Pages

Wednesday, May 8, 2013

တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အကြား ကျိုက္ကဆံလမ်းမပေါ်တွင် ယနေ့ည ၇နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွား

ရှော့ပင်းမောသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အကြား ကျိုက္ကဆံလမ်းမပေါ်တွင် မေလ ၈ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ဈေးဝယ်စင်တာသို့ ဈေးဝယ်ရန် လာသူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်အမှတ် ၈ဇ/၇၄၀၈ စူပါကာစတန် မော်တော်ယာဉ်ပေါ်မှ United Living Mall Shopping Center ပေါ်မှ ဈေးဝယ်ရန် ကားပေါ်မှ ဆင်းလာသူနှစ်ဦးအား ကျောက်မြောင်းဈေးဘက်မှ ကန်တော်ကြီး မျှော်စင်ကျွန်းဘက်သို့ ကျိုက္ကဆံ လမ်းမအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်  ၄ဃ/၄၉၅၇ ဟာရီယာမော်တော်ယာဉ်သည် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ရှိ လျှပ်စစ်ဓာတ်တိုင်အား ၀င်တိုက်မိရာ ဓာတ်တိုင်ပြိုလဲမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စူပါကာစတန်ယာဉ် မောင်းနှင်သူ ကိုဇော်ဝင်းက "ကျွန်တော်တို့က ဈေးဝယ်ဖို့ အချက်ပြရပ်ထားပြီး ကားပေါ်က အဆင်းမှာ နောက်ကားက ၀င်တိုက်တာပါ။ တံခါးနဲ့ညပ်ပြီး ဆေးရုံပို့ထားသူ နှစ်ဦးလုံးရဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ကားကအရှိန်ပြင်းတော့ တံခါးရောလူရော လွင့်သွားတယ်" ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟာရီယာယာဉ်မောင်းနှင်သူအား ထိန်းသိမ်းထားပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ပြောသည်။			

ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်ပြိုလဲခဲ့ရာ တာမွေမြို့နယ်ရှိ မအူကုန်း အရိုးကုန်း၊ နတ်မောက်စသည့် ရပ်ကွက်များ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ညတွင်းချင်း ပြုပြင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံနှင့် United Living Mall Shopping Center အ
ကြား ကျိုက္ကဆံလမ်းမပေါ်တွင် မေလ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဈေးဝယ်စင်တာသို့ ဈေးဝယ်ရန်လာ
သူများ ကားပေါ်မှ တံခါးဖွင့်အဆင်း နောက်ကားမှ တိုက်မိရာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာယာဉ်အမှတ်၈ဇ/၇၄၀၈စူပါကာစတန် မော်တော်ယာဉ်ပေါ်မှ United Living Mall Shopping Center 
ပေါ်မှ ဈေးဝယ်ရန်ကားပေါ်မှဆင်းလာသူနှစ်ဦးအား ကျောက်မြောင်းဈေးဘက်မှကန်တော်ကြီး မျှော်စင်ကျွန်း
ဘက်သို့ကျိုက္ကဆံလမ်းမအတိုင်း မောင်းနှင်လာသောယာဉ်အမှတ် ၄ဃ/၄၉၅၇ဟာရီယာမော်တော်ယာဉ်
သည် နောက်မှဝင်တိုက်မိပြီး လမ်းလယ်ရှိ လျှပ်စစ်ဓာတ်တိုင်အား ၀င်တိုက်မိရာ ဓာတ်တိုင်ပြိုလဲမှု ဖြစ်ပွားခဲ့
သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍စူပါကာစတန်ယာဉ် မောင်းနှင်သူ ကိုဇော်ဝင်းက "ကျွန်တော်တို့က ဈေး
ဝယ်ဖို့ အချက်ပြရပ်ထားပြီး ကားပေါ်က အဆင်းမှာ နောက်ကားက ၀င်တိုက်တာပါ။ 
 
တံခါးနဲ့ညပ်ပြီး ဆေးရုံပို့ထားသူ နှစ်ဦးလုံးရဲ့ အခြေအနေကိုတော့မသိရသေးဘူး။ကားကအရှိန်ပြင်းတော့ တံ
ခါးရောလူရောလွင့်သွားတယ်"ဟု ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟာရီယာယာဉ်
မောင်းနှင်သူအားထိန်းသိမ်းထားပြီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူးစိုးမြင့်က ပြောသည်။ 
 
ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်ပြိုလဲခဲ့ရာ တာမွေမြို့နယ်ရှိမအူကုန်းအရိုးကုန်း၊နတ်မောက်စသည့် ရပ်ကွက်
များ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ညတွင်းချင်း ပြုပြင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
 
Rangonnewsdaily
RND:  :8.5.2013

0 comments:

Post a Comment