Pages

Wednesday, May 8, 2013

တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အကြား ကျိုက္ကဆံလမ်းမပေါ်တွင် ယနေ့ည ၇နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွား

ရှော့ပင်းမောသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အကြား ကျိုက္ကဆံလမ်းမပေါ်တွင် မေလ ၈ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ဈေးဝယ်စင်တာသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်အမှတ် ၈ဇ/၇၄၀၈ စူပါကာစတန် မော်တော်ယာဉ်ပေါ်မှ United Living Mall Shopping Center ပေါ်မှ ဈေးဝယ်ရန် ကားပေါ်မှ ဆင်းလာသူနှစ်ဦးအား ကျောက်မြောင်းဈေးဘက်မှ ကန်တော်ကြီး မျှော်စင်ကျွန်းဘက်သို့ ကျိုက္ကဆံ လမ်းမအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်  ၄ဃ/၄၉၅၇ ဟာရီယာမော်တော်ယာဉ်သည် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ရှိ လျှပ်စစ်ဓာတ်တိုင်အား ၀င်တိုက်မိရာ ဓာတ်တိုင်ပြိုလဲမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စူပါကာစတန်ယာဉ် မောင်းနှင်သူ ကိုဇော်ဝင်းက "ကျွန်တော်တို့က ဈေးဝယ်ဖို့ အချက်ပြရပ်ထားပြီး ကားပေါ်က အဆင်းမှာ နောက်ကားက ၀င်တိုက်တာပါ။ တံခါးနဲ့ညပ်ပြီး ဆေးရုံပို့ထားသူ နှစ်ဦးလုံးရဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ကားကအရှိန်ပြင်းတော့ တံခါးရောလူရော လွင့်သွားတယ်" ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟာရီယာယာဉ်မောင်းနှင်သူအား ထိန်းသိမ်းထားပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ပြောသည်။			

ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်ပြိုလဲခဲ့ရာ တာမွေမြို့နယ်ရှိ မအူကုန်း အရိုးကုန်း၊ နတ်မောက်စသည့် ရပ်ကွက်များ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ညတွင်းချင်း ပြုပြင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အ
ကြား ကျိုက္ကဆံလမ်းမပေါ်တွင် မေလ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဈေးဝယ်စင်တာသို့ ဈေးဝယ်ရန်လာ
သူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ သဘောထားကြေငြာချက် ၃/ ၂၀၁၃ နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား

အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ သဘောထားကြေငြာချက် ၃/ ၂၀၁၃ နှင့် ပတ်သက်ပြီး  ရှင်းလင်းပြောကြား

သတင်း - နိုင်ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ ထုတ်ပြန်သော သဘောထားကြေငြာချက် ၃/ ၂၀၁၃ နှင့် ပတ်သက်ပြီး အဖွဲ့ကြီး ကိုယ်စား အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် အထွေထွေအတွင်းရေးမှုးချုပ်ဦးတင်မောင်သန်းမှ မြန်မာမွတ်စလင်မ် မီဒီယာကို ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ပါသည် 

ဒီကြေ ငြာချက် က ကျွန်တော်တို့ အဖွဲ့ကြီးအနေနဲ့ ဘယ်သူ့တိုက်တွန်းချက်ကြောင့်မှ ထုတ်တာမဟုတ်ပါဘူး၊ ပြည်တွင်းပြည်ပ မှာ ဖြစ်ပေါ်နေတဲ့ အချိန်အခါ နဲ့ အခြေအနေ အရ ထုတ်ပြန်လိုက်တာပါ။ 

