Pages

Thursday, February 28, 2013

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15

Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော်အကြမ်းခံမယ့်ဖုန်းပါ။

အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်လမ်းပေါ် ကျလည်း မကွဲဘူးလို့ ဆိုပါတယ်။ ရေစိမ်လည်းခံပါတယ်။ 

၎ လက်မ Gorilla Glass မျက်နှာပြင်

Android 4.1 Jelly Bean OS ကို အသုံးပြုထားပါတယ်။ 

အလေးချိန် ၁၇၀ ဂရမ် ဆိုတော့ သိပ်မလေးပါဘူး။ အလူမီနီယမ်သားပေါ် ရာဘာ ထပ်အုပ်ထားပေးခြင်း ဖြစ်ပါတယ်။ 

Processor က 1GHz ရှိပြီး RAM က 512 MB ရှိပါတယ်။ 

ကင်မရာ 5 megapixel ရှိပါတယ်။ ဗီဒီယို recording လုပ်ဖို့အတွက် 720p resolution ရနိုင်ပါတယ်။ 

အအေးဒဏ် အနုတ်၂၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရင် ရှိပြီး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။ 

Cat B15 ဟာ မတ်လကစလို့ ဗြိတိန်ပေါင် ၃၀၀ သတ်မှတ်လို့ စတင်ရောင်းချတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: pocketlint
Aung Kham (TSJ team)

---
http://blog.techspace.com.mm/2013/02/cat-b15.html

--

Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော်အကြမ်းခံမယ့်ဖုန်းပါ။

တရုတ်က ဖမ်းမိထားသော မြန်မာမူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဆေးထိုး၍ သေဒဏ်စီရင်မည်

တရုတ်က ဖမ်းမိထားသော မြန်မာမူးယစ်ဆေး
ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဆေးထိုး၍ သေဒဏ်စီရင်မည်

ပေကျင်း၊ ဖေဖေါ်ဝါရီ ၂၈။

တရုတ်အစိုးရသည် မဲခေါင်မြစ်အတွင်း ၂၀၁၁ က တရုတ်
သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာမူးယစ် ဆေးဂိုဏ်းခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းပါ တရားခံ
သုံးဦးအား ဆေးထိုးသတ်၍ သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။

၎င်းတို့အား သေဒဏ်ချမှတ်ချမှတ်ခဲ့သည့် ကူမင်းရှိ ပြည်သူ့
ခုံရုံးက ၎င်းတို့ကို လာမည့်မတ်လ ၃ရက်နေ့တွင် မသေမချင်း ဆေးထိုးသတ်ရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နော်ခမ်းနှင့်အတူ ပါဝင်သည့် အပေါင်းပါသုံးဦးမှာ ထိုင်းနိုင်ငံ
သား ဆန်ခမ်း နိုင်ငံမဲ့ ရီလိုင်ဆိုသူနှင့် လာအိုနိုင်ငံသား ကျာရှီကာ
ဆိုသူတို ဖြစ်ကြသည်။

တရားရုံးသည် သေဒဏ်ချမှတ်မှုအတွက် ကူမင်းရှိ မြန်မာနှင့် လာအိုသံရုံးများသို့ လည်းကောင်း၊တရားခံများ၏ သက်ဆိုင်ရာ ဆွေမျိုးများသို့ လည်းကောင်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို သေဒဏ်ချမှတ်ပြီးနောက် ကြွင်းကျန်ရစ်သော ရုပ်
ကလာပ်များကို သက်ဆိုင်ရာဆွေမျိုးများ၊ ကောင်စစ်ဝန်များထံ ပြန်လည်ပေးအပ် သွားမည်ဟု သိရသည်။

နော်ခမ်းနှင့် ၎င်း၏ ဂိုဏ်းအဖွဲ့ ဝင်များသည် ၂၀၁၁ အောက်
တိုဘာ ၅နှင့် ၈ရက်များက မဲခေါင်မြစ်တွင် ထိုင်းစစ်သားများ
အား တိုက်ခိုက်ကာ တရုတ်သင်္ဘောသားများအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

နော်ခမ်း၏ ညွှန်ကြားချက်ဖြင့် ၎င်း၏ ဂိုဏ်းသားများသည်
၂၀၁၁ ဧပြီတွင်လည်း တရုတ်ကုန်တင်သင်္ဘောများ၊
သင်္ဘောသားများကို အကြိမ် များစွာ ပြန်ပေးဆွဲခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂေါ့ ဖ်ဖားသား ဟု အမည်ပြောင်ရထားသည့် နော်ခမ်းသည် တရုတ်၊လာအို၊မြန်ာ၊ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ဖြတ်သန်း စီးဆင်းနေသော မဲခေါင်မြစ်ပေါ်တွင် လှုပ်ရှားနေသည့် အကြီး
ဆုံးသော မူးယစ်ဆေးမှောင်ခိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။

Ref: China.org

အေးချမ်းမွန်မှ The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ပေကျင်း၊ ဖေဖေါ်ဝါရီ ၂၈။
တရုတ်အစိုးရသည် မဲခေါင်မြစ်အတွင်း ၂၀၁၁ က တရုတ် သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာမူးယစ် ဆေးဂိုဏ်းခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းပါ တရားခံ သုံးဦးအား ဆေးထိုးသတ်၍ သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မီးသီးများက အဆိပ်သင့်စေသည်

မီးသီးများက အဆိပ်သင့်စေသည်

ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

မီးသီးတွေရဲ့  အထဲက အသုံးပြုတဲ့ သတ္တများမှာ မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ်ကောင်းကောင်းကူးပြီး အလင်းရောင် တောက်တောက်ပေးပါတယ်။ သူက အထဲမှာ အမြဲ လောင်ကျွမ်းနေရတာပါ။ အကယ်၍ မီးလုံး တစ်လုံးသာ ကွဲသွားမယ်ဆိုရင် အတွင်းက မာကျူရီဟာ အပြင်ရောက်သွားပါတယ်။ မီးဖွင့်ထားသည်ဖြစ်စေ၊ မဖွင့်ထားသည် ဖြစ်စေ မာကျူရီအငွေ့ ဟာ အခန်းထဲ ကို အမြန်ဆုံး ပျံ့ နှံ့ သွားပြီး မာကျူရီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ် စေပါတယ်။

ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံတွေမှာ မီးလောင်ရင် ဝါယာကြိုးညှော်နှံ့ ထက် မာကျူရီညော်နှံ့ က ပိုအဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ရောဂါကို ဖြစ်စေပြီး အဆိုးဆုံး ကတော့ အသက်ဘေးအန္တရာယ်အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အိမ်မှာ မီးသီးကွဲရင် လက်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်းထားပါတယ်။ အဝတ်စ တစ်ခုခုခံပြီးမှ ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံထည့်လို့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ ကြီးပြကြီးတွေမှာ ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး+နည်းပညာ

--
http://www.yoyarlay.com/health/beauty/34427-mercury-poisoing

အေးချမ်းမွန်မှ YoYarLay တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group

Thursday, February 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ

“ဖုန်းမော်နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် လာတောင်းပန်ပါ”

