Pages

Thursday, November 29, 2012

ပြည်သူလူထု ယုံကြည်မှု ပျောက်ကွယ် သွားနိုင်သည်ဟု ကိုးဘွဲ့ရ ဆရာတော် အစိုးရကို သတိပေး

ယမန်နေ့ အာရုဏ်တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခြင်းကြောင့်သံဃာတော်များနှင့်ရွာသူရွာသားများဒဏ်ရာရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက် ၍ပြည်သူလူထု၏ယုံကြည်မှုပျောက်ကွယ်နိုင်ကြောင်းအရှင်အာစရာလင်္ကာရ(ကိုးဘွဲ့ရ)ဆရာတော်ကမိန်
့ကြားသည်။
အစိုးရက ပြည်သူလူထုသည် မိဘ၊ ပြည်သူလူထု အသံကို နားထောင်ပါသည်ဟုစကားကြီး စကားကျယ်ထပ်
တလဲလဲ ပြောဆိုပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ကွယ်ပြီး လုံးပါးပါးနိုင်
ကြာင်း ဆရာတော်က မိန့်ကြားသည်။

လက်ပန်းတောင်းတောင် ကိစ္စသည် နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော ကချင်၊ ရခိုင် အရေးများကဲ့သို
့ ဖြေရှင်းရန် ခက်ခဲသော အရာ မဟုတ်ပဲ၊ မြစ်ဆုံကဲ့ သို့ ကြီးမားသော ပြသနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လက်
ပန်းတောင်းတောင် အရေးမှာ ဖြေရှင်းရန် ခက်ခဲသော ကိစ္စမဟုတ်ဟု ဆရာတော်က ဆိုသည်။

“သနားလည်း သနားတယ် မေတ္တာလည်း ပို့ပါတယ်”ဟုဆရာတော်က မိန့်ဆိုသည်။
 
 
thevoiceweekly

0 comments:

Post a Comment