တကယ်တော့ ဦးသိန်းစိန်အစိုးရ စတက်တဲ့ အချိန်မှ စပြီး ၁ နှစ်လောက်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ကံမ ၊ ကချင်ပြည်နယ် ဆိုင်းတောင်၊ ရခိုင်ပြည်နယ်အရေးအခင်း၊ ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ မွတ်စလင်မ် အချို့အားတိုက်ခိုက်မှု၊  မိတ္ထီလာအကြမ်းဖက်မှုများ ပဲခူးတိုင်းအနောက်ပိုင်း နှင့် ယခုနောက်ဆုံး ရန်ကုန်တိုင်း ဥက္ကံမြို့ အပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိမြို့များ  မွတ်စလင်မ် များအပေါ်  အကြမ်းဖက်တိုက်ခိုက် ဖျက်စီး မတော်မရား လုပ်တာတွေ ဆက်တိုက်ဖြစ်ခဲ့တယ်။ 

 ဒါနဲ့ ပတ်သက်ပြီးတော့   စဖြစ်ကတည်းက ကနေ့ အချိန်အထိ သက်ဆိုင်ရာကနေပြီး  အရေးယူ ဆောင်ရွက်မှုတွေဟာ ယခုအချိန်အထိ အားရကြေနပ်ဖွယ် မတွေ့ရပါဘူး၊

ကျွန်တော်တို့  အဖွဲ့ကြီး အနေနဲ့လည်း အဲဒီ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့   ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး အားရဖွယ် မရှိတဲ့အကြောင်း  နိုင်ငံတော်ကို အကြိမ်ကြိမ် စာတင်ပြီး ပြောခဲ့ပါတယ်။ 

ဒီလို အကြောင်းကြားခဲ့ပေမဲ့ လည်း လက်တွေ့မှာ အကြမ်းဖက်သမားတွေ၊  အကြမ်းဖက်မှုတွေကို ခေါင်းဆောင်တဲ့သူတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံဆော် ဟောပြောနေတဲ့ သူတွေ အဖွဲ့အစည်းတွေကို 
ထိထိရောက်ရောက်နဲ့  လက်တွေ့ကျကျ ဖေါ်ထုတ်ဖမ်းဆီး အရေးယူမှုတွေဟာ ဆိုယင် လွန်စွာမှပဲ  အားနည်းခဲ့တာကို တွေ့ရပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲဒီလို ထိထိရောက်ရောက် ဖေါ်ထုတ်မှု မရှိတာတွေ အရေးယူ အပြစ်ပေး မှုမရှိတာတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် စံနမှုနာ ဖြစ်အောင် အရေးယူပေးဖို့ အရေးယူတဲ့အခါမှာလည်း မျှတမှုရှိဖို့၊ နောက်ပြီး ဒီလို အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်နေတဲ့ အတွက် နိုင်ငံတော် အတွင်းမှာ နေတဲ့သူတွေ အားလုံး စိုးရိမ်ပူပမ်မှုတွေ ကြီးထွား လာနေတဲ့အတွက် နောက် အလားတူ အဲဒီလို အဖြစ်အပျက်တွေ မဖြစ်ဖို့ နိုင်ငံတော်က အကာအကွယ် ပေးဖို့  နဲ့ ပျက်စီးဆုံးရှုံး နစ်နာ ခဲ့သူတွေကို ကျောသားရင်သားမခွဲခြားပဲ ပြန်လည်ထူထောင်ရေး ကယ်ဆယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့တို့ အပြင် 
အစ္စလာမ် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု များ အတွက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် နိုင်ငံတော်မှ တာဝန်ယူ ဆောင်ရွက်ပေးရန် တွေကို ဒီကြေငြာချက်ထုတ်ပြီး တောင်းဆိုတာပါ။ 

