Pages

Thursday, February 28, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံ

နော်ဝေနိုင်ငံအော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၆) ရက် မွန်းလွဲ (၁၂) နာရီခွဲတွင် အော်စလိုမြို့ရှိ Holmenkolln Park Hotel ၌ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတက
- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် နော်ဝေအစိုးရနှင့် ပြည်သူများက ပံ့ပိုးကူညီမှုများအတွက် မြန်မာပြည်သူများနှင့် မိမိတို့အစိုးရက များစွာကျေးဇူးတင်ရှိ ပါကြောင်း၊ 

- မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ သိသာထင်ရှားသည့် ရလဒ်ကောင်းများ ရရှိခဲ့ပြီဖြစ်ပါကြောင်း၊ 

- စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ပြည်သူများ အနေဖြင့် သိသာထင်ရှားသည့် ရလဒ်များရရှိလာရန် အရေးကြီးပါကြောင်း၊ 

- ထို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် လိုအပ်နေပါကြောင်း၊

- နော်ဝေနိုင်ငံအနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဆက်လက် ကူညီပေးနေသကဲ့သို့ နော်ဝေကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံနိုင်ငံခြားရေးဝန်ကြီးကလည်း
- နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကို ပထမဆုံး အသိအမှတ်ပြုခဲ့ပြီး ကူညီပံ့ပိုးပေးခဲ့ပါကြောင်း၊

- ထိုအချိန်တွင် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် သံသယဖြင့် စောင့်ကြည့်နေချိန် ဖြစ်ပါကြောင်း၊

- လွန်ခဲ့သည့် (၂) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများကို ကြည့်ပါက မိမိတို့၏ ဆုံးဖြတ်ချက် မှန်ကန်သည်ကို တွေ့ရှိလာရပါကြောင်း၊

- မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကူအည ပေးသွားမည် ဖြစ်ပါကြောင်း၊

- မိမိတို့ နိုင်ငံက မြန်မာနိုင်ငံကို အကူအညီများပေးနိုင်ရန် အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သာမက အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာရှဒေသတွင်း နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

- မိမိတို့ နိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူမှု အပြည့်အဝရှိသည့် ရင်းနှီးမြှုပ်နှံမှု များကို ဆောင်ရွက်သွားရန် စိတ်ဝင်စားလျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
 
 
RND: 28.2.2013
မှုးဇော် (နိုင်ငံတော်သမ္မတရုံး)

0 comments:

Post a Comment