Pages

Wednesday, May 8, 2013

နစ်ချို.နေသော လူလိမ်များ (ကဗျာ ) The Liar By Carl Sandburg , American Poet

နစ်ချို.နေသော လူလိမ်များ
The Liar By Carl Sandburg , American Poet


လူလိမ်ဆိုတာ
သုဘရာဇာတောင် ချမ်းသာမပေး
သေသည်.တိုင် လိမ်ခိုင်းပါတော.တယ်။

လူလိမ် ဆိုတာ
အကောင်းတွေဝတ် လိမ်။
အစုတ်တွေ နဲ. လိမ်။
ကိုယ် လုံးတီးနဲ.တောင် လိမ်သေးတယ်။
သူတို.ဟာ ---
လိမ်ဆင်အမျိုးမျိုးနဲ.—
တိုးတိုး၍
မရိုးနိုင် အောင် ပိပိယိယိ တိုင်ပတ်လိမ်သည်ပေါ.။

သင်္ချိုင်းက ပန်းရံ ဆရာ
ထမင်းငတ်မှာ မပူပန်ရဘူး၊
လူလိမ်ကြောင်.လေ---
ခမြာမှာ စီးပွားတော်တော်ဖြစ်တော.တယ်။

ဦးသုဘရာဇာ
ကျောက်ကညစ် ကူ ကာ ဖြင်.
မဟုတ်တာ အဟုတ်လုပ် ရေးနေရပြီ၊
ဂူမှာတည်တဲ. ထွင်းစာ---မုသာတွေ အတိ --
မသာလူလိမ်၏ စကား၊ သို.အားဖြင်. ---
ကျောက်သားပြင် မှာ ကျန်ခဲ.တယ်။

လူလိမ်ဆိုတာ
တိုင်းပြည်ကို လိမ်တယ်။
လူထုကိုလိမ်တယ်။
လူတွေသွေးကိုဖေါက်သောက်တယ်။
ဇက်ပိုး က မုသားထွက်
သူ.အသံကြီးနက်နက် နဲ.
ဒီသွေးစုတ်ဖုတ်ကောင်ကြီး အရီမပျက်××
ဒီကောင်ကြီးတွေ
လိမ်လာတာကြာပြီပေါ.။
သူတို.ဟာ---နှစ်ချို.နေသော ဖုတ်ကောင်များ၊

လူလိမ် လူလိမ်---သူဖြောင်.ပုံ ဆိုဖွယ်ရာ မရှိဘူး။
ခွေးရဲ. စွေစောင်းစောင်း နောက်ခြေထောက်၊
ပြီးတော.- ကောက်နေတဲ. ဖေါက်တံ ၀က်အူ
သူနဲ. အတော်တူသည်ပေါ.၊
သူ.စာရိတ္တ ဖြူဖြူဖွေးပါသလား၊
အမှောင်ညသန်ကောင်မှာ အစခြေရာ ရှာမရတဲ.
အမောင် ကြောင်မဲ ကြီး ဖြူသလောက်သာ။

အော်-လူလိမ်လူလိမ်
ဒီလိုနဲ.---ကမ္ဘာပတ်ပြီး လိမ်တော.တယ်။

အမေရိကန် စာရေး ဆရာ နှင့် ကဗျာဆရာ ကားလ်ဆန် ဘာ(ဂ်)

The Liar ကဗျာ ကို အေးအေး စိုးဝင်း ဘာသာ ပြန် ဆိုသည်။

May 7၊ 2013

(Photo: Christophe Archambault/ AFP-Getty Images)

Freedom News Group(Burma)
(Photo: Christophe Archambault/ AFP-Getty Images)
လူလိမ်ဆိုတာ
သုဘရာဇာတောင် ချမ်းသာမပေး
သေသည်.တိုင် လိမ်ခိုင်းပါတော.တယ်။
လူလိမ် ဆိုတာ
အကောင်းတွေဝတ် လိမ်။
အစုတ်တွေ နဲ. လိမ်။
ကိုယ် လုံးတီးနဲ.တောင် လိမ်သေးတယ်။
သူတို.ဟာ ---
လိမ်ဆင်အမျိုးမျိုးနဲ.—
တိုးတိုး၍
မရိုးနိုင် အောင် ပိပိယိယိ တိုင်ပတ်လိမ်သည်ပေါ.။


သင်္ချိုင်းက ပန်းရံ ဆရာ
ထမင်းငတ်မှာ မပူပန်ရဘူး၊
လူလိမ်ကြောင်.လေ---
ခမြာမှာ စီးပွားတော်တော်ဖြစ်တော.တယ်။

ဦးသုဘရာဇာ
ကျောက်ကညစ် ကူ ကာ ဖြင်.
မဟုတ်တာ အဟုတ်လုပ် ရေးနေရပြီ၊
ဂူမှာတည်တဲ. ထွင်းစာ---မုသာတွေ အတိ --
မသာလူလိမ်၏ စကား၊ သို.အားဖြင်. ---
ကျောက်သားပြင် မှာ ကျန်ခဲ.တယ်။


လူလိမ်ဆိုတာ
တိုင်းပြည်ကို လိမ်တယ်။
လူထုကိုလိမ်တယ်။
လူတွေသွေးကိုဖေါက်သောက်တယ်။
ဇက်ပိုး က မုသားထွက်
သူ.အသံကြီးနက်နက် နဲ.
ဒီသွေးစုတ်ဖုတ်ကောင်ကြီး အရီမပျက်××
ဒီကောင်ကြီးတွေ
လိမ်လာတာကြာပြီပေါ.။
သူတို.ဟာ---နှစ်ချို.နေသော ဖုတ်ကောင်များ၊

လူလိမ် လူလိမ်---သူဖြောင်.ပုံ ဆိုဖွယ်ရာ မရှိဘူး။
ခွေးရဲ. စွေစောင်းစောင်း နောက်ခြေထောက်၊
ပြီးတော.- ကောက်နေတဲ. ဖေါက်တံ ၀က်အူ
သူနဲ. အတော်တူသည်ပေါ.၊
သူ.စာရိတ္တ ဖြူဖြူဖွေးပါသလား၊
အမှောင်ညသန်ကောင်မှာ အစခြေရာ ရှာမရတဲ.
အမောင် ကြောင်မဲ ကြီး ဖြူသလောက်သာ။

အော်-လူလိမ်လူလိမ်
ဒီလိုနဲ.---ကမ္ဘာပတ်ပြီး လိမ်တော.တယ်။

အမေရိကန် စာရေး ဆရာ နှင့် ကဗျာဆရာ ကားလ်ဆန် ဘာ(ဂ်)
The Liar ကဗျာ ကို အေးအေး စိုးဝင်း ဘာသာ ပြန် ဆိုသည်။

Freedom News , Rangonnewsdaily
RND:  :8.5.2013

0 comments:

Post a Comment