နောက်ပြီးတော့ အခုလို အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေဖြစ်တိုင်း ကျွန်တော်တို့  မွတ်စလင်မ်တွေကို  ကူညီပေးခဲ့တဲ့ တခြားဘာသာဝင်များ ကိုကျေးဇူးတင်ကြောင်းပြောချင်တာရယ် ၊
အဲဒီလိုပဲ  အကြမ်းဖက်သမားတွေကြောင့် အကူအညီမဲ့သလိုဖြစ်နေတဲ့ ကျွန်တော်တို့ မွတ်စလင်မ်တွေ အပေါ် ကိုယ်ချင်းစာနှာမှု ကို ပြသခဲ့တဲ့  ပြည်တွင်းပြည်ပ မှ မွတ်စလင်မ်များ အပေါ် ကို ကျေးဇူးတင်ရှိပါကြောင်း
ဒီစာထဲမှာပါပါတယ်။ အကြမ်းဖက် မှု ကို တော့ ပြည်တွင်းမှာ ဖြစ်စေ ပြည်ပ ကပဲ ဖြစ်စေ ဘယ်သူပဲလုပ်လုပ် မြန်မာမွတ်စလင်မ်ထု အနေနဲ့ ဆန့်ကျင်ပါတယ် ဆိုတဲ့ အကြောင်းလဲ ပြောချင်ပါတယ်။ 

နောက်ဆုံး အနေနဲက ပြောချင်တာက ကျွန်တော်တို့ အစ္စလာမ် အဖွဲ့ကြီးအနေနဲ့ မွတ်စလင်မ်ထု တစ်ရပ်လုံး လွတ်လွတ်လပ်လပ်ဖြင့် ပြည့်ဝသောနိုင်ငံသားများအဖြစ် အမြဲတမ်း ငြိမ်းချမ်းစွာ ရပ်တည်နိုင်သည့် အထိ 
ကြုံတွေ့လာနိုင်တဲ့ အခက်အခဲ မျိုးစုံကို မြန်မာမွတ်စလင်မ်ထု တစ်ရပ်လုံးရဲ့ အကျိုးအတွက် ပြည်သူအားလုံးနဲ့အတူ လက်တွဲပြီး ရဲရဲဝံ့ဝံ့ ဆက်လက် ကြိုးပမ်းအားထုတ် သွားမှာ ဖြစ်ပါတယ်ဆိုပြီး ပြောချင်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ ထုတ်ပြန်သော သဘောထားကြေငြာချက် ၃/ ၂၀၁၃ နှင့် ပတ်သက်ပြီး အဖွဲ့ကြီး ကိုယ်စား အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် အထွေထွေအ
တွင်းရေးမှုးချုပ်ဦးတင်မောင်သန်းမှ မြန်မာမွတ်စလင်မ် မီဒီယာကို ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ပါသည် ။

ဂျကာတာမှ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲတပ်ဖွဲ့ စီးနင်း တိုက်ခိုက်

ဂျကာတာမှ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲတပ်ဖွဲ့ စီးနင်း တိုက်ခိုက်
=============
မေ-၈၊ ၂၀၁၃
M-Media

ဘန်ဒန်။ ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူလေးဦး ခိုအောင်းရာနေရာသို့ အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များမှ ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၀ မိနစ်က အနောက်ဂျာဗား၊ ဗန်ဒန်မြို့ရှိ အကြမ်းဖက်သမားဟု ယူဆရသူများ ပုန်းအောင်းရာနေအိမ်သို့ အထူးတပ်ဖွဲ့ဝင်များ ရှောင်တခင်ဝင်ရောက်ခဲ့ရာ သံသယရှိသူတစ်ဦးမှ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲဝင်ဝတ်စုံများ ၀တ်ထားသော ရဲတပ်ဖွဲ့ဝင်များက တုံ့ပြန်ပစ်ခတ်ခဲ့ပြီး၊ အဆောက်အဦးအတွင်းသို့လည်း မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခဲ့သည်။ ရာပေါင်းများစွာသော ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်အဦးအား ၀န်းရံပိတ်ဆို့ထားပြီး၊ ထိုအဖြစ်အပျက်များကို ကြည့်ရှုနေသော လူအုပ်ကြီးလည်း ရှိနေသည်ဟု AFP သတင်းထောက်က ဆိုသည်။

နာရီများစွာကြာပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အနီးအနားရှိ မော်တော်ယာဉ်တစ်စီးသို့ လူတစ်ယောက်ကို ဆွဲယူလာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း အသက် ၂၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း အခြေအနေမှာရှင်းလင်းခြင်းမရှိသေးဟု ရဲတပ်ဖွဲ့၏ ပြောခွင့်ရသူက ဆိုသည်။ အဆိုပါသံသယရှိသူမှာ လက်နက်ချခြင်းမပြုဘဲ အခြားသော အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ထပ်လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ဂျကာတာတွင် အကြမ်းဖက်သမားများကို ဖမ်းမိပြီးနောက် စပါးခင်းများအလယ်တွင်တည်ရှိသည့် အဆိုပါအိမ်သို့ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု လက်ထောက်ရဲချုပ် နန်နန် ဆိုကာရ်နာ(Nanan Soekarna) ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်းများစွာသေကြေခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ထိုအကြမ်းဖက်မှုအား လက်စားချေရန်အတွက် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်သည့် သံသယရှိသူနှစ်ဦးကို အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့မှ လွန်ခဲ့သည့် ကြာသာပတေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရေပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၅လုံးကို ထိုသူနှစ်ဦးသယ်ဆောင်လာသည့် ကျောပိုးအိတ်တွင် တွေ့ရှိခဲ့ပြီး သောကြာနေ့တွင် ဗုံးခွဲရန်စီစဉ်ထားကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များကို ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကမ္ဘာ့မွတ်စလင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်များ ဒေါသကို ကြီးထွားစေခဲ့သည်။

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ပြီးနောက် ရာပေါင်းများစွာသော အစ္စလာမ် ကာကွယ်ရေးတပ်ဦးမှ အဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအပေါ် လက်စားချေရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မတ်လအတွင်း ဗုဒ္ဓဘာသာဝင်လူအုပ်စုက အစ္စလာမ်ဘာသာဝင်များ အပေါ်သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလွန် စိုးရိမ်ဖွယ်ရာကောင်းသည့် တင်းမာမှု အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့ကြားတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၂၀၀ ၀န်းကျင်ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Ref: ChannelNews Asia

ဘန်ဒန်။ ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူလေး
ဦး ခိုအောင်းရာနေရာသို့ အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များမှ ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီး
နင်းခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

Android ဖုန်းနဲ့ Tablet ပိုင်ရှင်တွေအတွက် Viber ရဲ့နောက်ဆုံးထွက်ဗားရှင်း Viber v3.0.0.1686 Apk

Viber v3.0.0.1686 Apk 
===============
Android ဖုန်း/Tablet တွေအတွက် မေလ ၇ ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ပြောလို့ရ ၊ Message Free ပို့လို့ရ ၊ Group chat ပြောရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပါပြီ။
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

>> http://www.mirrorupload.net/file/UOHMLZSK/

>> http://adf.ly/ad/locked?url=ObGy7&t=s

>> http://www19.zippyshare.com/v/85127570/file.html

အမျိုးကောင်းသား

Android ဖုန်း/Tablet တွေအတွက် မေလ ၇ ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။

Update: မေလ ၈ ရက် (ဗုဒ္ဓဟူး) ညပိုင်းနှင့် မေလ ၉ ရက် (ကြာဿပတေး) နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ဥရောပ လိဂ်ဘောလုံးပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

မေလ ၈ ရက် (ဗုဒ္ဓဟူး) ညပိုင်းနှင့် မေလ ၉ ရက် (ကြာဿပတေး) နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ဥရောပ လိဂ်ဘောလုံးပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုရန်

အင်္ဂလန်ပရီးမီးယားလိဂ်
................................
မေလ ၉ ရက်၊ ကြာဿပတေး
ချယ်လ်ဆီး vs တော့တင်ဟမ် (နံနက် ၁း၁၅)

Yangon Muslims face risk of genocide

National Democratic Party for Development of Myanmar SG Naeem:

National Democratic Party for Development of Myanmar SG Naeem: "We are concerned that what has been taking place in Arakan may spread to Yangon"

