Pages

Wednesday, May 8, 2013

ဂျကာတာမှ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲတပ်ဖွဲ့ စီးနင်း တိုက်ခိုက်

ဂျကာတာမှ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲတပ်ဖွဲ့ စီးနင်း တိုက်ခိုက်
=============
မေ-၈၊ ၂၀၁၃
M-Media

ဘန်ဒန်။ ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူလေးဦး ခိုအောင်းရာနေရာသို့ အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များမှ ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၀ မိနစ်က အနောက်ဂျာဗား၊ ဗန်ဒန်မြို့ရှိ အကြမ်းဖက်သမားဟု ယူဆရသူများ ပုန်းအောင်းရာနေအိမ်သို့ အထူးတပ်ဖွဲ့ဝင်များ ရှောင်တခင်ဝင်ရောက်ခဲ့ရာ သံသယရှိသူတစ်ဦးမှ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲဝင်ဝတ်စုံများ ၀တ်ထားသော ရဲတပ်ဖွဲ့ဝင်များက တုံ့ပြန်ပစ်ခတ်ခဲ့ပြီး၊ အဆောက်အဦးအတွင်းသို့လည်း မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခဲ့သည်။ ရာပေါင်းများစွာသော ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်အဦးအား ၀န်းရံပိတ်ဆို့ထားပြီး၊ ထိုအဖြစ်အပျက်များကို ကြည့်ရှုနေသော လူအုပ်ကြီးလည်း ရှိနေသည်ဟု AFP သတင်းထောက်က ဆိုသည်။

နာရီများစွာကြာပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အနီးအနားရှိ မော်တော်ယာဉ်တစ်စီးသို့ လူတစ်ယောက်ကို ဆွဲယူလာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း အသက် ၂၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း အခြေအနေမှာရှင်းလင်းခြင်းမရှိသေးဟု ရဲတပ်ဖွဲ့၏ ပြောခွင့်ရသူက ဆိုသည်။ အဆိုပါသံသယရှိသူမှာ လက်နက်ချခြင်းမပြုဘဲ အခြားသော အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ထပ်လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ဂျကာတာတွင် အကြမ်းဖက်သမားများကို ဖမ်းမိပြီးနောက် စပါးခင်းများအလယ်တွင်တည်ရှိသည့် အဆိုပါအိမ်သို့ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု လက်ထောက်ရဲချုပ် နန်နန် ဆိုကာရ်နာ(Nanan Soekarna) ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်းများစွာသေကြေခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ထိုအကြမ်းဖက်မှုအား လက်စားချေရန်အတွက် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်သည့် သံသယရှိသူနှစ်ဦးကို အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့မှ လွန်ခဲ့သည့် ကြာသာပတေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရေပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၅လုံးကို ထိုသူနှစ်ဦးသယ်ဆောင်လာသည့် ကျောပိုးအိတ်တွင် တွေ့ရှိခဲ့ပြီး သောကြာနေ့တွင် ဗုံးခွဲရန်စီစဉ်ထားကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များကို ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကမ္ဘာ့မွတ်စလင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်များ ဒေါသကို ကြီးထွားစေခဲ့သည်။

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ပြီးနောက် ရာပေါင်းများစွာသော အစ္စလာမ် ကာကွယ်ရေးတပ်ဦးမှ အဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအပေါ် လက်စားချေရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မတ်လအတွင်း ဗုဒ္ဓဘာသာဝင်လူအုပ်စုက အစ္စလာမ်ဘာသာဝင်များ အပေါ်သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလွန် စိုးရိမ်ဖွယ်ရာကောင်းသည့် တင်းမာမှု အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့ကြားတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၂၀၀ ၀န်းကျင်ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Ref: ChannelNews Asia

ဘန်ဒန်။ ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူလေး
ဦး ခိုအောင်းရာနေရာသို့ အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များမှ ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီး
နင်းခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး
======================================
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေကို မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းရေးသားဖော်ပြသည်။

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopo ၏အဆိုအရ  ပစ်ခတ်မှုများဖြစ်ပွားခဲ့ရခြင်းမှာ  စစ်သွေးကြွဟု သံသယရှိခံရသူများက ခိုအောင်းနေသော နေအိမ်အတွင်းမှနေ၍ ပြန်လည်ခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေအိမ်နှင့် အနီးတ၀ိုက်တွင် နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီးTimur Pradopo ကပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော  အေပီသတင်းဌာနမှ သတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့က စစ်သွေးကြွများကို လက်နက်ချပြီး ထွက်လာကြရန် သတိပေးပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတိပေးပြောဆိုနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ လဆန်ပိုင်းက မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်မည်ဟု သံသယရှိခံရသော အစွန်းရောက်စစ်သွေးကြွ  ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက  မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက်ခိုက်ခံရခြင်းအတွက် ပြန်လည်လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အင်ဒိုနီရှားမှ လာသော သတင်းများတွင် ဖော်ပြထားသည်။
ဂျကာတာမြို့ရှိ မြန်မာသံရုံးကို လုံခြုံရေး ပေးနေကြသော အင်ဒိုနီးရှား ရဲတပ်ဖွဲ့ (ဓာတ်ပုံ – Reuters)

ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၀ မိနစ်က အနောက်ဂျာဗား၊ ဗန်ဒန်မြို့ရှိ အကြမ်းဖက်သမားဟု ယူဆရ

သူများ ပုန်းအောင်းရာနေအိမ်သို့ အထူးတပ်ဖွဲ့ဝင်များ ရှောင်တခင်ဝင်ရောက်ခဲ့ရာ သံသယရှိသူတစ်ဦးမှ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲဝင်ဝတ်စုံများဝတ်ထားသောရဲတပ်ဖွဲ့ဝင်များကတုံ့ပြန်ပစ်ခတ်ခဲ့ပြီး၊ အဆောက်အဦးအတွင်းသို့လည်း

 မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခဲ့သည်။ ရာပေါင်းများစွာသော ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်
အဦးအား ၀န်းရံပိတ်ဆို့ထားပြီး၊ ထိုအဖြစ်အပျက်များကို ကြည့်ရှုနေသော လူအုပ်ကြီးလည်း ရှိနေသည်ဟု AFP သတင်းထောက်က ဆိုသည်။

နာရီများစွာကြာပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အနီးအနားရှိ မော်တော်ယာဉ်တစ်စီးသို့ လူတစ်ယောက်ကို ဆွဲယူလာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း အသက် ၂၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သော်

လည်း အခြေအနေမှာရှင်းလင်းခြင်းမရှိသေးဟု ရဲတပ်ဖွဲ့၏ ပြောခွင့်ရသူက ဆိုသည်။ အဆိုပါသံသယရှိသူ
မှာ လက်နက်ချခြင်းမပြုဘဲ အခြားသော အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ထပ်
လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ဂျကာတာတွင် အကြမ်းဖက်သမားများကို ဖမ်းမိပြီးနောက် စပါးခင်းများအလယ်

တွင်တည်ရှိသည့် အဆိုပါအိမ်သို့ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု လက်ထောက်ရဲချုပ် နန်နန် ဆိုကာရ်
နာ(Nanan Soekarna) ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ်ပစ်မှတ်ထားသည့်အကြမ်းဖက်တိုက်ခိုက်

မှုများအတွင်း လူပေါင်းများစွာသေကြေခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ထိုအကြမ်းဖက်မှု
အား လက်စားချေရန်အတွက် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်သည့် သံသယရှိသူနှစ်ဦး
ကို အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့မှ လွန်ခဲ့သည့် ကြာသာပတေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရေပိုက်ဖြင့်ပြုလုပ်ထားသည့်လက်လုပ်ဗုံး ၅လုံးကိုထိုသူနှစ်ဦးသယ်ဆောင်လာသည့် ကျောပိုးအိတ်တွင် တွေ့

ရှိခဲ့ပြီး သောကြာနေ့တွင် ဗုံးခွဲရန်စီစဉ်ထားကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များကို ဦးတည်သည့် အကြမ်းဖက်တိုက်

ခိုက်မှုများကကမ္ဘာ့မွတ်စလင်အများဆုံးရှိရာအင်ဒိုနီးရှားနိုင်ငံမှမွတ်စလင်များ ဒေါသကို ကြီးထွားစေခဲ့သည်။

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ပြီးနောက် ရာပေါင်းများစွာသော အစ္စ

လာမ် ကာကွယ်ရေးတပ်ဦးမှ အဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအပေါ် 
လက်စားချေရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မတ်လအတွင်းဗုဒ္ဓဘာသာဝင်လူအုပ်စုကအစ္စလာမ်ဘာသာဝင်များအပေါ်သို့ အကြမ်းဖက်တိုက်ခိုက်မှုများ

 ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလွန် စိုးရိမ်ဖွယ်ရာကောင်းသည့် တင်းမာမှု အခြေအနေသို့
 ရောက်ရှိနေခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့ကြားတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၂၀၀ ၀န်းကျင်ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Ref: ChannelNews Asia
 
Rangonnewsdaily
RND:  :8.5.2013

0 comments:

Post a Comment