Pages

Thursday, February 28, 2013

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ

နျူကလီးယားစီမံကိန်းအတွက် ထပ်မံဆွေးနွေးရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ
Thursday, February 28, 2013

အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီပါဝင်သော
P5+1 ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံကြား ကိုးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဇက်စတန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံဆွေးနွေးရန်အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။ 

မတ်လ ၁၈ ရက်နေ့တွင် တူရကီနိုင်ငံ အီစတန်ဘူ၌ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပြီး ဧပြီလ ၅ ရက်မှ ၆ ရက်အတွင်း ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် P5+1 နှင့် အီရန်တို့ ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်နှင့် အီရန်စေ့စပ်ညှိနှိုင်းရေးမှူး ဆာဟိဂျာလီလီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများက အီရန်၏ ယူရေနီယံသန့်စင်ရေး လုပ်ငန်းများကို စွန့်လွှတ်ပါက အပြန်အလှန်အနေဖြင့် ရေနံနှင့်
မသက်ဆိုင်သော အရေးယူမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု
များကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်။ 

ယင်းကမ်းလှမ်းချက်ကို အီရန်က ဂရုတစိုက် နားထောင်ပုံရကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆာဟိဂျာလီလီကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော သဘောထားကို ချီးကျူးကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်

Ref:AFP
Eleven Media Group
ဓာတ်ပုံ - အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းတာဝန်ရှိသူများ ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် အီရန်နျူကလီးယား စီမံကိန်းအတွက် ဆွေးနွေးနေကြစဉ်
Thursday, February 28, 2013
အီရန်နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး မတ်လနှင့် ဧပြီလတွင် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျာမနီပါဝင်သော P5+1 ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်နိုင်ငံကြား ကိုးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဇက်စတန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံဆွေးနွေးရန်အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၈ ရက်နေ့တွင် တူရကီနိုင်ငံ အီစတန်ဘူ၌ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပြီး ဧပြီလ ၅ ရက်မှ ၆ ရက်အတွင်း ကာဇက်စတန်နိုင်ငံ အယ်မာတီမြို့တွင် P5+1 နှင့် အီရန်တို့ ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်နှင့် အီရန်စေ့စပ်ညှိနှိုင်းရေးမှူး ဆာဟိဂျာလီလီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများက အီရန်၏ ယူရေနီယံသန့်စင်ရေး လုပ်ငန်းများကို စွန့်လွှတ်ပါက အပြန်အလှန်အနေဖြင့် ရေနံနှင့် မသက်ဆိုင်သော အရေးယူမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု
များကို လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်။

ယင်းကမ်းလှမ်းချက်ကို အီရန်က ဂရုတစိုက် နားထောင်ပုံရကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆာဟိဂျာလီလီကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော သဘောထားကို ချီးကျူးကြောင်း ကြေညာချက်ထုတ်ခဲ့သည်။


Ref:AFP
RND: 28.2.2013
Eleven Media Group

0 comments:

Post a Comment