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ 
ဗကသ များအဖွဲ့ချုပ်စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။  
အဲဒီတုန်းက ဗကသများအဖွဲ့ချုပ်  ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။ ထောင်ကျတုန်း  
ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့
စာအုပ်ရေးတယ်။ အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး ၂၀၀၉ စက်တင်ဘာ ၁၈ မှ
ပြန်လွတ်ခဲ့တယ်။ ဒီတော့ ဒီလို မတရားညှင်းပန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ ကို
နှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေအတွက် အဲဒီတုန်းက ထောက်လှန်းရေး 
အရာရှိချုပ် ဦးခင်ညွန့်တို့မှာ တာဝန်အပြည့်အ၀ရှိတယ်လို့ ယူဆတယ်။   
ဒါကြောင့် တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်း
ကြံစည်မှု၊ အသရေ ဖျက်မှု၊ ညှင်းပန်းမှု၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ 
ပြီးတော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့ အခြား တရားစွဲဆို နိုင်တဲ့ 
ပုဒ်မတွေနဲ့ပါ စွဲဆိုသွားမှာပါ။

ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့်ပေးစာ ငါးစောင်
ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင့်ပေးစာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ 
ဒုတိယအိတ်ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီးချုပ်ဟောင်း) ယခင် တပ်မတော်
ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င် ယခင်တပ်မတော်အရာရှိတွေဖြစ်တဲ့ 
ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းဗိုလ်ချုပ်မောင်ဦး၊ 
တတိယအိတ်ဖွင့်ပေးစာကိုတော့ ထောင်ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာထွန်းထွန်း၊
ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင်တို့ကို ပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့်ပေးစာမှာတော့ အဲတုန်းက သတင်းစာရှင်းလင်းပွဲခေါင်းဆောင် 
ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ်စိုးဝင်းလည်းပါတယ်။ ပဉ္စမအိတ်ဖွင့်ပေးစာမှာက
ယခင်အကျဉ်းဦးစီးညွှန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစုပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ကျွန်တော်ကနေ စခဲ့တာပါ။  အစကတော့ တစ်ယောက်တည်းပါ။ နောက်ကျမှ 
ကျန်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ပါလာကြတာ။ ထောင်ထဲမှာ 
စစ်ကြောရေးနှိပ်စက်ကလူပြုတာတွေကို ကျွန်တော်တစ်ယောက်တည်း ခံခဲ့ရတာ
မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ ဒီလိုတရားစွဲဆိုမှုကိုလည်း တော်တော်
ထောက်ခံကြပါတယ်။ မကြာခင်မှာတော့ ဒီတရားစွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိ
ဖြစ်လာမှာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့  ဒီကိစ္စနဲ့ 
ပတ်သက်ပြီး ကျွန်တော့်ကို အကြောင်းပြန်ထားတယ်။ ဒီကိစ္စတွေက 
နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမယ့်  နောင်မဖြစ်အောင်တော့ 
သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့သဘောနဲ့ ပြောတာ၊ သူတို့ရဲ့ပြောစကားနဲ့ 
လုပ်ရပ်အချို့တွေဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို အကာအကွယ်
ပေးနေသေးတဲ့ဆိုတဲ့ သဘောသက်ရောက်သွားရင်လည်း လက်ရှိသွားနေတဲ့  
အနေအထားက ပျက်သွားနိုင်တယ်။ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဦးသန်းရွှေနဲ့ 
သြဇာရှိနေသေးတယ်ဆိုတာမျိုး အထင်ရောက်သွားနိုင်တယ်။ ပြည်တွင်းက 
ဥပဒေပညာရှင်တွေရော ပြည်ပက ဥပဒေပညာရှင်တွေကရော ဒီတရားစွဲဆိုမှုနဲ့ 
ပတ်သက်ပြီး တရားစွဲလို့ရတယ်လို့ ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာရှင်
တွေနဲ့လည်း တိုင်ပင်စီစဉ်ထားပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်းဆောင်တစ်ယောက်က အမှားတစ်ခုခုကြောင့်
နှုတ်ထွက်သွားတဲ့အခါ လူထုကိုတောင်းပန်တယ်။ ခု ဦးသန်းရွှေနဲ့ ဦးခင်ညွန့်
အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ်ဆိုတဲ့ ကိစ္စမတိုင်ခင် ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ်ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါပြီ။ သူတို့ဘက်ကနေပြီးတော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှု
လုပ်သွားမှာပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုမရှိရင်လည်း 
ICC, ICJ စတဲ့ နိုင်ငံတကာတရားရုံးတွေအထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း နိုင်ငံတကာရှေ့နေတွေ၊ ထိုင်းဝန်ကြီးချုပ် အဘီးစစ်ကို 
တရားစွဲခဲ့တဲ့ရှေ့နေတွေအပြင် ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ကြားလူကနေတဆင့်ဘဲ ကြားရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို 
မင်းတို့တရားစွဲလို့ မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက တပ်မတော်အရန်တပ်ရဲ့ 
တပ်မှူးချုပ်ဖြစ်နေလို့တဲ့။ ဦးခင်ညွန့်ကတော့ သဘောထားတစ်မျိုး။
ကြားလူကနေတဆင့်ကြားတာက  တစ်ချိန်ကျရင် သူ့အနေနဲ့ လာတောင်းပန်
ပါမယ်တဲ့။ ဇန်န၀ါရီ (၅)ရက်တုန်းကလည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆို
ထိုက်သနည်း  ဆိုတဲ့ စာကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC ကို 
ပို့ထားတယ်။ ပြီးတော့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီးချုပ်တွေ ဆီကိုလည်းပို့ထားပြီးပါပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက်ကနေ ကာလတစ်ခုထိ
အကြောင်းမပြန်မှသာ စတင်မှာပါ။ သူတို့ဘက်က ပြန်တောင်းပန်ဖို့အတွက်
ဘာမှမတုန့်ပြန်ရင် သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီး တရားစွဲဆိုမှုကို စတင်မှာပါ။

ကျွန်တော်တို့အနေနဲ့ကတော့  မတ်လ (၁၃)ရက်နေ့ ဖုန်းမော်နေ့အခမ်းအနားမှာ 
ဦးသန်းရွှေနဲ့ ဦးခင်ညွန့်က တောင်းပန်လို့ရတယ်။ သူတို့လာရင် သူတို့ကို
မှဲ့ တစ်ပေါက်တောင် မစွန်းစေရဘူး။ ဒါမှမဟုတ် TV ကလည်း တောင်းပန်လို့
ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ ခုနကပြောသလို သတင်းစာရှင်းလင်းပွဲ 
လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံရေးအကျဉ်းသားတွေ 
အထူးသဖြင့် ဘဘဦးဝင်းတင်တို့  နိုင်ကျဉ်းက ကိုထွန်းကြည်တို့ကလည်း
ဒါကို ထောက်ခံတယ်။

