Pages

Wednesday, May 8, 2013

မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊ အကြမ်းဖက်ခဲ့သည့် အခြားရဟန်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့်စပ်လျဉ်း၍မူ နှုတ်ဆိတ်နေကြဆဲ

မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊ အကြမ်းဖက်ခဲ့သည့် အခြားရဟန်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့်စပ်လျဉ်း၍မူ နှုတ်ဆိတ်နေကြဆဲ
===========
M-Media
မေလ ၈ ရက်၊ ၂၀၁၃

မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှု၌ သေဆုံးခဲ့သော ဘုန်းကြီးတစ်ပါးအမှုတွင် ပါဝင် ပတ်သက်နေသည့် သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ် ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းမွတ်စလင်များ၏ ရုံးချိန်းကို လာမည့် သောကြာနေ့တွင် ကြားနာရန် စီစဉ်ထားသည်။ သံသယ တရားခံ ၆ ဦးတွင် အသက် ၂၀ အရွယ် (အသက်အငယ်ဆုံး သံသယတရားခံ) ဖြစ်သူမှာ ၄င်းအမှု၌ အဓိက သက်ဆိုင်သူဖြစ်ကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။ ၇ ဦးမြောက် သံသယ တရားခံမှာ ကလေးသူငယ်ဆိုင်ရာ တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ၄င်းအမှု၌ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ အခြား ၄ ဦးကိုလည်း လိုက်လံ ရှာဖွေလျက် ရှိနေသေးကြောင်း ဦးရဲအောင်မြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။

မိတ္ထီလာ၊ ဥက္ကံနှင့် အခြားမြို့နယ်များတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်ကြရာ၌ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ကိုယ်တိုင်ဦးဆောင်ပြီး မွတ်စလင် ကလေးလူကြီးများ အားလုံးကို သတ်ဖြတ်ညှဉ်းစဲ ခဲ့ကြသော်လည်း ထိုတရားခံ ဘုန်းကြီးများနှင့် အကြမ်းဖက်သူ ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍ သက်ဆိုင်သလို အကြီးမားဆုံး ပြစ်ဒဏ်များ ချမှတ်ရန် ကိစ္စတွင်မူ နိုင်ငံတော်အစိုးရတာဝန်ရှိသူများက နှုတ်ဆိတ်လျက်ပင် ရှိနေသေးသည်။

သတင်း - AFP
ဓါတ်ပုံအညွှန်း- အကြမ်းဖက်သတ်ဖြတ် ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးပုံဖြစ်ပါသည်။
သတင်း - AFP
ဓါတ်ပုံအညွှန်း- အကြမ်းဖက်သတ်ဖြတ် ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးပုံဖြစ်ပါသည်။
မေလ ၈ ရက်၊ ၂၀၁၃

မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှု၌ သေဆုံးခဲ့သော ဘုန်းကြီးတစ်ပါးအမှုတွင် ပါဝင် ပတ်သက်နေ
သည့်သံသယတရားခံမွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ် ရင်ဆိုင်ရလိမ့်
မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းမွတ်စလင်များ၏ ရုံးချိန်းကို လာမည့် သောကြာနေ့တွင် ကြားနာရန် စီစဉ်ထားသည်။ သံသယ တရားခံ ၆ ဦးတွင် အသက် ၂၀ အရွယ် (အသက်အငယ်ဆုံး သံသယတရားခံ) ဖြစ်သူမှာ ၄င်းအမှု၌ အဓိက သက်ဆိုင်
သူဖြစ်ကြောင်း ဦးရဲအောင်မြင့်က ဆိုသည်။ ၇ ဦးမြောက် သံသယ တရားခံမှာ ကလေးသူငယ်ဆိုင်ရာ တရား
ရုံးတွင်အမှုရင်ဆိုင်ရမည်ဖြစ်ပြီး၎င်းအမှု၌ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ အခြား ၄ ဦးကိုလည်း လိုက်
လံ ရှာဖွေလျက် ရှိနေသေးကြောင်း ဦးရဲအောင်မြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။

မိတ္ထီလာ၊ ဥက္ကံနှင့် အခြားမြို့နယ်များတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်ကြရာ၌ ဗုဒ္ဓဘာသာ ဘုန်းကြီး
များ ကိုယ်တိုင်ဦးဆောင်ပြီးမွတ်စလင် ကလေးလူကြီးများ အားလုံးကို သတ်ဖြတ်ညှဉ်းစဲ ခဲ့ကြသော်လည်း ထို
တရားခံ ဘုန်းကြီးများနှင့် အကြမ်းဖက်သူ ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍ သက်ဆိုင်သလို အကြီးမားဆုံး
ပြစ်ဒဏ်များ ချမှတ်ရန် ကိစ္စတွင်မူ နိုင်ငံတော်အစိုးရတာဝန်ရှိသူများက နှုတ်ဆိတ်လျက်ပင် ရှိနေသေးသည်။
 
M-Media , Rangonnewsdaily
RND:  :8.5.2013 


0 comments:

Post a Comment