Pages

Thursday, November 29, 2012

ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်

ရန်ကုန်၊နိုဝင်ဘာ-၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့်ပုံစံနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်

တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအထိုင်သပိတ်စခန်းဖွင့်၍ဆန္ဒပြနေသူများကို နိုဝင်ဘာ ၂၇ ရက်ည ၁၂ နာရီ နောက်ဆုံးထား
ရုပ်သိမ်းပေးရန် သတိပေးခဲ့ပြီး၊ နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင်လည်းသတိပေးမှုများ ပြုလုပ်ကာ နိုဝင်ဘာ ၂၉ ရက်
 နံနက် ၃ နာရီမှ စတင်၍ မီးသတ်ကားများဖြင့် ရေဖျန်းခဲ့သည်။ ထို့နောက် မီးလောင်ဗုံးအသေးစားဟု ပြောဆိုနေ
ကြသည့် လက်နက်များဖြင့် အင်အားသုံးဖြိုခွင်းခဲ့သည်။ 
 
ဒဏ်ရာရရှိသူအားလုံးက မီးလောင်ဗုံးဟု တစ်ညီတစ်ညွတ်တည်းပြောသော လက်နက်တစ်မျိုး အသုံးပြုခဲ့ခြင်း
ကြောင့် သပိတ်စခန်းရှိ သံဃာတော်များနှင့် လူများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ အစိုးရအနေဖြင့် ဆန္ဒပြနေ
သူများကို ယခုကဲ့သို့ ဒဏ်ရာရရှိမှုများစွာ မဖြစ်ပေါ်စေဘဲ အကြမ်းမဖက်သည့် ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့်
 ဖြေရှင်းသင့်ကြောင်းလည်း ၎င်းတို့ကဝေဖန်ထောက်ပြကြသည်။

ဆန္ဒပြသူများကို လူစုခွဲရာတွင် နိုင်ငံတကာအဓိကရုဏ်းနှိမ်နင်းရာတွင် အသုံးပြုလျှက်ရှိသည့် မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွံသုံးစွဲခဲ့ခြင်း မရှိကြောင်း ယနေ့ ညနေ ၄ နာရီခန့်တွင် အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဦးဝင်းတင်(NLD နာယက)

"ဒီဟာမလုပ်အပ်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ကိစ္စဘဲလို့ ကျွန်တော်ပြောချင်တယ်။ ဒီဟာမျိုးတွေလုပ်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်တယ်။ ကန့်ကွက်တယ်လို့ ပြောချင်တယ်။ လက်ပံတောင်းတောင်ဖြစ်နေတဲ့ကိစ္စက အခုမှ ဖြစ်နေတာ မ
ဟုတ်ဘူး။ ကြာလှပြီ။ သူတို့မှာလည်း စည်းရုံးမှုအား၊ လူထုထောက်ခံမှုအား အများကြီးတိုးလာပြီ။ ပြည်သူ့ညီလာ
ခံဆိုတာမျိုးကြီးတွေလုပ်နိုင်တဲ့အထိလူထုထောက်ခံမှုတွေရခဲ့တယ်။ နောက်တစ်ခါမုံရွာလူထုတစ်ရပ်လုံး ထောက်
ခံနေတယ်။ 
 
မုံရွာလူထုဆိုရင် လက်ပံတောင်းတောင်ကို တောင်ငေးပွဲတို့ ဘာတို့ လုပ်တဲ့အထိတောင် လုပ်နိုင်ခဲ့တယ်ပေါ့။ အဲ
ဒီလောက်ထိ လူထုလှုပ်ရှားမှုဖြစ်လာတဲ့ဟာတစ်ခုကို ဘာဖြစ်လို့ စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်းတာ မလုပ်နိုင်ရတာလဲ။
 
 တောတွင်းမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့တောင်မှ စေ့စပ်ဆွေးနွေးတာတို့၊ စကားပြောတာတို့ လုပ်
နိုင်ရင် ဘာဖြစ်လို့ လက်ပံတောင်းတောင်ကိစ္စကိုအစောကြီးကတည်းကတာဝန်ရှိတဲ့သူတွေက သေချာညှိနှိုင်း
ခြင်း ဘာလို့မလုပ်နိုင်ရတာလဲ။ အစိုးရတို့ ဘာတို့က ကြားဝင်လုပ်ရမယ့်ဟာ။ ၀တ္တရားရှိတယ်ပေါ့။"

ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)

"လိုတိုရှင်းပြောရရင်တည်ဆဲဥပဒေတွေနဲ့ တော်တော်ကြီးဆန့်ကျင်နေတာတွေ့ရတယ်။ ဒီလူစုခွဲတဲ့နေရာမှာ လိုက်
နာကျင့်သုံးဖို့ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ သိပ်ကို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေဆို အကြမ်း
ဖက်မှုလို နှိမ်နင်းလို့ရတယ်။ လိုအပ်ရင်ပစ်လို့ ခတ်လို့ရတယ်။ 
 
