Pages

Thursday, February 28, 2013

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းတွင် မော်တော်ဘုတ်တစ်စီးနစ်မြုပ်၍ လူ ၃ ဦးသေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်ခန့်က မော်တော်ဘုတ်တစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အတွက် လူ ၃ ဦးသေဆုံးခဲ့သည်။ အဆိုပါမော်တော်ဘုတ်မှာ ခရီးသည်တင်မော်တော်ဘုတ်မဟုတ်ဘဲ “ဝင်းရွှေစင်”ဇာတ်အဖွဲ့ပိုင် ဘုတ်တစ်စီးဖြစ်ပြီး ဇာတ်ပွဲတစ်ခုမှပြန်အလာတွင် ငါးဖမ်းပိုက်ငြိ၍နစ်မြုပ်ခြင်းဖြစ်သည်။ မော်တော်ဘုတ်နစ်မြုပ်ခြင်းကြောင့် ဇာတ်ဆရာတစ်ဦးအပါအဝင် စက်သမား ၂ ဦး သေဆုံးခဲ့သည်။

ဆြာကု ပေးပို့သည်။

RND: 28.2.2013
Rakhine Citizen Journalists

0 comments:

Post a Comment