မန်ယူ နည်းပြအဖြစ်မှ ဖာဂူဆန် အနားယူတော့မည်

မန်ယူ နည်းပြအဖြစ်မှ ဖာဂူဆန် အနားယူတော့မည်။
===
မေ ၈ ၊ ၂၀၁၃
M-Media

ကမ္ဘာကျော် ဘောလုံးကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဆာ အဲလက်စဖာဂူဆန်ဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ နည်းပြအဖြစ်မှ အနားယူတော့ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ 

အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ ၁၉၈၆ ခုနှစ်မှ စတင်ပြီး မန်ချက်စတာကို ကိုင်တွယ်နည်းပြခဲ့ပြီး ပရီမီယာလိဂ် ချန်ပီယံ ၁၃ ကြိမ်၊ ဥရောပ ချန်ပီယံဆုကို ၂ ကြိမ် အခြားသော ဆုဖလားပေါင်းများစွာ ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ 

ကျနော် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရတာပါ၊ အခု အချိန် ကျနော်အနားယူဖို့ဆုံးဖြတ်ချက်ဟာ အသင့်အတော်ဆုံး ပါလို့ ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။ 

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ပရီမီယာလိဂ်ကို လဲ ဘောလုံး ရာသီမကုန်ဆုံးခင် ဆွတ်ခူးရရှိခဲ့ပါတယ်။

Ref:http://sports.ndtv.com

မေ ၈ ၊ ၂၀၁၃
ကမ္ဘာကျော် ဘောလုံးကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဆာ အဲလက်စဖာဂူ
ဆန်ဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ နည်းပြအဖြစ်မှ အနားယူတော့ဖြစ်ကြောင်း ကြေညာလိုက်ပါ
တယ်။

"မွေးနေ့နဲ့ အနုပညာ သက်တမ်း ၁၅ နှစ် ပြည့် အထိမ်းအမှတ် King of the Set ရှိုးပွဲကြီး ကျင်းပမယ့် ဒါရိုက်တာ ညိုမင်းလွင်"

"မွေးနေ့နဲ့ အနုပညာ သက်တမ်း ၁၅ နှစ် ပြည့် အထိမ်းအမှတ် King of the Set ရှိုးပွဲကြီး ကျင်းပမယ့် ဒါရိုက်တာ ညိုမင်းလွင်"

ဒါရိုက်တာ ညိုမင်းလွင်က “ရင်တွင်းခေါ်သံ” ဆိုတဲ့ ဇာတ်ကားကို နိုင်းနိုင်း၊ နဝရတ် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က ပထမဆုံး နှစ်ကိုယ်ခွဲ ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်သလို သရဲ ဇာတ်ကား ကို သေ ချာပြင်ဆင်ပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပြပါတယ်။

“ကျွန်တော့်ကို သရဲကား မရိုက် တော့ဘူးလား၊ “ညကျောင်း” လို ဇာတ်ကား မျိုး ပြန်ရိုက်ပါဦးလို့ ပြော ကြတဲ့ ပရိသတ်တွေ အတွက် ကျွန် တော် အခု ပထမဆုံး ပြန်ရိုက်ဖြစ်တဲ့ သရဲကားပေါ့။ ကျွန်တော် ကိုယ်တိုင်က သရဲကြောက်တတ်တဲ့ အတွက် ကိုယ်ဆို ဘယ်လိုမျိုးကို ကြောက်မလဲ၊ ဘယ်လို အခြေအနေမျိုး မှာကြောက် လဲပေါ့။ အဲဒီအတွက် ကိုယ်က သူများကို ခြောက်တာ သူများ နဲ့မတူဘူးပေါ့။ ကျွန်တော့် အတွက် ဒီကားမှာ မှတ်မှတ် ရရက ကျွန်တော် ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့တဲ့ အထဲမှာ ဒီကားက ပထမဆုံး နှစ်ကိုယ်ခွဲ စတင်ရိုက်ကူးတဲ့ ကားလေးပါ။ ကျွန်တော်က အတတ်နိုင်ဆုံးတော့ သေသေချာချာလေး၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်မှာပါ။ ပရိသတ်တွေ စိတ်ကျေနပ် စေမယ့်ကားပါ။ မျှော်လင့်ရ ကျိုးနပ်အောင် ကျွန်တော် သေသေချာ ချာ အချိန်ယူ ပြင်ဆင်ပြီးမှ ရိုက်မှာပါ” လို့ ပြောပြ ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က စက်တင်ဘာလ မှာ ကျရောက်မယ့် မွေးနေ့ နဲ့ အနုပညာ သက်တမ်း ၁၅နှစ်ပြည့် ပွဲကို ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပြပါတယ်။ ပရိသတ်တွေ အတွက် အခမဲ့ ဖျော်ဖြေပွဲ လုပ်ပေး မှာဖြစ်ပြီး အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ အတူ ကျင်းပ မယ်လို့ ပြောပြပါတယ်။ ပွဲကိုတော့ King of the Set ရှိုးပွဲ အဖြစ် ကျင်းပသွား မယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

