Pages

Wednesday, May 8, 2013

မိတ္တိလာအကြမ်းဖက်မှုတွင် အသတ်ခံခဲ့ရတဲ့ လူသတ်မှုအား မျက်မြင်သက်သေရှိသော်လည်း မျက်မြင်သက်သေ နည်းသေးသည်ဟုဆိုကာ အမှု ဆွဲတင်နိုင်ခြင်း မရှိသေး

လူသတ်မှုအား မျက်မြင်သက်သေရှိသော်လည်း မျက်မြင်သက်သေ 
နည်းသေးသည်ဟုဆိုကာ အမှု ဆွဲတင်နိုင်ခြင်း မရှိသေး

မိတ္ထီလာ
၈.၅.၂၀၁၃

မိတ္ထီလာအရေးအခင်း ဖြစ်ပွားသည့် ဒုတိယမြောက်နေ့ ၂၁.၃.၂၀၁၃ ခုနှစ် နေ့လည် ၃ နာရီ
အချိန်တွင် မိတ္ထီလာမြို့ ကျည်တော်ကေုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး မျက်စိရှေ့တွင်
အသတ်ခံခဲ့ရသော မုစ်လင်မ် လူငယ်နှစ်ဦးအတွက် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်မှ
အမှုဖွင့် စုံစမ်းနေသော်လည်း မျက်မြင်သက်သေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး
တစ်ဦးထဲ ရှိသဖြင့် အမှုကို ဆွဲတင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ ...... မိတ္ထီလာမြို့ သီရိမင်္ဂလာ (က) ရပ်ကွက်၊ သရဖီလမ်းနေ ဟာဂျီဦးမောင်တာ၏ 
သားဖြစ်သူ မိတ္ထီလာမြို့ အဇီဇီယာ အာရဗီ အထက်တန်းကျောင်းတွင် ၈ တန်း တတ်ရောက် 
နေသော ကျောင်းသား ဟာဖွဇ် အရှ်ရဖ် အလီ (ခ) မောင်သက်နိုင်ဦး (၂၁) နှစ်သည် မိတ္ထီလာ
အကြမ်းဖက်မှု စတင်သည့်နေ့ ၂၀.၃.၂၀၁၃ ရက်နေ့ ညနေ ရွှေဆိုင် အဖျက်ခံရပြီးနောက်ပိုင်း
ညနေ ၃ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူ အသက် (၁၈) နှစ် အရွယ်ရှိ ဆိုင်ကယ် ကယ်ရီ မောင်းသမား အလီ နှင့်အတူ နေ့စဉ် ပုံမှန် ကစားနေကြအတိုင်း မိတ္ထီလာ - မန္တလေး ဘက်သို့အထွက် ၂ မိုင်ခန့် အကွာ ရှိ ကျည်တော်ကုန်းရွာသို့ ဘောလုံးကန် ထွက်ခဲ့ပါသည်။

ညနေပိုင်း မိတ္ထီလာမြို့ပေါ်တွင် အခြေအနေ ဆိုးဝါးနေချိန်၌ ကျည်တော်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး (ဖုန်း ၀၆၄-၂၃၈၇၄) မှ သူ၏ နေအိမ်တွင် ထိန်းသိမ်း ပေးထားခဲ့သည်။ ၂၁.၃.၂၀၁၃ ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အိမ်ရှေ့သို့ မြင်းလှည်း သမား ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦး တို့ ၃ ဦး ဦးဆောင်တဲ့အဖွဲ့ ရောက်ရှိလာပြီး ဦးခင်မောင်ထွေး အား ကုလား (၂) ယောက်ကို ထုတ်ပေးဟု တောင်းဆိုခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးမှ ၄င်းတို့ အဖွဲ့အား ..... ဘောလုံး လာကန်ကြတဲ့ လူငယ်လေးတွေသာ ဖြစ်ကြောင်း၊ လူဆိုး လူသွမ်းတွေ မဟုတ်ကြောင်း ရှင်းပြသော်လည်း မရဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုပင် ရန်ရှာမည့် ပုံသဏ္ဍာန်ဖြစ်လာပြီး ဆဲဆိုကာ ပြဿနာရှာ နေကြာင်း၊ ၄င်းနောက် စအု ကျောင်းမှ ကျောင်းထိုင်ဆရာတော် ရောက်ရှိလာပြီး ကလေး (၂) ယောက်၏ အသက်ကို အလှူခံရာ လုံးဝ လက်မခံဘဲ ဆရာတော်အားပင် စော်ကား မော်ကား ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြသည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အိမ်အတွင်းသို့ အတင်း ၀င်ရောက်ကာ 
လူငယ် (၂)ယောက် အား ဆွဲထုတ် ခေါ်ဆောင်သွားခဲ့ကြပြီး ကျည်တော်ကုန်းရွာရှိ ရေစဉ်ကြီး အနီး လူမြင်ကွင်းတွင် နေ့လည် ၃ နာရီ အချိန်တွင် ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦးတို့ ခေါင်းဆောင်သော အုပ်စုက တုတ်၊ ဒါး၊ လက်နက်များဖြင့် ၀ိုင်းဝန်း ထိုးခုတ်၊ သတ်ဖြတ် ခဲ့ကြပြီး
မီးရှို့ကြသည်။

