Pages

Saturday, May 4, 2013

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုကြောင့် Sanction ပြန်ချရန် ကော်မရှင် အကြံပြု

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုကြောင့် Sanction ပြန်ချရန် ကော်မရှင် အကြံပြု
~~~~~~~~~~~~~~~~~~~~~~
ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျချိုးဖောက်နေမှုအပေါ် တာဝန်ရှိသော အစိုးရ ၁၅ ခုထဲမှာ မြန်မာနိုင်ငံကို ဆက်လက်ထားရှိဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကို နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က အကြံပြုလိုက်ပါတယ်။ 

အမေရိကန်သမ္မတနဲ့ ကွက်ကရက်က ခန့်အပ်ထားတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရဟာ မူဆလင်အုပ်စုကို ဆက်လက် ဖိနှိပ်နေတယ်လို့ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံက ပိုမိုပွင့်လင်းတဲ့ ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းတရပ်
 ဖြစ်လာစေဖို့ အစိုးရက လုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်ပြီး အတော်လေး ပြုပြင်စရာတွေ ကျန်ရှိနေသေးတယ်လို့ ကော်မရှင်က ရေးပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ အစိုးရက လူပေါင်း ၁၉၂ ယောက်သေဆုံးတယ်လို့
 ဖော်ပြတဲ့အပေါ်မှာလည်း ကော်မရှင်က မေးခွန်းထုတ်ပါတယ်။ အမှန်တကယ်သေဆုံးသူတွေဟာ အနဲဆုံး အဲဒီရဲ့ ၅ ဆ လောက် ရှိတယ်လို့ ပြောပါတယ်။

စာမျက်နှာ ၃၇၁ မျက်နှာရှိတဲ့ ဒီအစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ အီတရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နဲ့ အူဘယ်ကစ္စတန်တို့ကို အထူးသဖြင့် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံများ CPC (Countries of Particular Concern ) စာရင်းထဲ ပြန်လည်ထဲ့သွင်းဖို့ အကြံပြုပါတယ်။  

CPC ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာတော့ - "ဘာသာရေးလွတ်လပ်ခွင့်ကို အထူးသဖြင့် ဆိုးဆိုးဝါးဝါး ဖောက်ဖျက်ကျူးလွန်မှုမှာ ပါဝင်ပတ်သက်သော၊ သို့တည်းမဟုတ် ယင်းသို့ဖောက်ဖျက်မှုကို လက်ခံသော အစိုးရများ" - လို့ ပါရှိပါတယ်။

"အထူးသဖြင့် ဆိုးဆိုးဝါးဝါး" - ဆိုရာမှာလည်း - "စနစ်တကျ၊ ဆက်လက်ပြီး သိသိသာသာ ချိုးဖောက်ကျူးလွန်ရာမှာ နှိပ်စက်ညှဉ်းပန်းမှု၊ တရားစွဲဆိုခြင်း မရှိဘဲ ကာလရှည်ကြာ ချုပ်နှောင်ထားခြင်း၊ လက်စဖျောက်ခြင်း၊ သို့မဟုတ် အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှု အခွင့်အရေးများကို
 ငြင်းဆိုခြင်းရာတွင် အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဆိုသော သက်သေ အထောက်အထားများ ရှိနေခြင်း" - လို့ ဆိုလိုပါတယ်။ 

အမေရိကန်အစိုးရအနေနဲ့ လက်ရှိ ရှိနေတဲ့ Sanction ပိတ်ဆို့မှုကို ဆက်လက်ထားရှိသင့်ပြီး မြန်မာအစိုးရက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့်ကို မှီလာတဲ့အချိန်အထိ မကြာသေးခင်က အမေရိကန်က ဖယ်ရှားလိုက်တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ထားရှိရေး စဉ်းစားဖို့လည်း အကြံပြုထားပါတယ်။ အထူးသဖြင့် စစ်တပ်က ၀င်ရောက်ချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကချင်ပြည်နယ်က ခရစ်ယာန်တွေနဲ့ ရခိုင်ပြည်နယ်က မူဆလင်လူထုအခြေအနေဟာ စိုးရိမ်ပူပန်စရာ
ဖြစ်တယ်လို့ ကော်မရှင်က ဆိုထားပါတယ်။ KMZ

ရှယ်နိုင်ပါတယ်။ လင့်ဖျောက်ပြီး ကူးယူဖော်ပြခြင်း သီးခံပါ။


