Pages

Thursday, November 29, 2012

"လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များ ပြန်ဖျက်မည်ဆိုက ကတိ စကားနှင့်တန်ရာတန်ကြေး ထည့်တွက်ရန်လိုဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအားဖျက်ပစ်မည်ဆိုပါကတန်ရာတန်ကြေးနှင့်ကတိစကားများ ထည့်
သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"အခု လက်ပံတောင်းတောင် စီမံကိန်းက စာချုပ်တွေက ချုပ်ပြီး သားတွေ ပြန်ဖျက်ရင် တန်ရာတန်ကြေး ပြန်
ပေးရမယ်။ ဒါကိုလည်း ထည့် စဉ်းစားဖို့ လိုတယ်။ ကတိစကား တည်ရမယ်။ဒီနိုင်ငံကကတိစကားမတည် ဘူး
။ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်စီးသွားနိုင်တယ်လို့ တွေးရင် ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မ၀င် စားနိုင်
တော့ဘူး။ 
အမြတ်နဲ့အကျိုးက အရှုံး ကို ပြန်တွက်ရမယ်။ အရှုံးကို ကာနိုင်ရမယ်။ ပြီးတော့ ကတိစကားနဲ့ ပတ်သက်လို့ အရမ်းသတိထားရမယ်။ တချို့က ခပ်ပေါ့ပေါ့ပြော၊ ခပ်ပေါ့ပေါ့ ဖျက်လိုက်တာပဲ"ဟု ၄င်းက အဆိုပါ စီမံကိန်း
နှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောသည်။




ယင်းကိစ္စအားလွတ်လပ်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် လွှတ်တော်မှအတည်ပြုခဲ့ပြီး ဖြစ်စဉ်
များအား လေ့လာတွေ့ဆုံရန် ယခုလ ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း
စုကြည် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။




''ဒီကိစ္စကို အစ်မ (ဒေါ်အောင်ဆန်းစုကြည်)က ကျွန်မတို့နဲ့ အတူသွား ပြီး လေ့လာဖို့ ပြောထားတယ်။ ဒေသခံ
တွေရဲ့ အခြေအနေမှန်ကို သိရအောင်ပါ''ဟု ဒေါ်ခင်စန်းလှိုင် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပယ်တောင်၊ စပယ်တောင် (တောင်ဘက်)၊ ကြေးစင်တောင်
ကြေးနီစီမံကိန်းတို့၏ လူမှုဝန်းကျင်အပေါ် အကျိုးသက်ရောက် မှု၊ သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်
ရောက် မှု၊ နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် ရေတို၊ ရေ ရှည်သင့်လျော်သည့်တန်
ဖိုးဖြတ်နိုင်သည့် အကျိုးအမြတ်၊ တန်ဖိုး မဖြတ်နိုင်သည့် အကျိုးအမြတ်များ အမြင့်မားဆုံးရရှိနိုင်မှုနှင့် ပြည်သူ
လူထု ၏ ဆန္ဒသဘောထားတို့ကို ပြည်သူတို့က ယုံကြည်ကိုးစားသည့်ပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ ပြည်တွင်း
ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ ပါဝင်သည့် လွတ်လပ်သောနိုင်ငံ တော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့
စည်း စစ်ဆေး၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပွင့်လင်းမြင်သာ စွာ ထုတ်ပြန်ကြေ ညာစေ
ပြီး ဆက်လက် လုပ်ဆောင် ခွင့်ပြုရန် သင့်မသင့်နှင့် ဆက်လက်လုပ်ဆောင်ပါက မည်သို့ လုပ်ဆောင်သင့်
သည်ကို ကိုင်တွယ်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်သမ္မတအားတိုက်တွန်းကြောင်းအရေးကြီး
အဆိုကို ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ပြီး လွှတ်တော်မှအ
တည်ပြု ဆုံးဖြတ်ခဲ့ကာ ယခုကဲ့သို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ဝေလွင်က တစ်နာရီနီးပါးကြာ ရှင်း
လင်းခဲ့သည်တွင် အကျိုးအမြတ် ကို နိုင်ငံတော်၊ စီးပွားရေး ဦးပိုင် လီမိတက်နှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့ အ
ချိုးကျခွဲဝေကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်မတော် သားများနှင့် အငြိမ်းစား တပ်မတော်
သားများ၏ ထည့်ဝင်ငွေဖြင့် တည်ထောင်ထားသော စီးပွားရေးဦးပိုင် လီမိတက်သည်လည်း ၄င်းတို့အချိုးကျ
 ပြန် လည်ခွဲဝေပေးကြောင်း၊ စီမံကိန်း ရပ်တန့်သွားလျှင် တစ်လဒေါ်လာ ၂ သန်းနစ်နာကြောင်းဖြင့် ပြန်လည်
 ဖြေကြားခဲ့သည်။




