Pages

Thursday, November 29, 2012

ဂျာမနီတွင် မသန်စွမ်းသူများ အလုပ်ရုံ မီးလောင်ကျွမ်းမှု ၁၄ ဦးသေဆုံး

ဂျာမနီတွင် မသန်စွမ်းသူများ အလုပ်ရုံ မီးလောင်ကျွမ်းမှု ၁၄ ဦးသေဆုံး

ဂျာမနီနိုင်ငံတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင် နေရာဖန်တီးပေးထားသည့် အလုပ်ရုံ တစ်ခုတွင် မီး
လာင်ကျွမ်းမှု ဖြစ်ပွားရာ လူ(၁၄)ဦး သေဆုံးသွားကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်းတွင် အဆိုပါ အလုပ်ရုံကို စိတ်ပိုင်း၊ ရုပ်ပိုင်း မသန်စွမ်းသူများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး မီးလောင်မှုတွင် နောက်ထပ် (၇)
ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
စတိုခန်းအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာမှ စတင်သော မီးသည် ယခုအနိဋ္ဌာရုံ၏ အဓိက အကြောင်းရင်းဟု တာဝန်ရှိသူများက ဆိုသည်။ ဘလက်ဖောရက်စ်အနီးတဝိုက်ရှိတီတစ်ဆီး နျူစတက်ဒ်အလုပ်ရုံတွင်ဓာတုပစ္စည်း
အချို့ကိုလည်း သိုလှောင်ထားရာ မီးမှာ ပိုမိုအင်အားကြီးမားစွာ လောင်ကျွမ်းခဲ့ကြောင်း သတင်းများက ဆိုသည်။


ယင်းအလုပ်ရုံကို မသန်စွမ်းသူများ ဘဝမြှင့်တင်ရေးအတွက် Caritas ရန်ပုံငွေအဖွဲ့ကထူထောင်ပေးထားခြင်း ဖြစ်
သည်။ ထိုအလုပ်ရုံတွင် လူပေါင်း (၁၂၀)ကျော် လုပ်ကိုင်လျှက် ရှိနေသည်။ ထိုအလုပ်ရုံတွင် သတ္တုနှင့် သစ်သား လက်မှုအတတ်ပညာ လုပ်ငန်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

"ဘယ်လိုဘယ်လို မီးစလောင်တယ်ဆိုတာ မသိဘူး"ဟု Caritas၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရိန်နာ ဂန်တာ့တ်က ဆိုသည်။ "ကျွန်တော်တို့ဟာ လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက် အားလုံးကို အပြည့်အဝ လိုက်နာထားပါတယ်။ ခုလို ဖြစ်သွားတာ တော်တော် တုန်လှုပ်မိတယ်"ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။


အဆိုပါ မီးကို ငြှိမ်းသတ်ရန် မီးသတ်ဝန်ထမ်း (၃၀၀)မျှကို အသုံးပြုခဲ့ရပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ် နှစ်စင်းပါ ပူးပေါင်းကာ မသန်စွမ်းသူများအား ကယ်ထုတ်ခဲ့ရသည်။ မီးသည် အင်အားကြီးမားစွာ လောင်ကျွမ်းသည့်အပြင် ဓာတုပစ္စည်းများ ဓာတ်ပြုရာမှ ထွက်ပေါ်လာသည့် အဆိပ်ငွေ့များကြောင့်လည်း လုပ်ငန်း ဆောင်ရွက်ရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောဆိုသွားခဲ့သည်။

Source: NY Times

0 comments:

Post a Comment