Pages

Thursday, February 28, 2013

ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ ပဋိပက္ခတွင် ဒဏ်ရာရှိသူများကို ရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ်


မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ 
 
ဖေဖေါ်ဝါရီ ၂၇ရက့် ည (၁၁)နာရီအချိန်ခန့်က ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ပြည်သူ့ ဆေးရုံကြီးရှိ ဒါဏ်ရာရ လူနာများအားရွှေညဝါ ဆရာတော်နှင့် ဆရာတော် အရှင် ဝီရသူတို့က ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။ ယမန်နေ့က ပလောင် ကျေးရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခမှုတွင် ထိခိုက်ဒါဏ်ရာ ရရှိခဲ့သော ရွာသား(၁၂)ဦးနှင့် ရဲ(၆)ဦးတို့ အတွက်တစ်ဦးလျှင် ငါးသောင်းကျပ်စီကို ဆရာတော်များမှ လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ ပဋိပက္ခမှုတွင် ရရှိသောဒါဏ်ရာဖြင့် သေဆုံးခဲ့သော ရဲသား ကိုရဲကျော်သူ၏ မိသားစုကိုယ်စားမအူပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းသိန်းအား အလှူငွေ (၃)သိန်းကျပ်ကိုလည်း လှူဒါန်း ပေးအပ်ခဲ့သည်။ ဆရာတော်များသည် ယခုကဲ့သို့ မအူပင်ဆေးရုံကြီးသို့ လာရောက် မလှူဒါန်းမီ ညနေပိုင်းကပလောင်ကျေးရွာသို့ ဝင်ရောက်ခဲ့ကာရွာသားများနှင့် တာဝန်ရှိသူ များအား ပြေလည်အောင် ဆောင်ရွက်ကြရန် မိန့်ကြားခဲ့ပြီး
 
 ယခုဖြစ်ပွားခဲ့သည်များ နှင့် ပက်သက်၍ "တာဝန်ရှိသူတွေက လက်တွေ့ဆန်တဲ့ လုပ်ရပ်လေးတွေ လုပ်ပြနိုင်မှ တောင်သူလယ်သမားတွေရဲ့ မျက်စိနားက ယုံတော့မှာကိုး၊ ခံလာခဲ့ရတာ များတော့ လည်း ယုံကြည်မှုမရှိသလို ဖြစ်သွားခဲ့တာပေါ့၊ အဲဒီကွာဟမှု လေးတွေကြောင့် အခုလို ပဋိပက္ခ အသွင်တွေ ဆောင်ခဲ့တာပါ"ဟု ရွှေညဝါ ဆရာတော်က မိန့်ကြားခဲ့သည်။ 
 
ထက်နောင်နောင်
RND: 28.2.2013
The Myanma Age 

0 comments:

Post a Comment