အဆိုပါ အမှုအား ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အမှုဖွင့်စုံစမ်းလျက် ရှိပြီး ကျည်တော်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုပေးနေသော်လည်း သက်သေ တစ်ဦးထဲ ရှိနေသောကြောင့်ဟု ဆိုကာ အမှုကို ယနေ့အထိ ဆွဲတင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။

ထို့နောက် အဆိုပါ ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အခင်းဖြစ်ချိန်က အသတ်ခံရသူ သားဖြစ်သူနှင့် 
မျက်ကွယ်တွင် ဒုက္ခရောက် ပြေးလွှားနေရသော သေဆုံးသူ မောင်သက်နိုင်ထွန်း အသက် (၂၁) နှစ်၏ မိဘများအား သက်သေရှာခိုင်းနေသည်ဟု သေဆုံးသူ မိဘများ ထံမှ သိရှိရပါသည်။

ဓါတ်ပုံတွင် သနပ်ခါး လိမ်းထားသော ပုံမှာ သေဆုံးသူ ဟာဖွဇ် အရှ်ရဖ်အလီ (ခ) မောင်သက်နိုင်ထွန်း ဘောလုံးကန်မသွားမှီ သနပ်ခါးလိမ်းပြီး မိခင်ဖြစ်သူအား ဖုန်းဖြင့် ဓါတ်ပုံ ရိုက်ခိုင်းခဲ့သော ပုံဖြစ်ကြောင်း မိခင်ဖြစ်သူမှ ပြောကြားပါသည်။ သက်သေ တစ်ဦးထဲ ရှိသောကြောင့် သားဖြစ်သူ အသတ်ခံရသည့် အမှုအား ဆက်လက် စုံစမ်းခြင်း မပြုတော့မည်ကိုလည်း စိုးရိမ်နေကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

မိတ္ထီလာ ၈.၅.၂၀၁၃

မိတ္ထီလာအရေးအခင်း ဖြစ်ပွားသည့် ဒုတိယမြောက်နေ့ ၂၁.၃.၂၀၁၃ ခုနှစ် နေ့လည် ၃ နာရီအချိန်တွင် မိတ္ထီ

လာမြို့ကျည်တော်ကေုန်း ကျေးရွာအုပ်ချုပ်ရေးမှူးမျက်စိရှေ့တွင်အသတ်ခံခဲ့ရသော မုစ်လင်မ် လူငယ်နှစ်
ဦးအတွက် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်မှအမှုဖွင့် စုံစမ်းနေသော်လည်း မျက်မြင်သက်သေ ကျေးရွာ အုပ်
ချုပ်ရေးမှူး ဦးခင်မောင်ထွေးတစ်ဦးထဲ ရှိသဖြင့် အမှုကို ဆွဲတင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ ...... မိတ္ထီလာမြို့ သီရိမင်္ဂလာ (က) ရပ်ကွက်၊ သရဖီလမ်းနေ ဟာဂျီဦးမောင်တာ၏ သားဖြစ်သူ
မိတ္ထီလာမြို့ အဇီဇီယာ အာရဗီ အထက်တန်းကျောင်းတွင် ၈ တန်း တတ်ရောက် နေသော ကျောင်းသား ဟာ
ဖွဇ် အရှ်ရဖ် အလီ (ခ) မောင်သက်နိုင်ဦး (၂၁) နှစ်သည် မိတ္ထီလာအကြမ်းဖက်မှု စတင်သည့်နေ့ ၂၀.၃.၂၀၁၃
ရက်နေ့ညနေ ရွှေဆိုင်အဖျက်ခံရပြီးနောက်ပိုင်းညနေ၃ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူ အသက် (၁၈) နှစ် 
အရွယ်ရှိ ဆိုင်ကယ် ကယ်ရီ မောင်းသမား အလီ နှင့်အတူ နေ့စဉ် ပုံမှန် ကစားနေကြအတိုင်း မိတ္ထီလာ - မန္တလေး ဘက်သို့အထွက် ၂ မိုင်ခန့် အကွာ ရှိ ကျည်တော်ကုန်းရွာသို့ ဘောလုံးကန် ထွက်ခဲ့ပါသည်။