ဒါကရှင်းရှင်းလေးပါ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးတွေကိုသတ်တယ်။ သတ်တဲ့အထဲမှာ နှိပ်စက်တဲ့အထဲမှာ နာဇီခေါင်းဆောင်တွေဖြစ်တဲ့ ဟစ်တလာတို့
ဂတ်စတာပို ဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ်တိုင်မသတ်ပေမယ့် ခေါင်းဆောင်  
ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင်တွေအဖြစ် သတ်မှတ်ခံရတာ၊ သူတို့မှာ
တာဝန်ရှိတယ်လေ။ နီးနီးလေးပြောရရင် မြန်မာ့လွတ်လပ်ရေးအကြောင်းပြောရင် ဗိုလ်ချုပ်အောင်ဆန်းက အဓိကပါနေတယ်။ လူတိုင်းဗိုလ်ချုပ်လို လွတ်လပ်ရေး 
ဗိသုကာ မဖြစ်နိုင်ဘူး။ ကွန်မြူနစ်တော်လှန်ရေးတွေမှာလည်း လီနင်တို့  
စတာလင်တို့ ဟိုချီမင်းတို့ ခေါင်းဆောင်ဖြစ်တာဘဲ။ ဒါကြောင့် ကျွန်တော်တို့
နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး  အဲဒီတုန်းက တိုင်းပြည်
ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ တာဝန်မယူနိုင်ရင် ခေါင်းဆောင်မလုပ်နဲ့လေ။
အောက်လူတွေလုပ်တာပါဆိုပြီး ဘယ်ခေါင်းဆောင်မှ ပြောလို့မရဘူး။  တာဝန်ယူရဲမှ ခေါင်းဆောင်လုပ်လေ။ လစ်ဗျားကိစ္စ ကဒါဖီမှာ တာဝန်ရှိတယ်။ 
ဆီးရီးယားကိစ္စ အာဆတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိတယ်လို့
ယူဆရင် ယုံကြည်ရင် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ အောက်ခြေက လုပ်တာပါ
ဆိုတာမျိုးမပြောရဘူး။ ခေါင်းဆောင်လုပ်ပြီးသိက္ခာမရှိရင် လူထုက ဘယ်ယုံကြည်
ပါ့မလဲ။ လူထုကိုဂရုမစိုက်ဘဲ ငါတို့ကလက်နက်တွေပိုင်တယ်။ စစ်တပ်ကြီးပိုင်တယ်
ဆိုပြီးလုပ်လို့ရတဲ့ခေတ် မရှိတော့ပါဘူး။

မေးမြန်းသူ၊ ခန့် ခန့်  (ဒဿနိက)

(ပုံနှင့်စာကို HOT NEWS ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၁ မှ ယူပါတယ်)

ကျွန်တော် ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃)ထိ ဗကသ များအဖွဲ့ချုပ်စစ်ကြော
ရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။
ထောင်ကျတုန်း ထောင်ထဲမှာ စစ်ကြောရေး ညှင်းပန်းမှုတွေကို ထောင်ကထွက်လာတော့စာအုပ်ရေးတယ်။
အဲဒီမှာ ၁၉၉၈ မှာ ထပ်အဖမ်းခံရပြီး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်

ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်
Thursday, February 28, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး
ဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့်
မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။

“ အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ
နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။

ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ
ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။

ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။

လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

Thursday, February 28, 2013
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာများ၌ လူနာများလာသည့်အတွက်
အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းတွင် မော်တော်ဘုတ်တစ်စီးနစ်မြုပ်၍ လူ ၃ ဦးသေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်ခန့်က မော်တော်ဘုတ်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အတွက် လူ ၃ ဦးသေဆုံးခဲ့သည်။

"ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်"

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီးကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျခံကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်းကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်”ဟုပြောသည်။

ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့ 

ပြည်သူ ကို မကူညီ တဲ့ ရဲ တပ် ဖွဲ့  
_________________________________________
၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့်မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။

via - New Myanmar Foundation 
သတ္တိခဲ ( Myanmar Police Force )

၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင်အသက်(၈)နှစ်အရွယ်ရှိကလေးငယ်တဦးဒါဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိသော
ကြာင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့သည်။

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန် ...

ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ် ...

တရားဥပဒေ စိုးမိုးရမယ်ဆိုတဲ့ ... တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ ဘာလုပ်မှာလဲ ... ချိုမိုင်မိုင်တော့ မကနဲ့နော် ....

ပြည်သူ့အသံ ...လွှတ်တော်အသံဆိုတဲ့ လွှတ်တော်ကြီးရော ... ဒီသေနတ်သံတွေ မကြားရဘူးလား ..... 

ခင်ဗျားတို့ မနက် ညစားနေတဲ့ ထမင်းတွေက ဒီပြည်သူတွေ ဖင်ကြား ရွှံ့ဝင်အောင် ရုန်းထားတာဆိုတာ မမေ့ကြပါနဲ့....

မျိုးချစ်မြန်မာ

သိမ်းထားတဲ့ လယ်တွေ ပြန်ပေးမယ်ဆို ... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ် ...

ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ ပဋိပက္ခတွင် ဒဏ်ရာရှိသူများကို ရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ်


မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ 
 
ဖေဖေါ်ဝါရီ ၂၇ရက့် ည (၁၁)နာရီအချိန်ခန့်က ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ပြည်သူ့ ဆေးရုံကြီးရှိ ဒါဏ်ရာရ လူနာများအားရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။ ယမန်နေ့က ပလောင် ကျေးရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခမှုတွင် ထိခိုက်ဒါဏ်ရာ ရရှိခဲ့သော ရွာသား(၁၂)ဦးနှင့် ရဲ(၆)ဦးတို့ အတွက်တစ်ဦးလျှင် ငါးသောင်းကျပ်စီကို ဆရာတော်များမှ လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံ

နော်ဝေနိုင်ငံအော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၆) ရက် မွန်းလွဲ (၁၂) နာရီခွဲတွင် အော်စလိုမြို့ရှိ Holmenkolln Park Hotel ၌ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ
Thursday, February 28, 2013

အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီပါဝင်သော
P5+1 ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံကြား ကိုးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဇက်စတန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံဆွေးနွေးရန်အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။ 

မတ်လ ၁၈ ရက်နေ့တွင် တူရကီနိုင်ငံ အီစတန်ဘူ၌ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပြီး ဧပြီလ ၅ ရက်မှ ၆ ရက်အတွင်း ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် P5+1 နှင့် အီရန်တို့ ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်နှင့် အီရန်စေ့စပ်ညှိနှိုင်းရေးမှူး ဆာဟိဂျာလီလီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများက အီရန်၏ ယူရေနီယံသန့်စင်ရေး လုပ်ငန်းများကို စွန့်လွှတ်ပါက အပြန်အလှန်အနေဖြင့် ရေနံနှင့်
မသက်ဆိုင်သော အရေးယူမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု
များကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်။ 

ယင်းကမ်းလှမ်းချက်ကို အီရန်က ဂရုတစိုက် နားထောင်ပုံရကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆာဟိဂျာလီလီကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော သဘောထားကို ချီးကျူးကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်

Ref:AFP
Eleven Media Group
ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်
Thursday, February 28, 2013
အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

အင်္ဂါဂြိုဟ်ကို ပထမဆုံး လူစေလွှတ်ဖို့ ပြင်

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃
အမေရိကန်က သန်းကြွယ်သူဌေးလည်းဖြစ် အာကာသထဲကို ပထမဆုံး ပုဂ္ဂလိက ခရီးသွား တစ်ဦးလည်း ဖြစ်တဲ့ Dennis Tito ဟာ အင်္ဂါဂြိုဟ်ကို ပထမဆုံး လူတင် အာကာသယာဉ် စေလွှတ်ဖို့ ပြင်ဆင်နေ ပါတယ်။ မစ္စတာ တီတိုးနဲ့ သူ့ရဲ့ Inspiration Mars Foundation အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဒါဟာ သိပ္ပံရှုထောင့်က ကြည့်ရင် တကယ့် အံမခန်းအနေအထား ဖြစ်မှာပါ ၊

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

    Created on Thursday, 28 February 2013 03:39 


သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

အေးချမ်းမွန်မှ http://www.news-eleven.com တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Thursday, 28 February 2013

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်နှင့်ပတ်သတ်ပြီး မစုစုနွေးရဲ့ တင်ပြချက်

…. ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….
(စုစုနွေး တင်ပြချက်)

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ 

ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ 

သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ 

ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ 

မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ 

အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ 

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ 

စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ 

မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ 

ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။ သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ 

အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြ
တာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတသာ
နည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။