ကိုးကား- http://www.upi.com/Top_News/Special/2013/05/03/US-report-Myanmars-reforms-are-failing/UPI-77951367554080/#ixzz2SIThHSwl

ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျချိုးဖောက်နေမှုအပေါ်တာဝန်ရှိသောအစိုးရ၁၅ ခုထဲမှာ မြန်မာနိုင်ငံ
ကို ဆက်လက်ထားရှိဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်
မရှင်က အကြံပြုလိုက်ပါတယ်။

ကလောမြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ

ကလောမြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ

ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့် ရွှေတွင်းထဲပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နေရာမှာ ဒီကနေ့မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

မနေ့ကရရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးခဲ့တဲ့သူ ၁၆ ဦး ရှိခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁၈ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံကသိရပါတယ်။ ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ  ၁၆ မိုင်လောက်ဝေးတဲ့ ရွှေမင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့ တောင်ပတ်ရွာနားက ရွှေတောင်ကြား ရွှေတူးလုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။

တွင်းထဲပိတ်မိနေသူတွေကို ထုတ်ယူဖို့ အခက်အခဲရှိပေမယ့် ဆက်လက်ကြိုးပမ်းဆယ်ယူနေကြဆဲပဲလို့ ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုသိန်းဇော်က RFA ကိုပြောပါတယ်။

“ဒီနေ့နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် ဒီနေ့မနက်တော့ နှစ်လောင်း ထပ်ထွက်တယ်လေ၊ မိုးတွေကလည်းများလာတော့ ဘယ်အချိန်ရောက်မလဲတော့ မသိသေးဘူး၊ ကျွင်းတွေထဲမှာလည်း ရှိနေသေးတယ်၊ ကျနော်တို့ဒီမှာ နှစ်ပိုင်းရှိတယ်ဗျ၊ ရွှေမင်းကုန်းဒေသက နှစ်ပိုင်းဖြစ်တယ်လေ၊ ကလောအုပ်စုထဲမှာက ရွှေမင်းကုန်းပါတယ်၊ ကျနော်တို့အခု ဒီအာရှကမ္ဘာမြေရဲ့ Asai World ရဲ့ပိုင်ဆိုင်မှုက သာစည်နယ်ထဲပါတယ်၊ ရှမ်းပြည်နယ်ထဲပါတယ်၊ အခုကရှမ်းပြည်နယ်ထဲမှာ သေတဲ့ဟာတွေ၊ အခုအဲ့ဒီတောင်ကျရေက သာစည်နယ်ထဲအထိ သဲချောင်းအတိုင်း ဆင်းသွားတယ်ဆိုတော့ အောက်မှာသေတဲ့လူတွေက ဒီသာစည်နယ်ထဲ ရောက်သွားတာပေါ့၊ အဲဒီဘက်မှာသေတဲ့လူက ကျနော်တို့ဘက်တက်မလာဘူး”

အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ Golden Star လုပ်ကွက်တွင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေတွင်းတွေမှာ လာရောက်လုပ်ကိုင်ကြသူအများစုဟာ တစ်ခြားအရပ်ဒေသတွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

တွင်းတွေထဲ ပိတ်မိနေသူတွေ နောက်ထပ် ဘယ်နှစ်ဦး ကျန်နေသေးတယ်ဆိုတာ ခန့်မှန်းလို့မရပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ အဆက်မပြတ် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့်
ရွှေတွင်းထဲပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နေရာမှာ ဒီကနေ့မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

Update: မေလ ၄ ရက်၊ ည ၁၀း၅၀ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပ လိဂ်ဘောလုံးပွဲရလဒ်များ

မေလ ၄ ရက်၊ ည ၁၀း၅၀ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပ လိဂ်ဘောလုံးပွဲရလဒ်များ

အင်္ဂလန်ပရီးမီးယားလိဂ်
................................
