Pages

Thursday, February 28, 2013

ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်နှင့်ပတ်သတ်ပြီး မစုစုနွေးရဲ့ တင်ပြချက်

…. ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….
(စုစုနွေး တင်ပြချက်)

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ 

ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ 

သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ 

ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ 

မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ 

အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ 

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ 

စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ 

မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ 

ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။ သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ 

အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြ
တာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတသာ
နည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။
မအူပင် မြို့နယ်မလက်တိုကျေးရွာပဋိပက္ခဖြစ်ပြီးနောက်ဒဏ်ရာရရှိသည့် အမျိုးသမီးများ
ဓာတ်ပုံ - CJ

အေးချမ်းမွန်မှ  The Irrawaddy (Burmese Version) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
မအူပင် မြို့နယ်မလက်တိုကျေးရွာပဋိပက္ခဖြ
စ်ပြီးနောက်ဒဏ်ရာရရှိသည့် အမျိုးသမီးများ
ဓာတ်ပုံ - CJ
ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာေ
တွကမကြည့်ရက်စရာပါ။မနေ့ညနေက ဖြစ်ပွားခဲ့တဲ့အကြမ်း

ဖက်မှုဖြစ်စဉ်ကြောင့်ဒီနေ့မနက်မှာကျမတို့တတွေမအူပင်မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်း
ဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။

သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီ

လို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်
ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာ
လျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ 


ကျမတို့အဖွဲ့ မအူပင်ဆေးရုံကြီးမှာ .... ။

ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်
လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်
ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။

မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်

မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုက
တော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရ
ပါတယ်။ 


ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ
အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေ
ရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါ
ဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာ
ကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု
 ဖြစ်ခဲ့ရပါတယ်။

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့

အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူ
တွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်
ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

စတင်အရိုက်ခံရသူ မမူမူဝင်း .... ။
ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ
 မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်
တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူ
တွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့
ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ 

ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ
(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင်ရွာထဲကကျန်ရှိနေသူ
တွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။

တော်သင့်ပြီး...တော်သင့်ပြီ..
လူစိတ်မွေးကြဖို့ ...အချိန်တန်ပြီး...

တော်သင့်ပြီး...တော်သင့်ပြီ.. စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်
လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲ
တပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်းမင်းတို့ရှေ့မတိုးရင်ငါတို့လည်း မတိုး
ဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူ
ရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမ
ဟုတ်ပါဘူး။

မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)

လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုး
လာကြတယ်။
ပထမ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပစ်တယ်။
ကျုပ် . . ဘာမှ မကန့်ကွက်ဘူး။ ကျုပ်က ဘုန်းကြီးမှ. . . . မဟုတ်တာ။

နောက်တော့ 
လယ်သမားတွေကို သေနတ်နဲ့ ပစ်ပြန်တယ်။
ကျုပ်ဘာမှ မကန့်ကွက်ခဲ့ပြန်ပါဘူး။ ကျုပ်က လယ်သမားမှ မဟုတ်ပဲ။

နောက်တော့
ကျုပ်ကို ညဘက်အမှောင်ထဲ သူတို့ လာခေါ်ကြတယ်။
ဟင်....
ကျုပ်အတွက်. . . . ကန့်ကွက်မယ့်လူ တစ်ယောက်မှ မရှိတော့ပါလား။ ။
ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပစ်တယ်၊လယ်သမားတွေကို သေနတ်နဲ့ပစ်တယ်
အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ
့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်
ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကိုလက်ကကိုင်လာ
တဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်
ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်

လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေသော မအူပင်မြို့နယ်မှ လယ်သမားများအား ရဲတပ်ဖွဲ့ဝင်များမှ သေနပ်ဖြင့်ပစ်ခက်  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာအပိုင် ကွင်းအမှတ်(၉၆၉)အတွင်း လယ်သမားများစိုက်ပျိုးလုပ်ကိုင်စားသောက်လာသော ဘိုဘွားပိုင်လယ်ယာမြေ ဧက(၁၀၀၀)ခန့်ကို အောချက် ကုမ္မဏီပိုင်ရှင် ဒေါက်တာမြင့်စိန်မှ သိမ်းယူထားသည့်အတွက် ဒေသခံလယ်သမား(၅၀၀)ကျော်တို့သည် မိမိတိုလယ်ယာမြေများပြန်လည်ရရှိရေးကို ယနေ့အချိန်ထိ စုရုံးဆန္ဒထုတ်ဖော်ခဲ့သည်။ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယနေ့ နေ့လည် ၂း၀၀ နာရီနောက်ဆုံးထားပြီး လူစုခွဲရန် ပုဒ်မ ၁၄၄အမိန်ထုတ်ပြန်ခဲ့သည်။ လူစုမခွဲပါက သေနပ်ဖြစ်ပစ်ခက် လူစုခွဲမည်ဟု ဓါတ်စက်ဖြင့်ကြေငြာနေခြင်းဖြစ်သည်။ လက်ရှိအနေထားတွင် လယ်သမား(၅၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင်အင်းအား (၃၀၀)ကျော်တို့ အပြန်အလှန်တင်မာမှုများဖြင့် ရင်ဆိုင်နေကြသည်။ လယ်သမားများအနေဖြစ်လည်း မိမိတို့လယ်ယာမြေပြန်လည်ရရှိရေးကို အသက်ပေး၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  ယနေ့ည ၇း၀၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လယ်သမားများလူစုမကွဲသောကြောင့် သေနပ်ဖြင့် အချက်(၁၅၀)ခန့် ပစ်ခက်ခဲ့ရာ လယ်သမား(၈)ဦး သေနပ်ကျည်ဆံထိမှန်ပြီး အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင်တင်ထားရသည်။ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေသော လယ်သမားများမှ ယခုအချိန်ထိ ဆက်လက်ဆန္ဒထုတ်နေကြောင်း သတင်းရရှိသည်။  အကြောင်းစုံကို ဆက်လက်ရှိချင် စုံစမ်းလိုပါက ၀၉ ၄၂၀၁၈၀၃၆၆ ဒေါ်ဝင်းချိုသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။ သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ 