အစ္စလာမ် သာသနာရေးရာ ကောင်စီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်ခဲ့တဲ့ ၀ဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဝဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဆရာမကြီးဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘဥိးဘကျင် အမိဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။ ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိုပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊ ဗမာမွတ်စလင်(မ်) အမျိုးသမီးနိုးကြားရေးအဖွဲ့၊ မုဆိုးမများ စောင့်ရှောက်ရေးအဖွဲတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မွတ်စလင်မ် အမျိုးသမီးများ အိမ်တွင်းပုန်းဘ၀မှ လွတ်မြောက်ရေးနှင့် လူမှု့ဝန်ထမ်းလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ရေးတို့ကို စည်းရုံးလှုံဆောင်ခဲ့ပြီး သူနာပြုတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာမွတ်စလင်(မ်) အမျိုးသမီးအဖွဲ့ချုပ်ကို ဦးဆောင် ဖွဲစည်းခဲ့ပြီး ကွယ်လွန်သည့် အထိ ဥက္ကဌအဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့သည်။ လမ်းမတော် မဲဆန္ဒနယ် မှ တိုင်းပြုပြည်ပြု လွတ်တော် အမတ်အဖြစ်လည်းကောင်း ရမည်းသင်း မဲဆန္ဒ နယ်မှ လူမျိုးစုလွှတ်တော် အမတ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အစ္စလာမ် သာသနာရေးရာ ကောင်စီ စတင်တည်ထောင်ရာတွင် ဗဟို အလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၂-ခုနှစ် မှ ၁၉၆၀ ခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး ကြီးကြပ်ရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း ရန်ကုန် အကျဉ်းထောင် ကြိးကြပ်ရေးအဖွဲ့ဝင် အဖြစ်လည်းကောင်း ပြည်ထောင်စု လူမှုရေး ၀န်ထမ်းကောင်စီဝင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ အိန္ဒိယ နိုင်ငံ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ မြန်မာနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်အဖြစ်
အစည်းအဝေး တက်ရောက်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင်  မိဘမဲ့ မွတ်စလင်(မ)် အမျိုးသမီးငယ် များအတွက် မွတ်စလမ်(မ်) အမျိုးသမီး သာသနာ့ ရိပ်သာ (ဂေဟာ) ကို တည်ထောင်ပေးခဲ့ပြိး လက်ရှိ သုံးထပ်တိုက် အဆောက်အဥိး ကြီးကို ကြိုးပမ်း တည်ဆောက်ခဲ့သည်။ အစ္စလာမ်ရေးရာ
အမျိုးသမီး ရှေ့ဆောင်သင်တန်းကို စတင် ပျိုးထောင် ခဲ့သော ဗိသုကာကြိးလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဇန်န၀ါရီ(၄) ရက်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည ၀ဏ္ဏကျော်ထင် ဘွဲ့ကို လက်ခံရရှိခဲ့ပါသ်ည။

ဆရာမကြီး ဒေါ်စောရွှေသည် မွတ်စလင်မ် အမျိုးသမိးများအပါအ၀င် တမျိုးသားလုံအတွက် ကြိုးပမ်းကာ အမှန်တရားကို စေတနာအပြည့်ဖြင့် ကိုယ်ကျိုးမဖက် အစဉ်တိုက်ပွဲဝင်ခဲ့သော မွတ်စလင်မ်တို့၏ စံပြစံတင်ထိုက်သည့် မိခင်မွန်အဖြစ်နှင့် ပင် ၁၉၈၀ ခုနှစ် ဇွန်လ(၂၁)ရက် စနေနေ့ အသက် (၇၇) နှစ် တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ခံယူခဲ့ပြီး ကန်တော်လေး မွတ်စလင်သုသာန်တွင် မြှုပ်နှံခဲ့ပါသည်။ 

http://www.m-mediagroup.com/news/3940

ဆရာမကြီးဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘဥိးဘကျင် အမိဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။ ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိုပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊

နော်ဝေရောက် မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်

နော်ဝေရောက် မြန်မာမိသားစုတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာမှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွာရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေမှာ  နော်ဝေနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်လိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဒ့ါပြင် သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ သတင်းနည်းပညာ ကဏ္ဍတွေမှာ နော်ဝေကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

နော်ဝေဝန်ကြီးချုပ်ကလည်း မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပြင် ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း ကူညီဆောင်ရွက်ပေးမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးအပ်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက သမ္မတဦးသိန်းစိန်တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါသွားတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်တို့က ဆန္ဒပြခေါင်းဆောင်နှစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး ဆန္ဒပြရတဲ့အကြောင်းရင်းတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ညနေမှာ နော်ဝေးနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မနေ့က ဆန္ဒပြသူတွေထဲက ၂ ဦးကို သမ္မတရုံးဝန်ကြီး ဦစိုးသိန်းနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့က ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖေဖေါ်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာမှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၅၀ နီးပါးအတွင်း သာသနာရေးဝန်ကြီး အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြိး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်၇ှိသူများနှင့် တွေ့ဆုံ

သာသနာရေးဝန်ကြီးဦးဆန်းဆင့်အစ္စလာမ်ကောင်စီရုံးသို့လာရောက်ခြင်း

နှစ်ပေါင်း ၅၀ နီးပါးအတွင်း သာသနာရေးဝန်ကြီး အစ္စလာမ်အဖွဲ့အစည်းရုံးခန်းသို့ လာရောက်ပြိး အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်၇ှိသူများနှင့် တွေ့ဆုံ
================
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
M-Media

ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့ ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။


ယခုကဲ့သို့ အစ္စလာမ်အဖွဲ့အစည်းရုံးတခုသို့ ပြည်ထောင်စုဝန်ကြီးအဆင့် ကြွရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည့်မှာ ၁၉၆၂ ဗိုလ်ချူပ်ကြီးနေဝင်း မှ အာဏာသိမ်းယူပြီးနောက်ပိုင်း ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး ဦးဆန်းဆင့်က အစ္စလာမ်ဘာသာရေးအဖွဲများမှာ ကိစ္စကြီးငယ်ရှိခဲ့ရင် သူထံသို့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်သလို အစ္စလာမ်ဘာသာဝင်အများရဲ့ ကိစ္စရပ်များ ဆောင်ရွက်ဖို့ သီးသန့်တာဝန်ခံ တယောက်ထားရှိမယ်အကြောင်း ပြောကြားခဲ့ကြောင်းသိရပါသည်။

သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးဆန်းဆင့်သည် ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
Credit : M-Media

ဇင်ယော်
http://www.facebook.com/ZinYawNews

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့ ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

Wednesday, February 27, 2013

မအူပင် လယ်မြေပဋိပက္ခ တောင်သူလယ်သမားများထိခိုက်မှုသတင်းနှင့် ဓါတ်ပုံများ

Photo: လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။  အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လယ်ယာမြေပြန်လည်ရရှိရေးဆန္ဒထုတ်ဖော်နေသောမအူပင်မြို့နယ်မှလယ်သမားများအား ရဲတပ်ဖွဲ့ဝင်
များမှ သေနပ်ဖြင့်ပစ်ခက် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သ
မားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍

လူအများအား အံ့အားသင့်စေခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI အနားယူတော့မည့်သတင်း

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးအဖြစ်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အနားယူတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး လူအများအား အံ့အားသင့်စေခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ၁.၂ ဘီလီယံခန့်ရှိသော ကက်တလစ်ခရစ်ယာန်များ၏ အကြီးအမှူးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ကျန်းမာရေး အခြေအနေကြောင့်ဟု အကြောင်းပြုကာ အနားယူတော့မည် ဖြစ်သည်ဟု သိရှိရသည်။

