၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့န ယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင်အသက်(၈)နှစ်အရွယ်ရှိကလေးငယ်တဦးဒါဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိသော
ကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့ သည်။
ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှအဆိုပါကိစ္စကိုမိမိတို့ရဲစခန်းမှတာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း
ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား
ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိပြည်သူတယောက် အနေဖြင့်
သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့်
လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ
မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
ဆက်လက်ပြီးကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန် ကြိုးစား ဆောင်ရွက်နေသည်။ထိုသို့တာဝန်ကျရဲအရာ
ရှိရဲ့တာဝန်မဲ့မှုနှင့် ပြည်သူထဲက
အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန်
တင်ပြလိုက်ပါသည်။
ဗဟန်းရဲစခန်းမှရဲအရှိများသည်ဗဟန်းမြို့နယ်အတွင်းတရားမဝင်နှိပ်ခန်းများ၊ကာရာအိုေ ကဆိုင်များ၊ဘော
လုံးပွဲပြသောဘီယာ ဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊
NLDရုံးချုပ်ရဲ့လှုပ်ရှားများကိုစောင့်ကြည့်မှတ်တမ်းယူခြင်း၊ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်း
တိုက်များကို
စောင့်ကြည့်သောအလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။
RND: 28.2.2013
သတ္တိခဲ ( Myanmar Police Force )
0 comments:
Post a Comment