ဖူလ်ဟမ် ၂ - ၄ ရက်ဒင်း
နောဝစ်ခ်ျ ၁ - ၂ အက်စတန်ဗီလာ

ပေါင်းတည်မြို့ရှိ မွတ်စလင်မ်နေအိမ်များအား အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်မှုများရှိနေ

ပေါင်းတည်မြို့ရှိ မွတ်စလင်မ်နေအိမ်များအား အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်မှုများရှိနေ
===============
မေ-၄၊ ၂၀၁၃
M-Media
ဇာဏီ

ပေါင်းတည် ။            ။          တည်ငြိမ်အေးချမ်းနေသော ပေါင်းတည်မြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ဖျက်ဆီးရန်အတွက် အကြမ်းဖက်သမားမှ ဒီနေ့မှာ စည်းရုံးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များ၊ ဥက္ကံမြို့နှင့် အနီးတ၀ိုက်ရွာများအား မတ်လနှောင်းပိုင်း ဧပြီလနှင့် ယခုမေလဆန်းများတွင် အကြမ်းဖက်သမားများက အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးမှုများ ရှိခဲ့ပြီးသည့်နောက် ယခုအခါတွင် ပေါင်းတည်မြို့ကိုပါ အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်လုပ်ဆောင်မှုများရှိနေသည်ကို သိရသည်။

ယနေ့ မေလ ၄-ရက်နေ့မှာ ပေါင်းတည်မြို့သို့ အခြားသောဒေသမှ ဘုန်းကြီး(၁၀)ပါး၊ လူ(၁၀)ယောက် ရောက်ရှိလာပြီး ပေါင်းတည်မြို့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ အကြမ်းဖက်ဖျက်ဆီးရန် ညှိနှိုင်းနေသည်။ လူမသတ်၊ မီးမရှို့ပဲ ဖျက်ဆီးရုံသာ ဖျက်မည်ဟု ညှိနှိုင်းသော်လည်း ပေါင်းတည်မြို့ ဘုန်းတော်ကြီးကျောင်းများမှ လက်မခံသည့်အတွက် ရွာတွေဘက်သို့ ဆင်းသွားသည်ဟု သိရသည်။ ယခုကဲ့သို့ ရွာများဘက် ဆင်းသွားပြီးသည့်နောက်တွင်လည်း အင်အားအလုံးအရင်းနှင့် ပြန်လာမည်ဟုလည်း ကြားသိနေရသည်။

ယခုအခါ ပေါင်းတည်မြို့တွင် လုံခြုံရေးအတွက် စစ်တပ်မှ စစ်ကားများလည်း ထပ်မံ ရောက်ရှိလာပြီး မြို့မ အ.ထ.က ကျောင်းလမ်းထဲတွင် ရှိနေသည်ဟုသိရသည်။ ရဲ ၁၀၀-၀န်းကျင်ခန့်လည်း လုံခြုံရေးယူထားသည်ဟုလည်းသိရသည်။

NLD ကွန်ရက်အဖွဲ့သည် လုံခြုံရေးယူပေးနေသည့် ရဲများ၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်မှတ်တမ်းယူသွားမည်ဖြစ်ပြီး ယခုအခါ လုံခြုံရေးအတွက် ရဲများနှင့်အတူ လက်တွဲဆောင်ရွက်နေသည်ဟုလည်း သိရသည်။

မေ-၄၊ ၂၀၁၃

ပေါင်းတည် ။ ။ တည်ငြိမ်အေးချမ်းနေသော ပေါင်းတည်မြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ဖျက်ဆီးရန်

အတွက် အကြမ်းဖက်သမားမှ ဒီနေ့မှာ စည်းရုံးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

May 4,2013 by naytthit.net 

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့်
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ပြဿနာကိုဖြေရှင်းပေးဖို့ ၂၄ နာရီအတွင်း အကြောင်းပြန်ကြားပေးမယ်ဆိုတာနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာမင်းဇော်ဦး ဖုန်းဆက်လာတယ်။ ဖြစ်နေတဲ့ပြဿနာပြေလည်သွားအောင် ဖြေရှင်းပေးဖို့အတွက် အထက်လူကြီးတွေနဲ့တိုင်ပင်ပြီး ၂၄ နာရီအတွင်း အကြောင်းပြန်မယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက်က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရစစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

