Pages

Wednesday, May 8, 2013

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။ ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အမှု အား စစ်ဆေးခွင့်ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ်သူ ဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင်ရည်းစားဖြစ်ခဲ့ကြ ပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင် အား လက်ထပ်ပါမည်ဟုယုံ ကြည်အောင် ပြောဆိုကာ ကာမရယူ ခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့ကြောင်း ကလေး၏ အသက် ၁ နှစ်နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်းဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ တိုင် ကြားခဲ့ပြီး ဦးကျော်သီ ဟနေထိုင်သည့် ရပ်ကွက်မှ လူကြီးများမှညှိနှိုင်းပေး သဖြင့် မယားစရိတ်၊ ကလေးစရိတ်အဖြစ် ငွေကျပ်လေးသိန်းအား ပေးချေခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှု မပြုလုပ်တော့ကြောင်း အဆိုလွှာတွင် ပါရှိသည်။

ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင်တို့မိသားစုမှာ စား ဝတ်နေရေးခက်ခဲနေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန်အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦးက ပြော သည်။

ဦးကျော်သီဟကမူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်အား သမီးရည်း စား ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ထပ်ပေါင်းသင်းပါ မည်ဟု ယုံကြည်အော င်ပြောဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်း ဆိုထားပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် လူကြီးများရှေ့တွင်ညှိနှိုင်း၍ မယား စရိတ် ကလေးစရိတ်အဖြစ်ငွေကျပ်လေး သိန်းပေးခဲ့သည်မှာလည်း မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

''ကျွန်တော် လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်ဖြစ်လာမှ ဒါတွေက ဖြစ်တာတာပါ။ ကျွန်တော့်ကို မနာလိုတဲ့ သူတွေက လုပ်ကြတာ။ ကျွန်တော်က တော့ ခေါင်းထဲမှာ ဒီကိစ္စ သိပ်မရှိပါ ဘူး။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်း တွေနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာပါ'' ဟု ဦး ကျော်သီဟက ပြောသည်။

လက်ရှိတွင် အမှုအား ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး မှုများ လုပ်ဆောင်နေပြီး မေလ ၁၃ ရက်နေ့တွင် ဆက်လက်စစ်ဆေးဖို့ ရှိ ကြောင်း ကလေးငယ်၏ ရှေ့နေ ဦးအေး သောင်းက ပြောသည်။

ဦးကျော်သီဟသည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင် ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်
ဦး ဖြစ်သည်။

ဖိုးလပြည့် (ပေါ်ပြုလာမြန်မာ) , Rangonnewsdaily
RND:  :8.5.2013
 

0 comments:

Post a Comment