ဒါပေမဲ့ အခု ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အနာတရရအောင် မီးလောင်ဗုံးတွေဘာတွေသုံးတာ ဥပဒေနဲ့ဆန့်ကျင်
နေတယ်။ တော် တော်လေးမှားယွင်းချွတ်ချော်တဲ့ ဖြေရှင်းမှုမျိုးလို့ ကျွန်တော်တော့ ထင်တယ်။ ဖြေရှင်းပုံ ဖြေရှင်း
နည်းကတော့ အဲဒါဥပဒေအရပြောတာပါ။ ဖြေရှင်းမယ်ဆိုရင် အေးချမ်းစွာ လူစုခွဲကြပါလို့ ပြောရမယ်။ မြင်မြင်ထင်
ထင်သွားလို့လာလို့ရတဲ့ အချိန်ဆို ပိုကောင်းမယ်။ 
 
ညသုံးနာရီ ဘယ်ကိုသွားမလဲ။ ခင်ဗျား တို့သွားပါ မသွားရင် ကျွန်တော်တို့ ဒါကို အင်အားသုံးဖြေရှင်းမယ်လို့ ပြော
ရမယ်။ အဲလိုပြောမှမခွဲရင် မျက်ရည်ယိုဗုံးတွေဘာတွေသုံး တာ။ ဒါမျိုးတွေက step by step သွားရမယ်။ မြင်မြင်
ထင်ထင် နေ့ခင်းဘက်မှာ စနစ်တကျလုပ်ရတယ်။ အခုဟာက အေးအေးချမ်းချမ်း ဆန္ဒပြတာကို အင်အားသုံးပြီး အကြမ်းဖက်တာတော်တော်လေးကို ဥပဒေအရ ဆန့်ကျင်တာ။"

ကိုဂျင်မီ (၈၈ ကျောင်းသားခေါင်းဆောင်)

"ကျွန်တော်တို့က အရင်ထဲက ပြောထားခဲ့ဖူးတာရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်သူပဲလုပ်လုပ် လက်
မခံဘူး။ သဘောမတူဘူး။ တစ်ခါတစ်လေမှာ အစိုးရအနေနဲ့ စိတ်ရှည်ရမယ့် အရာတွေရှိတယ်။ ဆန္ဒပြတဲ့သူတွေ
ဟာ သူတို့လိုချင်တာကို တောင်းနေတာ။ ဂလန့်တိုက်နေတာမဟုတ် ဘူး။ ဒါကို အစိုးရအနေနဲ့ ဖြေရှင်းမှုတွေက လွဲချော်နေတယ်လို့ ထင်တယ်။ အနာဂတ်ကို ဒီလိုပုံစံနဲ့ သွားလို့မရဘူး။"

ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ)

"ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကော်မရှင်အဖွဲ့တစ်ရပ်ဖွဲ့ဖို့ လွှတ်တော်က အဆိုကျပြီလေ။ မကြာခင်မှာ ကော်မရှင်
တစ်ရပ်ပေါ် ပေါက်လာတော့မှာဆိုတော့ သပိတ်ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြမှုတွေကို ခေတ္တရုတ်သိမ်းပြီး
ကော်မရှင်ရဲ့ စစ်ဆေးမှုကို စောင့်ကြည့်သင့်တယ်။ အခုလို နှိမ်နင်းမှုတွေကို ကျွန်တော်တို့အနေနဲ့ကတော့ သဘော
မကျဘူး။ ဒီထက်ပိုပြီး ပျော့ပြောင်းတဲ့နည်းတွေနဲ့ကိုင်တွယ်သင့်တယ်။အဓိကရုဏ်းနှိမ်နင်းတာကိုတော့လက်ခံပေ
မယ့် သွေးထွက်သံယိုဖြစ်လာအောင် ပစ်ခတ်မှုပြုလုပ်လာမယ်ဆိုရင် အဲဒါကို လက်မခံပါဘူး။"

ဦးဝင်းမြင့် (အတွင်းရေးမှူး) (ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)

"ဒါကတော့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့လိုတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေ
ကလည်းသူတို့ရဲ့ ရေမြေတောတောင် သဘာဝအလှနှင့် သူတို့အသက်ရှင်ရပ်တည်ဖို့အတွက်သူတို့ဘ၀ရပ်တည်
ရေးအတွက် နိုင်ငံသားတစ်ယောက်ရဲ့ခံစားခွင့်ရှိတဲ့အခွင့်အရေးလို့ နှလုံးပိုက်ထားပြီးတော့ ငြိမ်းချမ်းစွာလုပ်တာကို ဒီဟာအပေါ်မှာ နိုင်ငံတော်ကလည်း နိုင်ငံတကာနဲ့ ချုပ်ထားတဲ့စာချုပ်ရှိတာကိုနှစ်ဖက်ညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေ
ရှာဖို့က အကောင်းဆုံးပေါ့။ 
 
အင်အားကြီးတဲ့သူက အင်အားမရှိတဲ့သူကို အနိုင်ယူတာတော့ မဖြစ်သင့်ဘူးလေ။ အန်ကယ်တို့က တရားဥပဒေ
စိုးမိုးရေး ရှုထောင့်ကနေဆို ဒီလိုမျိုးဖြေရှင်းတာကတော့ မဖြစ်သင့်ဘူးလေ။ 
 
တရားဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ အဖြေရှာသင့်တယ်။ ထိခိုက်ဒဏ်ရာရရှိအောင် အကြမ်းဖက်ဖြေရှင်းတာမျိုး မ
လုပ်သင့်ဘူးလေ။"
 
 7days News:

0 comments:

Post a Comment