ညနေပိုင်း မိတ္ထီလာမြို့ပေါ်တွင် အခြေအနေ ဆိုးဝါးနေချိန်၌ ကျည်တော်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်

မောင်ထွေး (ဖုန်း ၀၆၄-၂၃၈၇၄) မှ သူ၏ နေအိမ်တွင် ထိန်းသိမ်း ပေးထားခဲ့သည်။ ၂၁.၃.၂၀၁၃ ရက်နေ့
တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အိမ်ရှေ့သို့ မြင်းလှည်း သမား ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦး တို့ ၃ ဦး ဦးဆောင်တဲ့အဖွဲ့ ရောက်ရှိလာပြီး ဦးခင်မောင်ထွေး အား ကုလား (၂) ယောက်ကို ထုတ်ပေးဟု တောင်းဆိုခဲ့
သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးမှ ၄င်းတို့ အဖွဲ့အား .... ဘောလုံး လာကန်ကြတဲ့ လူငယ်လေးတွေ

သာ ဖြစ်ကြောင်း၊ လူဆိုး လူသွမ်းတွေ မဟုတ်ကြောင်း ရှင်းပြသော်လည်း မရဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးကို
ပင် ရန်ရှာမည့် ပုံသဏ္ဍာန်ဖြစ်လာပြီး ဆဲဆိုကာ ပြဿနာရှာ နေကြာင်း၊ ၄င်းနောက် စအု ကျောင်းမှ ကျောင်း
ထိုင်ဆရာတော် ရောက်ရှိလာပြီး ကလေး (၂) ယောက်၏ အသက်ကို အလှူခံရာ လုံးဝ လက်မခံဘဲ ဆရာ
တော်အား စော်ကား မော်ကား ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြသည်။ 

ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အိမ်အတွင်းသို့ အတင်း ၀င်ရောက်ကာ လူငယ် (၂)ယောက်အား ဆွဲ
ထုတ် ခေါ်ဆောင်သွားခဲ့ကြပြီးကျည်တော်ကုန်းရွာရှိ ရေစဉ်ကြီးအနီးလူမြင်ကွင်းတွင် နေ့လည် ၃ နာရီ အချိန်
တွင် ဇေယျာဟိန်း၊ ၀င်းကို၊ ယဉ်မင်းဦးတို့ ခေါင်းဆောင်သော အုပ်စုက တုတ်၊ ဒါး၊ လက်နက်များဖြင့် ၀ိုင်းဝန်း ထိုးခုတ်၊ သတ်ဖြတ် ခဲ့ကြပြီးမီးရှို့ကြသည်။

အဆိုပါ အမှုအား ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အမှုဖွင့်စုံစမ်းလျက် ရှိပြီး ကျည်တော်ကုန်း ကျေးရွာ အုပ်ချုပ်ရေး

မှူး ဦးခင်မောင်ထွေး ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုပေးနေသော်လည်း သက်သေ တစ်ဦးထဲ ရှိနေ
သောကြောင့်ဟု ဆိုကာ အမှုကို ယနေ့အထိ ဆွဲတင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။

ထို့နောက် အဆိုပါ ဒုရဲအုပ် ကျော်ဝင်းနိုင်မှ အခင်းဖြစ်ချိန်က အသတ်ခံရသူ သားဖြစ်သူနှင့် မျက်ကွယ်တွင်

ဒုက္ခရောက် ပြေးလွှားနေရသော သေဆုံးသူ မောင်သက်နိုင်ထွန်းအသက်(၂၁) နှစ်၏မိဘများအား သက်သေ
ရှာခိုင်းနေသည်ဟု သေဆုံးသူ မိဘများ ထံမှ သိရှိရပါသည်။

ဓါတ်ပုံတွင် သနပ်ခါး လိမ်းထားသော ပုံမှာ သေဆုံးသူ ဟာဖွဇ် အရှ်ရဖ်အလီ (ခ) မောင်သက်နိုင်ထွန်း ဘော

လုံးကန်မသွားမှီ သနပ်ခါးလိမ်းပြီး မိခင်ဖြစ်သူအား ဖုန်းဖြင့် ဓါတ်ပုံ ရိုက်ခိုင်းခဲ့သော ပုံဖြစ်ကြောင်းမိခင်ဖြစ်သူ
မှ ပြောကြားပါသည်။သက်သေတစ်ဦးထဲရှိသောကြောင့် သားဖြစ်သူ အသတ်ခံရသည့် အမှုအား ဆက်လက်
စုံစမ်းခြင်း မပြုတော့မည်ကိုလည်း စိုးရိမ်နေကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

Rangonnewsdaily
RND:  :8.5.2013


0 comments:

Post a Comment