လူနာမည် Joseph Ratzinger ဟု ခေါ်တွင်ပြီး ဂျာမန်လူမျိုးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ငယ်စဉ်ဘဝက ဂျာမန်လေတပ် အရန်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဘာသာရေးလောကသို့ ကူးပြောင်းကာ ကက်တလစ် ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Joseph Ratzinger ပုပ်ရဟန်းမင်းကြီး John Paul II လွန်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

ဗာတီကန်တွင် တာဝန်ထမ်းဆောင်စဲမှ အနားယူခဲ့သည့် နောက်ဆုံး ပုပ်ရဟန်းမင်းကြီးမှာ Gregory XII ဖြစ်ပြီး ၁၄၁၅ တွင် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း က ဖြစ်ပွားခဲ့သည့် ကမ္ဘာတစ်ဝန်းရှိ ကက်တလစ်ဘုရားကျောင်း အချို့ရှိ ဘုန်းတော်ကြီးများ၏ ရာဇဝတ်ပြစ်မှု ကျူးလွန်မှုများကြောင့် ဝေဖန်မှုများအား ခံခဲ့ရသည်။

ပုပ်ရဟန်းမင်းကြီးအား အနားယူပြီးသည့်နောက်တွင် Pope Benedict XVI အစား Pope Emeritus ဟု အမည်ခေါ်တွင် စေရမည်ဟု ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့သည်။
---
Photos: CNN. All Rights Reserved.

အေးချမ်းမွန်မှ Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးအဖြစ်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အနားယူတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး လူအများအား အံ့အားသင့်စေခဲ့သည်။

ဥပဒေအရ အခြေအနေကို ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော

ဥပဒေအရ အခြေအနေကို ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်မြို့နယ်  မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မနေ့က ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ လယ်သမားတွေဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့မနက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ နောက်ထပ် တင်းမာမှုတွေ ဖြစ်ပွားလာပါက အကြမ်းဖက်နှိမ်နင်းဖို့ အစီအစဉ်မရှိဘူးလို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက RFA ကို ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းပြောတာက လက်ရှိအခြေအနေကို ထိမ်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ လယ်သမားတွေရယ်၊ ကုမ္ပဏီပိုင်ရှင်ရယ်၊ လယ်သမားအဖွဲ့တွေရယ်၊ အာဏာပိုင်တွေရယ် ညှိနှိုင်းဆောင်ရွက်မယ်လို့ RFA ကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးကနေတဆင့် တင်ပြပြီး ပြဿနာပြေလည်အောင် ဖြေရှင်းမယ်လို့ဆိုပါတယ်။

လယ်သမားတွေကတော့ သူတို့အသိမ်းခံထားရတဲ့ လယ်မြေတွေနားမှာ ဒီနေ့ဆက်လက်ဆန္ဒပြနေပါတယ်။
မလက်တိုကျေးရွာအုပ်စုအတွင်းက လယ်ယာမြေ ဧကပေါင်း ၅၅၀ ကျော်ကို ၂၀၀၄ ခုနှစ်က လျော်ကြေးငွေမပေးပဲ သိမ်းယူခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော 
ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေးဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့ 
ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ 
သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ(ပထမမူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊ 
သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိသောသတင်းအချက်အလက်များကိုတားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ 
လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို 
ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။

"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန်ရပါတယ်"ဟု  အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။

အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။

PP


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော Popular News ဂျာ
နယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော ရဲများတာဝန်ယူစောင့်ကြပ်နေသည့်ပုံ
များ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေး
ခဲ့ရကြောင်းသိရသည်။

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း
Wednesday, February 27, 2013

မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ်နှိပ်ဖို့အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Message လည်း ပို့လို့ရပါတယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရမယ့် နည်းပညာ များက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင်ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: engadget
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/blog-post_27.html

--
TechSpace Journal

Wednesday, February 27, 2013

မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အဖွင့်အမှာစကား၌ပင် အဝေဖန်ခံနေရသည့် တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌသစ်

အဖွင့်အမှာစကား၌ပင် အဝေဖန်ခံနေရသည့် တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌသစ်
Thursday, February 21, 2013

လွှတ်တော်အမှာစကား ပထမဆုံးပြောကြားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဌအသစ်မှာ အဖွင့်အမှာစကား၌ပင် ပုသိမ်အခြေစိုက်နိုင်ငံရေး
အဖွဲ့ အစည်းများ၏ ဝေဖန်မှုအား ခံခဲ့ရသည်။ 

ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဌသစ် ဦးတင်စိုးမှာ တပ်မတော်
အပေါ် သစ္စာစောင့်သိ တာဝန်ထမ်းဆောင် သွားမည်ဟု အဖွင့်အမှာ
စကားတွင် ထည့်သွင်းပြောကြားခဲ့သည့်အတွက်ဝေဖန်ခံနေရခြင်း
လည်းဖြစ်သည်။ 

အဆိုပါအမှာစကားတွင် ပညာတတ်များနည်းပါးသော မိဘဆွေမျိုး  အသိုင်းအ၀ိုင်းကြားတွင် အလယ်တန်းကျောင်းသားဘ၀မှ စ၍ တက္ကသိုလ်အထိ နိုင်ငံနှင့် တပ်မတော်က ထောက်ပံ့သည့် စရိတ်များဖြင့် ပညာသင်ယူခဲ့ရပြီး ပညာတတ် တစ်ယောက်ဖြစ် လာကြောင်း၊ ထိုကျေးဇူးများကြောင့် မိမိ ဒီနေရာကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တိုင်းပြည်နှင့် တပ်မတော်သည် ၄င်း၏ မိဘများဖြစ်ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ယခုရော နောင်ရော တစ်သက်လုံးတိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိစွာဖြင့် တာဝန်များကို ထမ်းဆောင်သွားမည်ဟု ပြောကြားမှုအပေါ်တွင် ဝေဖန်ထောက်ပြမှု များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

“လွှတ်တော်ဥက္ကဋ္ဌဆိုတာကို ပြည်သူ့ကိုယ်စားလှယ်အဖြစ်ခံယူတယ်ဆိုရင် ဒီစကားရပ်ကို ပြောဆိုဖို့ မလိုအပ်ပါဘူး သူဟာ   ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌဗျ။ လွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော်တစ်ရပ်လုံးကို တာဝန်ခံရမှာ ဖြစ်တယ်။ တပ်မတော်ကို တာဝန်ခံရမှာမဟုတ်ဘူး။”  ဟု ပုသိမ် အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ဦးသန်းဝင်းက ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်စိုးကို တိုင်းလွှတ်တော်ဥက္ကဌအဖြစ် ယခုဖေဖော်ဝါရီလ (၁၄)ရက်နေ့က ကျင်းပသော တိုင်းလွှတ်တော်အရေးပေါ် အစည်းအဝေး (၁/၂၀၁၃)၌ အဆိုတင်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။ 

“မဲပေးတဲ့စနစ်နဲ့ ရွေးဖို့ မဲပုံးတွေပြင်ထားတယ် ဆိုပေမယ့် မိနစ်
၂၀လောက်နဲ့ပဲ ရွေးကောက် တင်မြောက်တာ ပြီးသွားတော့ စာရင်းပေးချင်
တဲ့သူရှိရင်တောင် ပေးခွင့်မရလောက်အောင် အရမ်းမြန်ပြီး၊ ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒမျိုးဆိုတာတောင် မတွေ့ခဲ့ရဘူး” ဟု ဧရာဝတီ တိုင်းလွှတ်တော်မှ NLDပါတီ ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောသည်။ 

