Pages

Thursday, November 29, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် သံဃာတော်များနှင့် ဒေသခံများကို အင်အားသုံးနှိမ်နှင့်း

Photo: သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့်  ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် 
 ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့်ဧရိယာတွင်စုဝေးနေသည့်သံဃာတော်များ
နှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ 
လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူ
အချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသောEMG မှသတင်းထောက်၏သတင်းပေးပို့ချက်အရ 
သိရသည်။

ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာ
တော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း  သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားနေ
 
သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ဆိုင်ကယ်များမီးလောင်ပျက်စီးခဲ့ကြောင်းနှင့်ထိုသို့ မီးလောင်
ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ 
 
ဖာင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့်လူတစ်ဦးရှိနေပြီး ဖြို
ခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်း
လည်းသိရသည်။ 
 
လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အ
ဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး
ပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်း ၆ခုအနက်မှ ၃ခုမှာ မီးရှို့ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများ
အား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင်ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်
ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများသည်သပိတ်စခန်းမှထွက်ခွာလာပြီးနောက်၎င်းတို့၏ ရွာသို့ မရောက်
ရှိဘဲ သပိတ်စခန်းမှ ရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၉ ရက် နံနက် ၆နာရီတွင် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။


Eleven Media:

   

0 comments:

Post a Comment