Pages

Thursday, February 28, 2013

"ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်"

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီးကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျခံကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်းကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်”ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ 
ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာမည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ်မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်သည်။

PN-051
RND: 28.2.2013
Popular Myanmar News

0 comments:

Post a Comment