Pages

Wednesday, May 8, 2013

ကျောင်းလခ ၃၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ကို ကျေနပ်မှု မရှိ၍ ISM နိုင်ငံခြားကျောင်းရှေ့တွင် ကျောင်းသားမိဘ ၃၀၀ ခန့် စုဝေးမှုဖြစ်ပွား

အတန်းများအားလုံး၏ ကျောင်းလခအား ၃၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ကို မကျေနပ်၍ International School of Myanmar (ISM) နိုင်ငံခြားကျောင်းရှေ့တွင် ကျောင်းသားမိဘ ၃၀၀ ခန့် စုဝေးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါကျောင်းမှာ နှစ်စဉ်ကျောင်းလခ တိုးမြှင့်နေသော်လည်း ယခု ၂၀၁၃-၂၀၁၄ ပညာ
သင်နှစ်တွင် တိုးမြှင့်မည့် ကျောင်းလခမှာ ၄၀ရာခိုင်နှုန်းအထိ ဖြစ်နေကြောင်း၊ထို့အတွက်ISM ကျောင်းသား
 မိဘများနှင့် မေ ၇ ရက်က ညှိနှိုင်းခဲ့ရာ ထပ်မံတိုးမြှင့်မည့် ရာခိုင်နှုန်းထဲမှ ၄ ရာခိုင်နှုန်းသာ လျှော့ချပေးနိုင်
မည် ဆိုခြင်းကြောင့် ယခုလို စုဝေးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် ကျောင်းသားမိဘများအား ယခုလို ကျောင်းလခ တိုးမြှင့်မည်ကို ကြိုတင်အသိမပေးခြင်းနှင့် ISM
 နိုင်ငံခြားကျောင်းသည် စီးပွားရေးသဖွယ် လုပ်ကိုင်လာဟန်ရှိကြောင်း ကျောင်းသားမိဘများက ဝေဖန်သုံး
သပ်နေကြသည်။

ISM နိုင်ငံခြားကျောင်းရှိ မူလတန်း ကျောင်းသားတစ်ဦး၏ ဖခင် ကိုရန်နိုင်က "အခုက ပညာရေးဘက်ကို မရောက်တော့ဘူး။ စီးပွားရေးဘက်ကို ပြောင်းနေသလို ဖြစ်နေတယ်။ ပုံမှန်က နှစ်စဉ် ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြားပဲ တက်တာ။ အခု ၃၅ ရာခိုင်နှုန်းကို လျှော့ချပေးဖို့ ကျောင်းသားမိဘတွေ စုပေါင်းပြီး ဆက်လက်ညှိနှိုင်း သွားပါမယ်" ဟု ပြောသည်။

ISM နိုင်ငံခြားကျောင်းမှ ယခုလို ၃၅ ရာခိုင်နှုန်းခန့်အထိ ထပ်မံတိုးမြှင့်ရခြင်းအပေါ် တရားဝင် ထုတ်ပြန်ပြော

ကြားခြင်း မရှိသေးသော်လည်း ISM နိုင်ငံခြားကျောင်းတွင် စာသင်ကြားပေးနေသူ နိုင်ငံခြားသားဆရာ၊ ဆ
ရာမများအတွက် နေစရိတ်၊စားစရိတ်ပိုမိုမြင့်တက်လာသည့်အတွက် ဖြစ်ကြောင်း ကျောင်းသားမိဘ အသိုင်း
အ၀န်းများမှ ပြောကြားနေကြသည်။

ISM နိုင်ငံခြားကျောင်းရှိ ကျောင်းသားတစ်ဦး၏ မိခင်ဒေါ်မာလာက "အဲဒီကျောင်းမှာလည်း နိုင်ငံခြားသား ဆရာ/ဆရာမ ၆၀ လောက်ရှိတဲ့ အတွက်ကြောင့် ဟိုတယ်မှာ ထားရတယ် ပြောတယ်။ ကျောင်းလခကို ၃၅ ရာခိုင်နှုန်းထိ တိုးမြှင့်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ISM နိုင်ငံခြားကျောင်းမှ တာဝန်ရှိသူများအား မေးမြန်းရန် တွေ့ဆုံခွင့် တောင်း

ခဲ့သော်လည်း ပြန်လည်ရှင်းလင်းခြင်း မရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ ISM နိုင်ငံခြားကျောင်းတွင် အမေရိကန်ဒေါ်လာဖြင့် ကျောင်းလခကို ကောက်ခံပြီး Pre-K 3 ၃၆၀၀၊ Pre-K 4 ၅၆၀၀၊ KG ၆၁၀၀၊ Grade 1 မှ Grade 5 ထိ ၈၄၀၀၊ Grade 6 မှ Grade 8 ထိ ၉၇၀၀၊ Grade 9 မှ Grade 11 ထိ ၁၀၆၀၀၊ Grade 12 ၁၁၅၀၀ ထိ လက်ရှိ ၂၀၁၂-၂၀၁၃ ပညာရေးနှစ်တွင် ကောက်ခံလျက်ရှိ

ကြောင်း သိရသည်။

၎င်းအပြင် International School of Myanmar (ISM) ကျောင်းသည် ကျောင်းလခကို ၂၀၀၉-၂၀၁၀ ပညာသ

င်နှစ်တွင် ကျောင်းလခ ၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၇ ရာခိုင်နှုန်း၊၂၀၁၃-၁၄ ပညာသင်နှစ်
တွင် ၁၅ ရာခိုင်နှုန်းဖြင့် ကျောင်းလခများ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသည် International ကျောင်းဖြစ်သည့် အားလျော်စွာ English 4 skill အပြင် သင်ရိုးညွှန်းတမ်း

အတိုင်း အမေရိကန် course ဖြင့် သင်ကြားပေးနေပြီး အသက်သုံးနှစ်အရွယ်မှစ၍ မူလတန်း (Elementary School)၊ အလယ်တန်း (Middle School)၊ အထက်တန်း (High School) Grade 12 အထိ သင်ကြားပေးလျက်
ရှိပြီး အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ်များ ကောလိပ်များနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

(ISM) ကျောင်းအား ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းကျောင်းတွင် နိုင်ငံခြားသား အများစု

ကိုသာ သင်ကြားပေးခဲ့သော ကျောင်းဖြစ်သည်။

၂၀၁၃ ဖေဖော်ဝါရီလ အတွင်းကလည်း Horizon International School တွင် ကျောင်းလခ တိုးမြှင့်ကောက်ခဲ့

မှုနှင့် စပ်လျဉ်း၍ ယခုဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော အဆိုပါ နိုင်ငံခြားပညာသင် ကျောင်းများသည် ပညာရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ-မရှိ မသိရချေ။

Eleven Media Group ,Rangonnewsdaily
RND:  :8.5.2013

0 comments:

Post a Comment