May 4,2013
မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့်ဒီကေ
ဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြားအနီးကပ် နေရာယူရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်
ရှိနေပါတယ်။

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်ကျပ်ထားတဲ့ ကြားထဲက တွဲထိန်းဝန်ထမ်းအယောင်ဆောင်တစ်ဦးဖမ်းဆီးရမိ

Saturday, May 4,2013

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦး ဟာ ဧပြီ ၂၉ရက်နေ့ မနက်(၉)နာရီ ခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေ ထဲကို ၀င်ရောက်လာပါတယ်။ အဆိုပါဝင်ရောက်လာသူဟာ တွဲထိန်းယူနီဖောင်းအထက်ပြာ အောက် ပြာ ၀တ်ဆင်ထားပြီး လက်ထဲမှာလည်း လက်မှတ်ရောင်းတဲ့ (Chart Book) ကို ကိုင်ထားတယ်လို့ သိရ တယ်။

ဥက္ကံမြို့က မူဆလင်ဒုက္ခသည်တွေကို သံဃာတော်တွေ သွားရောက်ကူညီ

ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

မေလ ၄ ရက် ၂၀၁၃

မေလ ၅ရက်နေ့ မနက် ၁၀နာရီတွင် နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။
	
အဓိကကတော့ နိုင်ငံထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စများအား ပါဝင်ဆွေးနွေးရန်ရှိကြောင်း သိရသည်။
	
ထို့နောက် နိုင်ငံရေးပါတီ ၁၈ပါတီနှင့်တွေ့ဆုံမှုအား နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်မြို့ရှိ Myanmar Peace Center မှတဆင့် ဆက်သွယ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏တွေ့ဆုံမှုသည် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း သိရသည်။

မြန်မာ့ခေတ်

မေလ ၄ ရက် ၂၀၁၃

မေလ ၅ရက်နေ့မနက် ၁၀နာရီတွင် နေပြည်တော်ရှိသမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်းနိုင်ငံရေး
ပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ပုဂ္ဂလိကပိုင် သတင်းစာများ ထွက်ရှိနေသော်လည်း သိသာစွာရောင်းချရခြင်း မရှိသေး

မေလ ၄ ရက် ၂၀၁၃

သတင်းစာများ ထွက်ရှိသည့်ကာလ တစ်လကျော် ကြာမြင့်ခဲ့သော်လည်း သိသိသာသာရောင်းချရခြင်း မရှိသလိုနယ် ဒေသ များတွင် ဂျာနယ် များကိုသာ အဓိကထား ဝယ်ယူကြကြောင်း သိရသည်။“နယ်တွေက ဂျာနယ်တွေပဲ အဓိက မှာဖတ်တယ်ဗျ၊ သတင်းစာတွေကို နယ်မှာရောင်းတဲ့ လူတွေကလဲ မရောင်းရလို့ မမှာကြဘူး”ဟု ဆင်တောင်ကြီး စာပေဖြန့်ချိရေးမှ ဦးအောင်မြင့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး
==========================================

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်

မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊ အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။

ကြောက်ရွံ့မှု ကင်းအောင်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ် လှပနေအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၂) တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်

အိမ်ထောင်ဖက် သေဆုံးတာဟာ အမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာ ထိပ်တန်းက ပါဝင်နေပါတယ်။ အိမ်ထောင်ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ ဝေဒနာကို ရရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီး နာကျင်ရတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