မအူပင် လယ်မြေပဋိပက္ခ သေဆုံးထိခိုက်မှု 
VOA Burmese/ မအေးအေးမာ, အောင်ရဲ မောင်မောင်/ 27.02.2013 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုဝင် ပလောင်းကျေးရွာအပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ပြီး ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးသွားပြီးတော့ အရပ်သား အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က မအူပင်မြို့နယ်ထဲက လယ်သမားတွေနဲ့ ရဲတွေရဲ့ နောက်ဆုံး အခြေအနေကို တင်ပြထားပါတယ်။  မအူပင်မြို့နယ်ထဲက ကျေးရွာပေါင်း ၆ ရွာကနေ သိမ်းဆည်းထားတဲ့ လယ်မြေဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်က သိမ်းဆည်းခဲ့ပြီးတဲ့နောက် ငါးကန်များ တူးထားရာကနေ အခုနောက်ပိုင်း အသုံးမပြုတော့တဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေက လယ်မြေတွေကို ပြန်ရဖို့အတွက် ကြိုးစားရင်းနဲ့ ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။  ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင်ကတော့ လယ်သမားတွေဘက်က ထိခိုက်ခံရမှု အခြေအနေကို အခုလို ပြောပါတယ်။  “ကိုသန်းရွှေ ခေါင်းကို သူက ဒုတ်နဲ့ အရိုက်ခံထားရတယ်။ ကိုနိုင်ဝင်း ကျောပြင်ကို သေနတ်မှန် တယ်။ စိုးမင်းဦး မေးစေ့တို့ နားထင်တို့ ကျည်ဆန် ရှပ်မှန်ထားတယ်။ ကိုဝင်းနိုင် သူကတော့ ခေါင်း အရိုက်ခံရတယ်။ သုံးချက် အချုပ်ခံရတယ်။ ဒေါ်တင်တင်နွယ်က ဗိုက်ကို ရိုက်တယ်။ ဖိနပ်တွေ နဲ့ ဆောင့်ကန်တယ်။ အဲ့ဒါ ကလေးပျက်ကျသွားတယ်။ အခုအချိန်ထိ သတိမရသေးဘူး။ အဲ့ဒီ ကလေးမက။ ဒေါ်ဥမ္မာစမ်း အမျိုးသမီးပေါ့နော် သူက လက်ကျိုးသွားတယ်။ ဒေါ်အေးအေးခိုင် ဆိုတာကတော့ ညာဘက်က နံရိုးကို ထိသွားတာပေါ့နော်။ နံရိုးကို အရိုက်ခံရတာ။ ဒေါ်မူမူဝင်း ကတော့ ခေါင်း ၆ ချက် ချုပ်ရတယ်။ ဒေါ်နွယ်စိမ်းက နှုတ်ခမ်းရဲ့ ထိပ်ကို သူက သေနတ် ရှပ်မှန် သွားတယ်လေ။ အခုလောလောဆယ် စုစုပေါင်းကတော့ ၁၉ ဦး ၂၀ လောက်တော့ ရှိတယ်။ အားလုံးပေါင်း။ သေနတ်မှန်တာက ၃ ဦး အတိအကျရတယ်။”  ရဲတွေဘက်ကလည်း လယ်သမားတွေရဲ့ ရိုက်နှက်မှုကို ပြန်ပြီးတော့ ခံခဲ့ရတာပါ။ လူနာတွေကို အကူအညီ ပေးနေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်တောင်သူ ကိုထိုက်ထိုက် ကတော့ မအူပင်ဆေးရုံကို မနက်ပိုင်းမှာ လူနာတွေ ထပ်ရောက်လာတဲ့ အကြောင်းကို အခုလို ပြောပြ ပါတယ်။  “ဒီမနက် လူနာ ၄ ယောက် ထပ်ရောက်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာပေါ့။ ၂ ယောက်က သေ နတ်မှန်တဲ့ ဒဏ်ရာနဲ့ပေါ့။ သေနတ်မှန်တဲ့ဒဏ်ရာက အခုဘယ်လောက်ရှိသွားပြီလဲဆိုတော့ ကျနော် ထင်တယ်၊ ညကကျနော်တို့ သယ်လာတာက ၂ ယောက်ဆိုတော့ ဒီနေ့ ၂ ယောက်ဆိုတော့ ၄ ယောက်အမ။ ရန်ကုန်ကိုမနေ့က ပို့လိုက်ရတဲ့ရဲတယောက် ဆုံးသွားပြီအမ။”  အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေလည်ပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရှိရေး တောင်းဆိုနေတဲ့အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ရတာပါ။ မအူပင်မြို့နယ် ရဲစခန်းမှူး ဦးသိန်းဝင်းကို ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။  “ဟုတ်ကဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေပါတယ်ခင်ဗျ။  မေး။ ။ အရပ်သားတွေထဲကရော။ “အရပ်သားတွေမှာ အသေအပျောက် မရှိပါဘူးခင်ဗျာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးနဲ့ အခြားအဆင့် ၂၆ ဦး အားလုံးပေါင်း ဒဏ်ရာရပါတယ်။”  မေး။ ။ ဟုတ်ကဲ့ အရပ်သားတွေမှာရော ဒဏ်ရာရတဲ့သူ ဘယ်လောက်များ ရှိပါလဲရှင့်။ “ဒဏ်ရာရတာက ယောက်ကျား၊ မိန်းမ ၁၅ ယောက်လောက် ရှိပါတယ်။”  မေး။ ။ သူတို့မှာရော သေနတ်ဒဏ်ရာကြောင့် ပြင်းထန်တာမျိုး ရှိပါသလားရှင့်။ “ပြင်းထန်ဒဏ်ရာမရှိပါဘူး၊ သာမန်ဒဏ်ရာတွေ များပါတယ်၊ ပွန်းရုံပဲ့ရုံပါ။”  မေး။ ။ ဆိုတော့ အခု ဒီအခြေအနေကို ဘယ်လိုများ ထိန်းသိမ်းထားမှု ရှိပါသလဲရှင့်။ “အခုလက်ရှိကတော့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်ဆဲပါပဲခင်ဗျ။ အခု လူအုပ်နဲ့ဆိုတော့လေ အဲဒါကို စုံစမ်း ဖော်ထုတ်ဆဲပါပဲ။”  မေး။ ။ အခြေအနေတွေက တင်းမာမှုတွေ ဆက်ရှိနေတုန်းပဲလားရှင့်။ “အခုတော့ လူလည်း မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့လို့ ပြီးတော့မပြီးသေးဘူးပေါ့။”  မေး။ ။ မနေ့က ပစ်ခတ်မှုက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားတာလဲရှင့်။ “သူတို့ဘက်က ဒုတ်တွေ၊ ဓားတွေနဲ့ ကိုင်ဆောင်ပြီးတော့ အတင်းအဓမ္မ အကြမ်းဖက် လာလို့ပါ။”  ဒါကတော့ ရဲစခန်းမှူးရဲ့ ပြောကြားချက်ပါ။ လယ်သမားတွေ အခြေအနေကတော့ နေ့လည်ပိုင်း အထိ ကန်ဘောင်ပေါ်ကို လူ ၅၀ ခန့် တက်လာသေးတယ်လို့ ဆိုပါတယ်။ အခြေအနေတွေကတော့ ပြီးသွားတာမျိုးမဟုတ်ဘဲ ညှိနှိုင်းတာမျိုးတွေလည်း မရှိတာကြောင့် ပြေလည်မှုတွေ မရသေးဘူးလို့ ဦးထွန်းနိုင်ကတော့ ဆိုပါတယ်။  “ဟုတ်ကဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိသေးပါဘူးခင်ဗျ အခုအချိန်အထိ။”  ညနေပိုင်းမှာတော့ ရွှေည၀ါဆရာတော်နဲ့ အရှင်ဝီရသူတို့က အဲ့ဒီ မအူပင်ကို လာရောက်ဖို့ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။  အခုလို အခင်းဖြစ်ပွားတဲ့ အဲ့ဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အခြေအနေတွေဟာ ငြိမ်သက်နေပေမဲ့ ပြီးဆုံးသွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။  ပုဒ်မ ၁၄၄ ဆိုတာ မတည်ငြိမ်တဲ့ အနေအထားမှာ ထုတ်တာဖြစ်တဲ့အတွက် နှစ်ဘက် အဓိက ရုဏ်းတွေ ဖြစ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ဥပဒေပါ အချက်အလက်တွေအတိုင်း ဖြေရှင်းကြဖို့ လိုတယ် လို့ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ထောက်ပြပါတယ်။  “အများပြည်သူသိအောင် ကြေညာပေးရမယ်။ အဲဒီလိုကြေညာပေးတဲ့နောက် စုလာလို့ရှိရင် သူတို့ Riot Manual လို့ခေါ်တဲ့ လုပ်ထုံး လက်စွဲစာအုပ်မှာ ပါတဲ့အတိုင်း တဆင့်ပြီး တဆင့်ပေါ့ဗျာ။ ဒီနေရာ မလာရဘူး၊ ဒီနေရာ ရပ်ရမယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုမျိုး နောက်ဆုံးတော့ ပစ်ခတ် အရေးယူမယ်ဆိုရင် သတိပေးပြီးတော့ အပေါ်ကို ပစ်ရမယ်၊ နောက်တော့မှ အောက်ကိုဆို တာတောင် အသက်အန္တရာယ် မထိခိုက်နိုင်လောက်တဲ့ နေရာတွေကို ရွေးပြီးတော့ပစ်ရမယ်။ ရာဘာကျည်ဆံတွေ ဘာတွေ ကျနော်တို့ သုံးမယ်။ နောက်တခါ မျက်ရည်ယို မီးခိုးဗုံးတို့ ဘာတို့ မျက်ရည်ယိုဗုံးတို့ ဘာတို့သုံးမယ်။ ဒီလိုမျိုးပေါ့လေ စနစ်တကျ လှဲရတယ်။”  လက်ရှိ အချိန်မှာ အစိုးရဘက်က ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် လယ်သမားတွေအနေနဲ့ သတိထား ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ကိုမောင်စိုးက ပြောပါတယ်။  “ညကျလို့ရှိရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့။ ရှောင်သင့်ရင်လည်း ရှောင်ပေးရမှာပေါ့။ ကိုယ်က လက်နက် မရှိတဲ့သူ၊ သူတို့က လက်နက်ရှိတဲ့သူ။ သွားပြီးတော့ ဟိုဒင်းဖြစ်နေလို့လည်း မဟုတ်သေးဘူးလေ။”  အခုလို ငါးကန် ဖော်မယ်ဆိုပြီး သိမ်းထားတဲ့ မြေတွေမှာ အမှန်တကယ် အလုပ်မလုပ်တာကြောင့် လယ်သမားတွေက သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးဖို့ ကြိုးစားနေတဲ့အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့ စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါတယ်။  လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ်ဆိုတဲ့ အကြောင်း ကို နေ့လည်ပိုင်း ကတည်းက တောက်လျောက် သတိပေး ပြောကြားနေခဲ့ တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။  အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားအဖွဲ့က တာဝန်ရှိသူတွေအကြား စေ့စပ်ပေးဖို့တွေ ရှိနေတယ် လို့လည်း မအူပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုမင်းဇော် က ပြောပါတယ်။  “တောင်သူတွေဘက်ရော၊ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေဘက်ရော၊ ၁၄၄ ထုတ်ထားတဲ့အခါ ကျတော့ အခု လောလောဆယ် ဘာမှ လုပ်လို့မရဘူး။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ။ ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အကြမ်းဖက်မှုမျိုး မဖြစ်ရဘူး။”  လယ်သမားတွေဘက်ကို အာဏာပိုင်အဖွဲ့တွေက ပြေလည်မှု ရဖို့အတွက် ညှိနှိုင်းတာမျိုးတွေ ရှိပေမဲ့ လယ်မြေသိမ်းထားတာကို လက်ခံလိုက်ပြီး လယ်သမားတွေဘက်က လက်လျှော့လိုက်ပါဆိုတဲ့ သဘောမျိုးတွေ သက်ရောက်လို့ သူတို့အနေနဲ့ လက်မခံဘဲ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမား ခေါင်းဆောင်ပိုင်းတွေက ပြောလာပါတယ်။ 
http://burmese.voanews.com/content/maubin-crackdown-update/1611734.html

ခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။
 
RND: 28.2.2013
The Irrawaddy (Burmese Version)

0 comments:

Post a Comment