အေးချမ်းမွန် Credit & Copy From > Popular Journal <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဒါရိုက်တာ ညိုမင်းလွင်က “ရင်တွင်းခေါ်သံ” ဆိုတဲ့ ဇာတ်ကားကို နိုင်းနိုင်း၊ နဝရတ် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က ပထမဆုံး နှစ်ကိုယ်ခွဲ ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်သလို သရဲ ဇာတ်ကား ကို သေ ချာပြင်ဆင်ပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပြပါတယ်။

မန်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသောင်း

မန်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသောင်း

မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် အတွင်း မော်တော်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းသူတွေ၊ ယာဉ်နောက်လိုက်တွေ လမ်းအသုံးပြုသူတွေ အနေနဲ့ စည်းကမ်းဖောက်ဖျက် ကျူးလွန်ရင် ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ (သုံးသောင်း)ကနေ အများဆုံး ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ချမှတ်ခြင်းခံရမယ့် အမိန့်ကြေငြာချက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်လိုက် ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်ကြေငြာချက်မှာ စည်းကမ်းဖောက်ဖျက်ပါက အနည်းဆုံး ငွေဒဏ် ကျပ် ၂၀၀၀၀ (နှစ်သောင်း)ကနေ အများဆုံး ငွေဒဏ် ကျပ် ၁၀၀၀၀၀ (တစ်သိန်း)အထိ ပေးဆောင်ရမည်လို့ ပါရှိတာကို ယခုအမိန့်နဲ့ ပြင်ဆင်သတ်မှတ်လိုက် တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အမိန့်မှာ လိုက်နာရမယ့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအချက်ပေါင်း ၃၅ ချက် ပါရှိပါတယ်။
အရင်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်ရင် မော်တော်ယာဉ် ဥပဒေအရ ကျပ် ၁၅၀၀ စည်ပင်ဥပဒေပုဒ်မအရ ကျပ် ၁၀၀၀၀ ပေးဆောင် ခဲ့ရတာဖြစ်ပါတယ်။

အေးချမ်းမွန် Credit & Copy From >  The Modern News Journal<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် အတွင်း မော်တော်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းသူတွေ၊ ယာဉ်
နောက်လိုက်တွေ လမ်းအသုံးပြုသူတွေ အနေနဲ့ စည်းကမ်းဖောက်ဖျက် ကျူးလွန်ရင် ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ (သုံးသောင်း)ကနေ အများဆုံး ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ချမှတ်ခြင်းခံရမယ့် အမိန့်ကြေငြာ
ချက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်လိုက် ပါတယ်။

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။


http://www.myawady.com.mm/knowledge/incredibleworld/other-case/item/13166-2013-05-08-10-26-54

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုး
သစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်
ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအားရန်ကုန်တွင် မေ(၆)ရက်စတင်ပြီး(၁၂)ရက်နေ့ထိ ကျင်းပသွားမည်