တစ်ယောက်တည်း ကျန်ခဲ့ရင် ဆိုတဲ့ အတွေးဟာ ဘဝကို ဆက်လျှောက်ဖို့ ကြမ်းတမ်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်း နေထိုင်ကာ လူမှုရေး ဝင်ဆံ့အောင် ကြိုးစားပေးပါ။

၃) ငွေတွေကို လုယက်မှာ ကြောက်တယ်

အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေး တောင့်တင်းပြီး ငွေကြေး ချမ်းသာလာလေလေ၊ လူတွေကြား ဝင်ဆံ့ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနားကပ်လာတဲ့ သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေ ပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေနဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရ ခက်ခဲတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ငွေတွေကို စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းတတ်အောင် ကြိုးစားပါ။ အဲဒီလို လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ အသက် ဘယ်လောက်ငယ်ငယ် စိုးရွံ့စိတ် မရှိတတ်ကြပါဘူး။

၎) ကင်ဆာဖြစ်မှာ ကြောက်တယ်

ကင်ဆာ အထူးသဖြင့် ရင်သားကင်ဆာဟာ အမျိုးသမီးတွေ ဖြစ်မှာကြောက်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ ရင်သားကင်ဆာက အဖြစ်များပေမယ့် အဆုတ်ကင်ဆာဟာ ရင်သားကင်ဆာထက် အမျိုးသမီး အများစုကို သေဆုံးစေနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ကင်ဆာရောဂါဖြစ်ရင် သေနိုင်တယ်ဆိုတဲ့ အသိကြောင့် ထိတ်လန့်နေကြတာပါ။ တကယ်တော့ ကင်ဆာရောဂါ အများစုဟာ စောစောသိရင် စောစော ကုသ ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာမဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင် စားသောက်မှု ပုံစံကို လိုက်နာတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူတာတွေကို လုပ်ဆောင်ပေးပါ။

၅) တခြားသူအပေါ် မှီခိုနေရမှာ ကြောက်တယ်

မျိုးသားရော အမျိုးသမီးပါ သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကို စိုးရိမ်တတ်ကြကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ အသက်ကြီးလာတဲ့ အခါမှာ အရွယ်ရောက် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုဘဝကို အနှောင့်အယှက် မဖြစ်လိုကြပါဘူး။

ကြောက်ရွံ့မှု ကင်းအောင်

ရှေ့ရေးကို ကြိုတွေးထားပါ။ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေး အတွက်ပါ စုဆောင်းထားပါ။ နေထိုင်မယ့် နေရာအတွက် ကြိုတင် ပြင်ဆင်ထားပါ။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good health

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြ
ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကိုသိနိုင်ဖို့ အသက်ကြီးတာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်း
တွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

မိတ္ထီလာ အရေးပေါ် အခြေအနေ သက်တမ်းတိုးရန် အတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ယခုလအတွင်း ခေါ်ယူမည်

