုဗေဒ လက်ပစ်ဗုံးအမျိုးအစားသည် ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့အရာတွေကိုမီး
လောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ်အတွင်း၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်
တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးသေး ဆန္ဒထပ်ပြမည်ဟု သပိတ် အဖွဲ့ ခေါင်းဆောင်များပြောကြား

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို

စစ်ကိုင်းတိုင်း မုံရွာခရိုင်
ဆားလင်းကြီးမြို့နယ် လက်
ပံတောင်းတောင် ကြေးနီစီမံ
ကိန်းရပ်တန့်ရေး ငြိမ်းချမ်းစွာ


ဆန္ဒပြ တောင်းဆိုမှုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း လှုပ်ရှားမှုမှာ မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာ ဆန္ဒထပ်ပြမည်ဟု သပိတ် အဖွဲ့ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

စီမံကိန်းရပ်တန့်ရေး တောင်းဆိုနေသော သပိတ်စခန်းများကို အစိုးရအာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ရဟန်းသံဃာများ၊ ဒေသခံလူထုများနှင့် အနယ်နယ်အရပ်ရပ်မှ လက်ပတောင်းတောင် အရေး စိတ်ဝင်စားသူများနှင့် ပူးပေါင်းကာ ထိုစီမံကိန်း ရပ်တန့်သွားသည်အထိ လုပ်ဆောင်သွားမည်ဟု သပိတ်ခေါင်းဆောင်များက ပြောသည်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရှိလို့ ကျနော်တို့တွေ ခဏငြိမ်မှာပါ။ ကွဲသွားတဲ့ လူစုတွေလည်း ပြန်စုရင်းနဲ့ပေါ့၊ နောက် တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အသီးသီးကို အကြောင်းကြားပါမယ်၊

 ပြီးရင် အထွေထွေသပိတ်ကို အင်နဲ့အားနဲ့ပြန်စမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျနော်တို့ကို ခုလိုဖြိုခွင်းတဲ့အပေါ် သမ္မတကို ကျနော်တို့ နားလည်ရခက်သွားပြီ” ဟု သပိတ်ခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ သွားရောက်နေပြီး ပြည်သူလူထုကို စကားမပြောမီ မီးလောင်ဒဏ်ရာ ရသူများကို ဦးစွာ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။

သပိတ်စခန်းများကို ယနေ့မနက် ၃ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ အာဏာပိုင် အဖွဲ့များက ဝင်ရောက် ဖြိုခွဲခဲ့သဖြင့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NLD မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြ သပိတ်စခန်းများထဲသို့ အာဏာပိုင်အဖွဲ့များက မီးသတ်ပိုက်များဖြင့်ထိုးခွဲခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် ပစ်ခွဲခြင်းပြုလုပ်ပြီးနောက် အင်အားအလုံးအရင်းဖြင့် “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟုဆိုကာ ဝင်ရောက်ရိုက်နက် ဖြိုခွဲ ခဲ့ကြောင်း အခင်းဖြစ်ပွားရာတွင် ကြုံတွေ့ခဲ့ရသော သပိတ်အဖွဲ့ဝင်များထံမှ ဧရာဝတီသို့ ပြောဆိုကြသည်။

ထိုအထဲမှ အတွင်းလူနာအဖြစ် သံဃာတော် ၂၂ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး မီးစွဲလောင်ဒဏ်ရာများ၊ ထိခိုက်ဒဏ်ရာများဖြင့် မုံရွာ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရပြီး ဒဏ်ရာပြင်းထန်လွန်းသည့် သံဃာတော် ၂ ပါးကို  မန္တလေး ဆေးရုံကြီးသို့ NLD ၏ အကူအညီဖြင့် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

“သပိတ်စခန်းတွေကို သူပုန်စခန်းဝင်စီးသလို မီးသတ်ပိုက်တွေနဲ့ထိုး၊ မျက်ရည်းယိုဗုံးတွေနဲ့ ပစ်ခွဲ၊ မီးလာင်ဗုံးတွေနဲ့ အရင်ပစ်ခွဲပြီး တွေ့တဲ့လူ အကုန်လုံးရိုက်ဖမ်းဆိုပြီး ညာသံပေးပြီးဝင်ရိုက်တော့ မိတဲ့လူတွေလဲအရိုက်ခံ၊ အဖမ်းခံကြရတယ် ကျနော်တို့တွေ အကုန်ထွက်ပြေးကြပြီး လူစုတွေကွဲကုန်တယ်” ဟု သပိတ်အဖွဲ့ထဲတွင် ပါဝင်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များက သပိတ်စခန်း ၆ ခုရှိသည့်အနက် စီမံကိန်းအတွင်း ဝမ်ပေါင်ကုန်မ္ပဏီရှေ့မှ သပိတ်စခန်းအပါအဝင် အဓိက စီမံကိန်း အဝင်အထွက် လမ်းကြောင်းပေါ်ရှိ သပိတ်စခန်းကြီး များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သပိတ်စခန်းများတွင် ဆန္ဒပြနေသော ဒေသခံများနှင့် ပူးပေါင်း သပိတ်အဖွဲ့ဝင်များ ကိုယ်လွတ်ရုန်းထွက်ပြေး ခဲ့ကြရသည်ဟု ကာယကံရှင်များက ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် ရဲတပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် ရိုက်နက်ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် သံဃာတော် အနည်းဆုံး ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။

 ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်း လာရောက်သူများ စီးနင်းလာသော ဆိုင်ကယ်များနှင့် သတင်းထောက်တချို့ စီးနင်းလာသော ကားများကို စုပုံကာ မီးရှို့ပစ်ခဲ့ ကြောင်း မျက်မြင်များကပြောသည်။

ယင်းသို့ ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

“အံ့သြစရာကောင်းတာက သူတို့ပစ်တဲ့ မီးဗုံးတွေက ရေစိုနေတဲ့နေရာတွေကို ပိုပြီးစွဲလောင်တာတွေ့ရတယ်၊ ဦးဇင်းတွေဆိုရင် အသားတွေ မီးစွဲလောင်ပြီးကို ကွာကျတယ်၊ ပြေးနေတုန်း မိတဲ့လူတွေရော၊ ဦးပဉ္ဇင်းတွေရော အကုန်ရိုက်တယ်၊ ဖမ်းသွားတယ်၊

ဘယ်နှစ်ယောက်မိလဲ၊ သေလည်းဆိုတာ ကျနော်တို့လည်း လှည့်မကြည့်နိုင်ဘူး” ဟု သပိတ်အဖွဲ့ဝင် ဒေသခံတဦး က ဧရာဝတီသို့ ပြောသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရ စစ်တပ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊

 ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။

အဆိုပါစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးပေါ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များဖက်က ညှိနှိုင်းပြောဆိုခြင်းမရှိဘဲ ယခုကဲ့သို့ ဖြိုခွင်းခဲ့သည်။


( ဧရာဝတီသတင်းဌာန)

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း
တာင် ကြေးနီစီမံကိန်းရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကိုအာဏာပိုင်များကအကြမ်းဖက် ဖြိုခွဲခဲ့သော်
လည်း လှုပ်ရှားမှုမှာ မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာဆန္ဒထပ်ပြမည်ဟုသပိတ်အဖွဲ့
 ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)