Pages

Wednesday, May 8, 2013

မန်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသောင်း

မန်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ အနည်းဆုံး ကျပ် သုံးသောင်း

မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် အတွင်း မော်တော်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းသူတွေ၊ ယာဉ်နောက်လိုက်တွေ လမ်းအသုံးပြုသူတွေ အနေနဲ့ စည်းကမ်းဖောက်ဖျက် ကျူးလွန်ရင် ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ (သုံးသောင်း)ကနေ အများဆုံး ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ချမှတ်ခြင်းခံရမယ့် အမိန့်ကြေငြာချက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်လိုက် ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်ကြေငြာချက်မှာ စည်းကမ်းဖောက်ဖျက်ပါက အနည်းဆုံး ငွေဒဏ် ကျပ် ၂၀၀၀၀ (နှစ်သောင်း)ကနေ အများဆုံး ငွေဒဏ် ကျပ် ၁၀၀၀၀၀ (တစ်သိန်း)အထိ ပေးဆောင်ရမည်လို့ ပါရှိတာကို ယခုအမိန့်နဲ့ ပြင်ဆင်သတ်မှတ်လိုက် တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အမိန့်မှာ လိုက်နာရမယ့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအချက်ပေါင်း ၃၅ ချက် ပါရှိပါတယ်။
အရင်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်ရင် မော်တော်ယာဉ် ဥပဒေအရ ကျပ် ၁၅၀၀ စည်ပင်ဥပဒေပုဒ်မအရ ကျပ် ၁၀၀၀၀ ပေးဆောင် ခဲ့ရတာဖြစ်ပါတယ်။

အေးချမ်းမွန် Credit & Copy From >  The Modern News Journal<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် အတွင်း မော်တော်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းသူတွေ၊ ယာဉ်
နောက်လိုက်တွေ လမ်းအသုံးပြုသူတွေ အနေနဲ့ စည်းကမ်းဖောက်ဖျက် ကျူးလွန်ရင် ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ (သုံးသောင်း)ကနေ အများဆုံး ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ချမှတ်ခြင်းခံရမယ့် အမိန့်ကြေငြာ
ချက်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်လိုက် ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်ကြေငြာချက်မှာ စည်းကမ်း
ဖောက်ဖျက်ပါက အနည်းဆုံး ငွေဒဏ် ကျပ် ၂၀၀၀၀ (နှစ်သောင်း)ကနေ အများဆုံး ငွေဒဏ် ကျပ် ၁၀၀၀၀၀ (တစ်သိန်း)အထိ ပေးဆောင်ရမည်လို့ ပါရှိတာကို ယခုအမိန့်နဲ့ ပြင်ဆင်သတ်မှတ်လိုက် တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အမိန့်မှာ လိုက်နာရမယ့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအချက်ေ
ပါင်း ၃၅ ချက် ပါရှိပါတယ်။
အရင်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်ရင် မော်တော်ယာဉ် ဥပဒေအရ ကျပ် ၁၅၀၀ စည်ပင်
ဥပဒေပုဒ်မအရ ကျပ် ၁၀၀၀၀ ပေးဆောင် ခဲ့ရတာဖြစ်ပါတယ်။
 
The Modern News, Rangonnewsdaily
RND:  :8.5.2013

0 comments:

Post a Comment