''မကြာခင် နောင် ၂ နှစ်မှာ လက်ညှိုးထိုးပြရမယ့် စပယ်တောင်ကြီး ကုန် သွားပြီဆိုတာ ကြိုတင်သိရတဲ့အ
တွက်ကြောင့် ကျွန်မကျေးဇူးတင်ပါတယ်'' ဟု ဒေါ်ခင်စန်းလှိုင်က ပြန်လည်ပြောကြားခဲ့ပြီး ထပ်မံမဆွေးနွေး
မီ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အစည်း အဝေးကို ၁၅ မိနစ်ရပ်နားကာ အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့
ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့လွှတ်တော်အစည်းအဝေးခန်းမအတွင်း 
မတ်တပ်ရပ် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ 
ယင်းအစည်းအဝေး ကိ ပြန်လည် ကျင်းပချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မည်သူတစ်ဦး တစ်ယောက်
ကို မျှ ဆွေးနွေးမှု မပြုစေဘဲ ''အဆိုရှင် တင်ပြထားတာက ဒီလုပ်ငန်းကို မလုပ်ပါနဲ့လို့ တင်ပြတာမဟုတ်ဘူး။ ဒီလုပ်ငန်းကိုအများ ယုံကြည်လေးစား တဲ့ ပုဂ္ဂိုလ်တွေနဲ့ စစ်ဆေးပြီး တွေ့ရှိချက်အပေါ်မူ တည်ပြီးဆက် လက်
ဆောင်ရွက်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ သဘောတူသော
ကြောင့် အတည်ပြုကြောင်း ကြေ ညာခဲ့ခြင်း ဖြစ်သည်။




ထို့ပြင် သတ္တုတွင်း လုပ်ငန်း များအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဘက်)၊ ကြေးစင်
တောင် ကြေးနီ သတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ဝ၄ ဧက (၂၅ ဒသမ ၃ဝ၆ စတုရန်း ကီလိုမီတာ-သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း လက်ပံ တောင်းတောင် ကြေးနီသတ္တု
တွင်း အတွက် ထပ်မံသိမ်းယူသော စုစု ပေါင်းမြေဧရိယာမှာ ၇၈၆၇ဧက (၃၂ ဒသမ ၁၆စတုရန်းကီလိုမီ တာ
-သုံးမိုင်ခွဲ ပတ်လည်) ရှိ ကြောင်းသိရသည်။




၎င်းမြေများပေါ်တွင် တည် ဆောက်ရေးလုပ်ငန်းများ၊စွန့်ပစ် မြေစုပုံမှုများ ပြုလုပ်နေခြင်း ဖြစ် ကြောင်းလက်ပံ
တောင်းကြေးနီ စီမံကိန်း အကျိုး အမြတ် ခွဲဝေမှု အနေဖြင့် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွား
ရေး ဦးပိုင်ကုမ္ပဏီလီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံ သူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည်
ဖြစ်ကြောင်း သိရသည်။




အောင်ထက် (NYK)

0 comments:

Post a Comment