Saturday, May 4, 2013

မိတ္ထီလာအရေးပေါ် အခြေအနေ ကိစ္စအတွက် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ယခုလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။ မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကြောင့် အရေးပေါ် အခြေအနေ (ပုဒ်မ ၁၄၄) ကို ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတ၏ အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အစိုးရခွင့်ပြုလို့ လ၀ကတွေ လူပါးဝနေတာလား?

ရခိုင်ပြည်နယ်တွင် အစိုးရခွင့်ပြုလို့ လ၀ကတွေ လူပါးဝနေတာလား?

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | TEOL (သတင်းဆောင်းပါး)

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းများရှိရာနေရာတွင် လ၀ကမှ ရိုဟင်ဂျာများကို လူဦးရေစာရင်းကောက်ရာတွင် သူတို့ယူဆောင်လာသော ပုံစံတွင် ဘင်္ဂလီဟု အတင်းအဓမ္မ ဖြည့်ခိုင်းသောကြောင့် သက္ကေပြင်ရပ်ကွက်မှ လ၀က ရောက်ရှိနေသည့် အိမ်မှ အိမ်ရှင်ကို ဘင်္ဂလီဟုရေးရန် ပြောဆိုသောကြောင့် ၄င်းအိမ်တွင် အလုပ်လုပ်သည့် ဒုံပြင်ကျေးရွာမှ လူငယ်တစ်ဦးက မိမိတို့ ဘဂါင်္လီ မဟုတ်ကြောင်း၊ ရိုဟင်ဂျာပါလို့ ပြောကြားရာတွင် ၄င်းလူငယ်ကို လ၀ကမှ နှစ်ပွင့်ရာထူးရှိသူ လူတစ်ယောက်က ပါးရိုက်လိုက်ပါတယ်။

ထိုကဲ့သို့ ပါးရိုက်လိုက်သည်ကို ရိုဟင်ဂျာ လူငယ်တစ်စုမှ တွေ့သွားသောကြောင့် အိမ်တိုင်လာရောက် စော်ကားရမလားဆိုပြီး ၄င်း လ၀က အဖွဲ့နှင့် တင်းမာမှုတစ်ရပ်ဖြစ်ခဲ့ပြီး၊ ၄င်းလ၀ကအဖွဲ့ ထွက်ပြေးချိန်တွင် လုံခြုံရေးပေးနေသော စစ်တပ်မှ တပ်သားတစ်ဦး ခလုတ်တိုက် လဲကျသောကြောင့် မျက်နှာတွင် ဒါဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်။

တစ်ချို့သတင်းအရ လူငယ်များ ခဲဖြင့်ပေါက်ရာ ခဲကျရောက်ပြီး ဒါဏ်ရာရခဲ့သည် သိရှိရပြီး၊ ၄င်းကိစ္စနှင့် စပ်လျဉ်းပြီး သက္ကေပြင်မှ မူလတန်းကျောင်းတစ်ကျောင်းမှ ကလေးများ လ၀ကကို မိမိတို့ ဘင်္ဂါလီမဟုတ်ကြောင်း ရိုဟင်ဂျာသာ ဖြစ်ကြောင်းကို ဆန္ဒပြတောင်းဆိုခဲ့ပါသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး ၄င်းနေ့မှာပင် စစ်တွေမြို့ သက္ကေပြင်မှ ဦးကျော်မြင့်၊ ဦးဘသာ အပါအ၀င် မွတ်စလင်မ် လူကြီးအချို့ကို ဆွေးနွေးစရာရှိတယ်ဆိုပြီး အာဏာပိုင်များမှ ခေါ်ဆောင်သွားရာ ယခုအချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့် မပေးဘဲ အာဏာပိုင်များမှ ထိန်းသိမ်းထားပါသည်။

တစ်ဖန် ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ရဲမင်းကြီးအပါအ၀င် ရဲကား Dina တစ်စီးအပြည့်နှင့် သက္ကေပြင်ကို ရောက်ရှိပြီး သက္ကေပြင်မှ အုပ်ချုပ်ရေးမှူးတစ်ယောက်နှင့် အရံမီးသတ်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးလည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ကျနော်တို့ ရွားသားတစ်ချို့ကို မေးကြည့်ရာ အခုလိုပြောပါတယ်။

