![]() |
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့
ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ
တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။
ယခုကဲ့သို့ အစ္စလာမ်အဖွဲ့အစည်းရုံးတခုသို့ ပြည်ထောင်စုဝန်ကြီးအဆင့်
ကြွရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည့်မှာ ၁၉၆၂
ဗိုလ်ချူပ်ကြီးနေဝင်း မှ အာဏာသိမ်းယူပြီးနောက်ပိုင်း
ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး ဦးဆန်းဆင့်က အစ္စလာမ်ဘာသာရေးအဖွဲများမှာ
ကိစ္စကြီးငယ်ရှိခဲ့ရင် သူထံသို့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်သလို အစ္စလာမ်ဘာသာဝင်အများရဲ့ ကိစ္စရပ်များ ဆောင်ရွက်ဖို့ သီးသန့်တာဝန်ခံ တယောက်ထားရှိမယ်အကြောင်း ပြောကြားခဲ့ကြောင်းသိရပါသည်။
သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး
ယခုနှစ် ဇန်နဝါရီ ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်
ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး
ဦးဆန်းဆင့်သည် ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင်
ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
RND: 28.2.2013
Credit : M-Media
0 comments:
Post a Comment