ဦးတင်စိုးမှာ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ
တွင် ကျုံပျော်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်
အနိုင်ရကာ တိုင်းအစိုးရ ဖွဲ့စည်းချိန်ကစ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
အဖြစ် တာဝန်ထမ်းဆောင် ခဲ့သော်လည်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံရပြီးနောက် လွှတ်တော် ဥက္ကဋ္ဌမဖြစ်မီ အချိန်အထိ ထိုတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 

လစ်လပ်သွားသည့် ၄င်း၏လူမှုရေးဝန်ကြီးနေရာအား ကြံ့ခိုင်ရေးပါတီမှ
ကန်ကြီးထောင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်ခင်စောမူအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် သမ္မတရုံး
အမ်အမှတ်(၁၀/၂၀၁၃)ဖြင့် အစားထိုး ခန့်အပ်ခဲ့သည့်အတွက် ဒေါ်ခင်စောမူ
မှာ တိုင်းအစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးဝန်ကြီး ဖြစ်လာသည်။ 

တိုင်းလွှတ်တော်ဥက္ကဌအဖြစ်ခန့်အပ်ခံရပြီး ပထမဆုံးအမှာစကားတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုမှု နှင့်ပတ်သတ်၍ ပုသိမ်အခြေစိုက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လူအခွင့်အရေးကာကွယ်မြှင့်တင် သူများကွန်ယက်(HRDP)၊ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)နှင့် ကျောင်းသားသမဂ္ဂတို့မှလည်း ဝေဖန်ထောက်ပြပြောဆို မှုများ ပြုလုပ်ခဲ့သည်။ 

“သူက စစ်တပ်ကလာတာဆိုတော့ စစ်တပ်ရဲ့ညဉ် မပျောက်နိုင်သေးတာက အားနည်းချက်တစ်ခု ဖြစ်သွားတာပေါ့။ အဲတော့ သူဘယ်လိုပြည်သူ့အတွက် အလုပ်လုပ်မလဲဆိုတာ စောင့်ကြည့်ပြီးတော့မှ သူဘယ်လိုလူလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ လွှတ်တော်ဥက္ကဌတစ်ယောက်အနေနဲ့က ပြည်သူတွေကို ပိုပြီး သစ္စာစောင့်သိရမှာပါ” ဟု ပုသိမ်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသား
များအဖွဲ့မှ ဒေါက်တာ လှခိုင်က ပြောသည်။ 

တိုင်းလွှတ်တော်ဥက္ကဌ အဖြစ်ခန့်အပ်ခံရပြီး ပထမဆုံးအမှာ စကားတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုမှုနှင့် ပတ်သတ်ပြီး ပုသိမ်အခြေစိုက် လူအခွင့်အရေးကာကွယ် မြင့်တင်သူများကွန်ယက်(HRDP)၊ လူ့အခွင့်
အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက် (HRWDN)နှင့် ကျောင်းသား
သမဂ္ဂတို့မှလည်း   ဝေဖန်ထောက်ပြ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ 

သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည့် ဧရာဝတီတိုင်း
လွှတ်တော်ဥက္ကဌဟောင်းမှာ ဦးဆန်းဆင့်ဖြစ်ပြီး ၄င်းတာဝန်ယူစဉ်ကာလ၌  လွှတ်တော်ဥက္ကဌရာထူးမှ မပြောင်းရွေ့ရေးအတွက် ဒေသခံပြည်သူများမှ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲ တာဝန် ပေးအပ်ခံခဲ့ရသည်။

 ဦးဆန်းဆင့်၏ လက်ထက်တွင် ပြောဆိုနိုင်ခဲ့သော ပြည်သူ့အသံသည် လွှတ်တော်အသံ ၊ပြည်သူ့ ဆန္ဒလွှတ်တော်တွင် တင်ပြဟူသော ဆောင်ပုဒ်
အတိုင်း ဖြစ်ခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်အား ဥက္ကဌသစ်လက်ထက်
တွင် မည်မျှလုပ်ဆောင်သွားနိုင်မည်ဟု စောင့်ကြည့်သွားကြရန်
လိုအပ်ကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးလေ့လာသူများက သုံးသပ်လျှက်
ရှိသည်။

Myit Makha Mediagroup

Thursday, February 21, 2013

လွှတ်တော်အမှာစကား ပထမဆုံးပြောကြားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအသစ်မှာ အဖွင့်အမှာစကား၌ပင် ပုသိမ်အခြေစိုက်နိုင်ငံရေး အဖွဲ့ အစည်းများ၏ ဝေဖန်မှုအား ခံခဲ့ရသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ရဲ့ တန်ဖိုးရှိလှတဲ့ စကားတစ်ခွန်း

သင့်ကိုမွေးဖွားလိုက်ခြင်းဟာ မတရားမူကို အဆုံးသတ်ဖို့
===============================

“မတရားမှုတခုမှာ "ကြားနေ"တယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ” 

“If you are neutral in a situation of injustice, you have chosen to side with the oppressor.” (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

Credit To အဖြူရောင်စာမျက်နှာ

သင့်ကိုမွေးဖွားလိုက်ခြင်းဟာ မတရားမူကို အဆုံးသတ်ဖို့

“မတရားမှုတခုမှာ "ကြားနေ"တယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.” (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

လင်းသန့်| February 27, 2013 |

ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ်သမားများထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော်ရှိပြီး အမျိုးသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက်အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အားဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်းပေးနေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေလည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာစကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ်သမား အဖွဲ့အစည်းမှလည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ၌ ကျွေးမွေးသည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွားလာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေးပွဲသို့ အလုပ်သမား ကိုယ်စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ကြောင်းလည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာအရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မ၀င်ရောက်ပါက ပထမ တရက်အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များအတွက် လစာပေးမည် မဟုတ်ကြောင်း၊ အလုပ်သမားများအား အလုပ်ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)

အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)
လင်းသန့်| February 27, 2013
ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်
ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

မြိတ်မြို့တွင် ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန် လိုက်ပါလာသော ဘင်္ဂါလီ ၄၁ ဦးအား ဖမ်းဆီးရမိ

Wednesday, 27 February 2013
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန်ဟုဆိုကာ လိုက်ပါလာသော ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိထားပြီး ကျန်နေသည့် သူများအား လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

သစ်ပါးလွှာစက်ရုံဝန်ထမ်းများ အစာအဆိပ်သင့်မှု ဒုတိယအကြိမ်ဖြစ်ပွား ၀န်ထမ်းခြောက်ဦး သေဆုံး၊ ၂၇ ဦး ဆေးဝါးကုသမှုခံယူနေရ

မုံရွာ၊ဖေဖော်ဝါရီ-၂၇
ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု ယက်ဖကျေးရွာအနီး လပြည့်နဂါးကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံမှ ၀န်ထမ်းများ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အဆိုပါစက်ရုံမှ ၀န်ထမ်းအမျိုးသားခြောက်ဦး သေဆုံးပြီး ထမံသီတိုက်နယ်ဆေးရုံတွင် ၂၇ ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း သစ်ပါးလွှာစက်ရုံ ကုမ္ပဏီဝန်ထမ်းမိသားစုများက ပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ မိုးညှင်း မြို့ကို ရောက်ပြီ

ဒီနေ့ ၂၇-၃-၂၀၁၃ ကျနော်တို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့
ကချင်ပြည်နယ် မိုးညှင်း မြို့ကို ရောက်ပါပြီ။ သောင်းသောင်းဖျဖျ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ လမ်းတလျှောက် တခြားမြို့တွေက ကြိုဆိုတာနဲ့ ဘာတွေများကွာခြားသလဲ ဆိုတဲ့ မေးခွန်းကို မိုးညှင်းဒေသခံ မီဒီယာ သမားတစ်ယောက်က ကျနော့်ကို မေးပါတယ်။ ကွာခြားပါတယ်။ ထူးခြားပါတယ်။ ရှမ်းတိုင်းရင်းသားတွေက ရှမ်းအိုးစည် ၀ိုင်းနဲ့ ကြိုဆိုတယ်။