ရန်ကုန-် မေ၈ ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ် လှုပ်ရှားမှုအား
ရန်ကုန်တွင် မေ(၆)ရက်စတင်ပြီး(၁၂)ရက်နေ့ထိကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

နစ်ချို.နေသော လူလိမ်များ (ကဗျာ ) The Liar By Carl Sandburg , American Poet

နစ်ချို.နေသော လူလိမ်များ
The Liar By Carl Sandburg , American Poet


လူလိမ်ဆိုတာ
သုဘရာဇာတောင် ချမ်းသာမပေး
သေသည်.တိုင် လိမ်ခိုင်းပါတော.တယ်။

လူလိမ် ဆိုတာ
အကောင်းတွေဝတ် လိမ်။
အစုတ်တွေ နဲ. လိမ်။
ကိုယ် လုံးတီးနဲ.တောင် လိမ်သေးတယ်။
သူတို.ဟာ ---
လိမ်ဆင်အမျိုးမျိုးနဲ.—
တိုးတိုး၍
မရိုးနိုင် အောင် ပိပိယိယိ တိုင်ပတ်လိမ်သည်ပေါ.။

သင်္ချိုင်းက ပန်းရံ ဆရာ
ထမင်းငတ်မှာ မပူပန်ရဘူး၊
လူလိမ်ကြောင်.လေ---
ခမြာမှာ စီးပွားတော်တော်ဖြစ်တော.တယ်။

ဦးသုဘရာဇာ
ကျောက်ကညစ် ကူ ကာ ဖြင်.
မဟုတ်တာ အဟုတ်လုပ် ရေးနေရပြီ၊
ဂူမှာတည်တဲ. ထွင်းစာ---မုသာတွေ အတိ --
မသာလူလိမ်၏ စကား၊ သို.အားဖြင်. ---
ကျောက်သားပြင် မှာ ကျန်ခဲ.တယ်။

လူလိမ်ဆိုတာ
တိုင်းပြည်ကို လိမ်တယ်။
လူထုကိုလိမ်တယ်။
လူတွေသွေးကိုဖေါက်သောက်တယ်။
ဇက်ပိုး က မုသားထွက်
သူ.အသံကြီးနက်နက် နဲ.
ဒီသွေးစုတ်ဖုတ်ကောင်ကြီး အရီမပျက်××
ဒီကောင်ကြီးတွေ
လိမ်လာတာကြာပြီပေါ.။
သူတို.ဟာ---နှစ်ချို.နေသော ဖုတ်ကောင်များ၊

လူလိမ် လူလိမ်---သူဖြောင်.ပုံ ဆိုဖွယ်ရာ မရှိဘူး။
ခွေးရဲ. စွေစောင်းစောင်း နောက်ခြေထောက်၊
ပြီးတော.- ကောက်နေတဲ. ဖေါက်တံ ၀က်အူ
သူနဲ. အတော်တူသည်ပေါ.၊
သူ.စာရိတ္တ ဖြူဖြူဖွေးပါသလား၊
အမှောင်ညသန်ကောင်မှာ အစခြေရာ ရှာမရတဲ.
အမောင် ကြောင်မဲ ကြီး ဖြူသလောက်သာ။

အော်-လူလိမ်လူလိမ်
ဒီလိုနဲ.---ကမ္ဘာပတ်ပြီး လိမ်တော.တယ်။

အမေရိကန် စာရေး ဆရာ နှင့် ကဗျာဆရာ ကားလ်ဆန် ဘာ(ဂ်)

The Liar ကဗျာ ကို အေးအေး စိုးဝင်း ဘာသာ ပြန် ဆိုသည်။

May 7၊ 2013

(Photo: Christophe Archambault/ AFP-Getty Images)

Freedom News Group(Burma)
(Photo: Christophe Archambault/ AFP-Getty Images)
လူလိမ်ဆိုတာ
သုဘရာဇာတောင် ခ