ယာဉ်တိုက်မှုများလျော့ကျစေရန် ခရီးသည်တင်ယာဉ်မောင်းများ လစာစနစ်ဖြင့် ပေးရန်စီစဉ်

ယာဉ်တိုက်မှုများလျော့ကျစေရန် ခရီးသည်တင်ယာဉ်မောင်းများ လစာစနစ်ဖြင့် ပေးရန်စီစဉ်

February 27, 2013 Home

ရန်ကုန်မြို့တွင်ဖြစ်ပွားလျက် ရှိသော ခရီးသည်တင်ယာဉ်တိုက် မှုယာဉ်တိမ်းမှောက်မှုအများစု သည် ခရီးသည်တင်ယာဉ်အချင်း ချင်း အပြိုင်အဆိုင်မောင်းနှင်ခြင်း ကြောင့်ဖြစ်ပွားရသော ယာဉ်တိုက်မှု တိမ်းမှောက်မှုသည် အများဆုံး ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ သူ့ထက်ငါအပြိုင်အဆိုင်မောင်းနှင်ရန် တွန်းအား တစ်ခုမှာ
ရရှိသည့် ငွေကြေးအပေါ် မူတည်၍ ရာခိုင်နှုန်းဖြင့်ပေးသော စနစ်
ဖြစ်သဖြင့် ယာဉ်တိုက်မှု၊တိမ်း မှောက်မှုလျော့ကျစေရန် ယာဉ်မောင်းများ
အား လစာစနစ်ဖြင့်ပေး ရန် စီစဉ်လျက်ရှိကြောင်း မထသ (ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်က ပြောကြားသည်။

““ယာဉ်တိုက်မှုတွေဘာကြောင့် ဖြစ်လဲဆိုတော့ အခုယာဉ်မောင်း
တွေကိုပေးတဲ့စနစ်က အခေါက် ရေရတဲ့ ပိုက်ဆံပေါ်မှာမူတည်ပြီး
တော့ ရာခိုင်နှုန်းနဲ့ပြန်ပြီးတော့ ပေးနေတယ် အဲဒီတော့ယာဉ်မောင်း
တွေနဲ့ယာဉ်နောက်လိုက်တွေ က အခေါက်ရေပိုရအောင် အပြိုင်အဆိုင်
မောင်းနေကြပါတယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ယာဉ်မောင်း များအား လစာပေးသည့်စနစ်နှင့် ပေးပါက ယာဉ်တိုက်မှုနှင့်တိမ်း မှောက်မှုများလျော့နည်းသွားနိုင် ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌမှ ဦးလှအောင်က ဆက်လက်ပြော ကြားသည်။

““ယာဉ်မောင်းတွေကို လစာ စနစ်နဲ့ပေးမယ်ဆိုရင် သူဘာသာ အခေါက်ရေဘယ်လောက်ပဲ မောင်းမောင်းလစာပဲရလာမယ်။ နိုင်ငံတကာမှာလဲ ဒီစနစ်ကိုအသုံး ပြုနေကျပါတယ်။ ဒီစနစ်တွေကို အသုံးပြုမည်ဆိုရင် အပြိုင်အဆိုင် မောင်းနှင်တာတွေ ခရီးသည်တွေ အလုအယက်
တင်တာတွေ အခု ဖြစ်နေတဲ့ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှု
တွေလည်း လျော့ကျနိုင် ပါတယ်””ဟု ပြောကြားခဲ့သည်။

ခရီးသည်တင်ယာဉ်မောင်း များအား လစာဖြင့်ပေးကာ မောင်းနှင်
စေသည့်စနစ်ကျင့်သုံးမည်ဆို ပါက ယင်းစနစ်ဆောင်ရွက်ခြင်း
ကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအကျိုး၊အပြစ်များ အတွက်လည်းကြိုတင်စီမံဆောင် ရွက်သင့်ကြောင့် ခရီးသွားအချို့ ကသုံးသပ်ပြောကြားသည်။

ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

February 27, 2013
ရန်ကုန်မြို့တွင်ဖြစ်ပွားလျက် ရှိသော ခရီးသည်တင်ယာဉ်တိုက် မှုယာဉ်တိမ်းမှောက်မှုအများစု သည် ခရီးသည်တင်ယာဉ်အချင်း ချင်း အပြိုင်အဆိုင်မောင်းနှင်ခြင်း ကြောင့်ဖြစ်ပွားရသော ယာဉ်တိုက်မှု တိမ်းမှောက်မှုသည် အများဆုံး ဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကေအိုင်အိုက ပြည်သူ့သဘောထားရယူ

၂၀၁၃ ဖေဖော်ဝါရီလ ၂၅ ရက် ( တနင်္လာ )
ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြည်သူ့ဆန္ဒတွေ ပါဝင်ဖို့ လူထုကိုယ်စားလှယ်တွေဆီက အကြံဥာဏ်နဲ့ သဘောထားတွေ ရယူခဲ့တယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီ ၄ဝ ဦးအား မြိတ်မြို့တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၄ဝ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (ဝဝး၁၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီးရှိ ကမ်းနားလမ်းတွင်နှင့် ရပ်ကွက်များ အတွင်း ဖမ်းဆီးမိကြောင်း သိရှိရသည်။

"ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

"ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေ ကို ဖေဖော်ဝါရီလ မှစပြီး ခဏ နားထားတယ်လို့ သိရပါတယ်။ 

ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးခဲ့ ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့ အတွက်ခဏနားလိုက်တာဖြစ်တယ် လို့ ပြောပြလာ တာကြောင့် 
”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲ အတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်က လည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင် ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက် အခဲတွေရှိပါတယ်။ ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို ရသလို ခရီးသွားရင်တောင် စာအုပ်ကို ယူသွားပြီး တတ်နိုင်သလောက် လုပ်ရတာပေါ့။ အနုပညာရှင် တစ်ယောက်ဖြစ်နေတော့ အချိန်ပေးဖို့ကလည်း နည်းနည်း ခက်ခဲတယ်။ ဒါပေမဲ့ အချိန်တွေ သိပ်ကွာဟ သွားတော့လည်း မကောင်းတော့ ပြန်ဖြေဖြစ် တာပါ။ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေတော့ ပညာရေး ဘက်ကို မလှည့်နိုင်ဘူး။ နောက်ပြီး စနစ်တွေလည်း ပြောင်းတော့မယ် လို့ကြားတော့ ကိုယ်လည်း အရင် ကျက်ထားဖူးတဲ့ စနစ်ဟောင်းနဲ့ပြန်ဖြေ ချင်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ဖြေကြည့်မယ်ဆိုပြီး ဖြေဖြစ်တာပါ။ စာမေးပွဲကလည်း ကံလိုသေးတယ်လေ။ စိုးပြည့် စာမေးပွဲ ပြီးတာနဲ့ ဇာတ်ကားတွေ ပြန်ရိုက်မှာပါ”လို့ ပြောပြပါတယ်။ 

စိုးပြည့်သဇင်က ၁ဝတန်းစာမေးပွဲ ဖြေဆိုပြီးတာနဲ့ ဒါရိုက်တာမီးပွား၊ မင်းမော်ကွန်းတို့နဲ့ ရုပ်ရှင် ဇာတ် ကားကြီး ရိုက်ကူးမယ်လို့လည်း ပြောပြခဲ့ ပါတယ်။

မေမွန်မောင်


စိုးပြည့်သဇင်က ဇာတ်ကား ရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေ ကို ဖေဖော်ဝါရီလ မှစပြီး ခဏ နားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးခဲ့ ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့ အတွက်ခဏနားလိုက်တာဖြစ်တယ် လို့ ပြောပြလာ တာကြောင့်

လမ်းဖြတ်ကူးသူတစ်ဦးအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောအတွင်းလဲကျသည့် ဆိုင်ကယ်ယာဉ်မောင်း ကားကြိတ်၍သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
၂၅-၂-၂၀၁၃ ရက်နေ့ ၁၇၅၀ အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ၀န်ပြန်ရွာ၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၆၆)အနီးတွင် ပျဉ်းမနားမှ တပ်ကုန်းသို့ မိတ်္ထီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွ က်နေ အောင် ကိုမင်း(၃၀)နှစ် စီးနင်းလာသည့် ၂၃ယ/xxxxx ရာမဟာ ဆိုင်ကယ်သည် လမ်းဖြတ်ကူးသူတစ်ဦးအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိလဲကျသွားခဲ့သည်။

"မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်"

"မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်"

 မြန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။ “MCC မှာ လုပ်မှာပါ။Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်း ပုဒ်ရေ ထောင်ကျော်လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမှာ ပါ။ အရင် ပွဲတွေလို တခြား အဆိုရှင်တွေ မပါပါဘူး။ စုံတွဲ ဆို ဖို့ မိန်းကလေး ၃၊ ၄ လေးယောက်တော့ ပါမယ်။ အဓိက ကတော့ one man show ပေါ့။ ဂီတမှူး ဇော်မျိုးထွဋ် နဲ့ အတူ သီရိမောင်မောင် ဆိုင်းဝိုင်း အဖွဲ့ က ပူး ပေါင်း ဖျော်ဖြေမှာပါ” ဟု မြန်မာပြည်သိန်းတန် က ပြောသည်။

ယခုကဲ့သို့ ထပ်မံ ပြုလုပ်ဖြစ် ခြင်းမှာလည်း ပရိသတ်၏ တောင်းဆို မှု နှင့် အတူ သူ၏ များပြားလှသော သီချင်းများထဲမှ စင်ပေါ်တွင် မဆိုရသေးသော သီချင်းများကို လည်း ပရိသတ် များထံ ဖျော်ဖြေ တင်ဆက်လိုခြင်း ကြောင့် 
ဟုလည်း သိရသည်။

မြန်မာပြည်သိန်းတန် အနေ ဖြင့် ယခု အချိန်တွင် အမေရိကားနှင့် မြန်မာပြည်တွင် တစ်လှည့်စီ နေထိုင်လျက် ရှိပြီး နောက်ပိုင်း တွင်တော့ မြန်မာပြည် မှာပင်အခြေချ ရန် အစီအစဉ် ရှိကြောင်းသိရသည်။

ရဲရဲ

မန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။ “MCC မှာ လုပ်မှာပါ။Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့
တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်း ပုဒ်ရေ ထောင်ကျော်
လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကျန်ဗုံးဟောင်းတစ်လုံး အလိုအလျောက်ပေါက်ကွဲ

နပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၆-၂-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ကြခတ် ကျေးရွာနေ ဦးခွေးညို(၅၇)နှစ်၏ လယ်ကွင်းအတွင်းမှ ရှေးဟောင်း စစ်ကျန်ဗုံးတစ်လုံး အလိုအလျောက် ပေါက်ကွဲခဲ့သဖြင့် ၂ ပေပတ်လည်ခန့် ကျင်းဖြစ်သွားခဲ့ပြီး အလျား ၆ လက်မ၊ အနံ ၂ လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊ အလျား ၆ လက်မ၊ အနံ ၄ လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊ အလျား ၃ လက်မခွဲ၊ အနံ ၂ လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊ စုစုပေါင်း ဗုံးခွံစ ၃ ခု တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီမည်

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ 

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။ 

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။ 

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ

မအူပင်မြို့နယ် မလက်တိုကျေးရွာတွင် ရဲတပ်သားတစ်ဦး ဓားဒဏ်ရာဖြင့်သေဆုံးခဲ့ရခြင်းအပေါ် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဓားဒဏ်ရာဖြင့်သေဆုံးခဲ့ရသော ရဲတပ်သား ရဲကျော်သူ၏ဖြစ်စဉ်အပေါ် ကျူးလွန်သူအား လူသတ်မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး ဒုတိုင်းရဲမှုးကြီးက ပြောသည်။ " ဒီနေ့ မနက် ၉ နာရီကျော်ကျော်မှာ သေဆုံးသွားပါတယ်၊ ဥပဒေအတိုင်းပဲ လုပ်ရမှာပေါ့" ဟု၎င်းကပြောသည်။

မအူပင် (ကဗျာ)

မအူပင် 

ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ
ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ ...။

ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား ...
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ ...။

နိုင်ငံရေးသမား မဖမ်းဘူး
နိုင်ငံရေးမှု မရှိဘူး
နို့ ...
မတရား ရိုက်ဒဏ်နှက်ဒဏ် ခံနေရတဲ့
လယ်သမားတွေဘက်က ရပ်တည်
အဲဒီ ကျောင်းသား ထောင်တန်း ကျတဲ့အခါ ...။

၁၉၈၉ - ၉၀
ဖျာ ပေါတယ်
လယ်သမား ပေါတယ်
ခြင်တွေ ပေါတယ်
ထောင်သွင်း အကျဉ်းကျလာသူတွေ ပေါတယ်
မြစ်ဟာ ဘာမှမသိသလို ခပ်မဆိတ်စီးဆင်းနေဆဲ ... ။

အသည်းပေါက်တဲ့အထိ
မမေ့နိုင်တဲ့ ညနက်နက်တွေ အကြောင်း
အုတ်ရိုးမှာ သွေးနဲ့ ကမ္ပည်းထိုးခဲ့တယ် ...။    ။

ကမာပုလဲ
၂၇၊ ၂၊ ၂၀၁၃။

+ ၁၉၈၉ - ၉၀ ကာလ မအူပင် အကျဉ်းထောင်မှ တဆင့် မအူပင်ဆေးရုံတွင် သေဆုံးချိန်ထိ ခြေထိတ်၊ လက်ထိတ်ခတ်ခံ ကျဆုံးခဲ့ရသော ဘိုကလေးမြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ် စည်းရုံးရေးကော်မတီဝင် ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီး အမှတ်တရ ဒီကဗျာကို ရေးတယ် ...။
+ ဂျပန်ကြီးနှင့်အတူ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ပါတီမှ မြို့နယ် ဥက္ကဌ အပါအ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင် ( ၇ ) ဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ 
+ ထိုချိန်က လယ်သမားတွေအပေါ် မတရား ဖမ်းဆီး ရိုက်နှက်ကာ တာဝန်ကျေစပါး အဓမ္မ၀ယ်ယူနေမှုအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုမှ တရားဝင်စာထုတ် ကန့်ကွက်ခဲ့။
+ ထိုစာကို လူထုအတွင်း ဖြန့်ဝေပေးရန် ဗဟိုမှ ညွှန်ကြားခဲ့။  
+ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့မှုအပေါ် န၀တ စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းဖြစ်။ 
+ ပုဒ်မများမှာ ပုံနှိပ် အက် - ၂၀ နှင့် ၅၀၅ ( ခ )တို့ ဖြစ်။

ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