"လ၀ကတွေ ပထမဆုံးရောက်တဲ့အိမ်က အမျိုးသမီးတစ်ယောက်နဲ့ အဲဒီမှာ ပါးရိုက်ခံရတဲ့ ကောင်လေးကို ဧပြီလ ၂၆ ရက်နေ့ နေ့ခင်းက လာပြီး ဖမ်းဆီးသွားပါတယ်။ ကောင်လေးကို ရဲတွေက ဘာတွေနှိပ်စက်လဲ မသိဘူး။ သူ့ဆီက ဒီကိစ္စကို ဦးစီးဦးဆောင်တဲ့သူတွေ စာရင်းရတယ်ဆိုပြီး လူ(၄၅)ယောက်စာရင်းနဲ့ ရဲမင်းကြီးအပါအ၀င် ရဲကားတစ်စီးနဲ့ ဧပြီ ၂၇ ရက်နေ့က သက္ကေပြင်ကို ဆင်းလာပါတယ်။ လုံခြုံရေးတွေလည်း အရင်ကထပ် နှစ်ဆ ချထားပါတယ်။ ပြီးတော့ လမ်းမှာသွားလာနေတဲ့ လူတွေကို ဖမ်းမလိုလိုနဲ့ ခြိမ်းခြောက်နေပါတယ်။ နောက်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်ခင်နှင့် အရံမီးသတ်က ဦးစံလင်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နောက်ထပ်တစ်ခါ အာဏာပိုင်တွေဟာ ဧပြီ(၂၈) ရက်နေ့ ဆင်လားပြီး ရွာသားတွေကို ခြိမ်းခြောက်ပြောဆိုပါတယ်။ မင်တို့ဒီမှာ ပါဝင်တဲ့ လူဆယ်ယောက်ကို ဖမ်းပေးရမယ်။ ဖမ်းမပေးနိုင်ဘူးဆိုရင် မင်းတို့အိမ်တွေကိုဝင်ပြီး တွေ့တဲ့သူကို ဖမ်းဆီးခေါ်ဆောင်ရလိမ့်မယ်လို့ အာဏာပိုင်များဘက်မှ ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့ပါတယ်"လို့ သက္ကေပြင် ဒေသခံတစ်ဦးမှ အခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

သက္ကေပြင် ဒုက္ခသည်စခန်းက အသက်(၇၅)နှစ်အရွယ် ဦးစံရွှေကတော့ အခုလိုပြောပါတယ်။

    "ကျနော်တို့ဟာ လူသားတွေပါ။ လ၀ကတွေက လူကို လူလို့ မဆက်ဆံတာလည်းပါတယ်။ အသက်ကြီးတဲ့သူတွေကိုတောင် မင်းနဲ့ငါနဲ့ ပြောတာ ရှိပါတယ်။ တော်တော်ရိုင်းစိုင်းပါတယ်။ နောက်ပြီး လ၀ကဆိုတာက သူတို့ဘာကိုမှ မသိဘဲ သူတို့ ပြောချင်တာ သူတို့လုပ်ချင်တာ လုပ်ကြပါတယ်။ ကျနောတို့ဆီက အမှန်ဆို အထောက်အထားတွေ အကုန်လုံးကြည့်နိုင်အောင် ကြိုးစားရမှာ။ သူတို့ ကျနော်တို့ကို ဘာတစ်ခုမှ မမေးဘဲ အစ္စလာမ်မှန်ရင် ဘင်္ဂလီလို့ ကောက်ချက်ချကြပါတယ်။ ကျနော်တို့ထဲမှာ ရခိုင်မွတ်စလင်မ်၊ ရိုဟင်ဂျာမွတ်စလင်၊ ကမန်မွတ်စလင်မ်တွေ ရှိပါတယ်။ ရခိုင်မွတ်စလင်မ်ဆိုတာက ရခိုင်နဲ့ရပြီး ကလေးတွေ မွေးလာတာက ရခိုင်မွတ်စလင်မ် ဖြစ်သလို ရခိုင်ကနေ အစ္စလာမ်ဘာသာပြောင်းတဲ့သူတွေလည်း ရှိပါတယ်။"


"ကျနော်တို့အမျိုးတွေဆို သန်းကောင်စာရင်း၊ မွေးစာရင်းမှာ ရခိုင်မွတ်စလင်မ်နဲ့ ရထားပါတယ်၊ တစ်ချို့ဆို မှတ်ပုံတင်တောင် ရခိုင်မွတ်စလင်မ်နဲ့ရခဲ့တာ ရှိပါသေးတယ်။ ခုမှ လာပြီး ရခိုင်မှာ မွတ်စလင်မ်၊ အစ္စလာမ်ဘာသာ မရှိဘူးဆိုပြီး ပြောနေကြတာတော့ လွန်ပါတယ်လို့ ကျနော်တော့ ယူဆ မိပါတယ်။ လ၀ကတွေ လုပ်ချင်တိုင်း ကျနော်တို့ မွတ်စလင်မ်တွေ သဘောမပါဘဲ လုပ်နေတာတွေ အများကြီးပါ။ လ၀ကကိုလည်း အစိုးရက လုပ်ဖို့ ခိုင်းထားတာလည်း ဖြစ်ပါလိမ့်မယ်။"

မြန်မာနိုင်ငံတော် သမ္မတကြီးကလည်း မျှမျှတတဆို ဘာမှမလုပ်ပေးပါဘူး။ အခုလို အသေးအမွှား ပြဿနာလေးကြောင့် မွတ်စလင်မ်တွေကိုပဲ ဖမ်းနေကြတယ်။ ရခိုင်တွေ တောင်ကုတ်မှာ မွတ်စလင်မ် ၁၀ ယောက်သတ်တာရော၊ ရခိုင်ပြည်တစ်ခုလုံးမှာ မွတ်စလင်မ်အိမ်တွေ မီးရှို့တာတွေအတွက် ဘာမှတရားခံရှာပြီး အရေးယူမှုမရှိတဲ့အပြင်၊ အစိုးရက ကျနော်တို့လို နစ်နာခံခဲ့ရတဲ့ မွတ်စလင်မ်တွေကိုပဲ ဖမ်းဆီးနေတာဟာ တော်တော် လူအခွင့်အရေး ချိုးဖောက်ရာ ရောက်ပါတယ်" လို့ ပြောသွားပါတယ်။

အထက်ပါကိစ္စနှင့် ပက်သက်ပြီး ဧပြီလ ၂၈ ရက်နေ့က ရဲတွေ သက္ကေပြင်ကိုလာပြီး ခြိမ်းခြောက်သွားသလို၊ ဘောဒူဖ ဒုက္ခသည် စခန်းဘက်မှ ဒေသခံတစ်ဦးဖြစ်တဲ့ ရှော်ဖိတ် (အသက် ၃၀ ခန့်) ကို လည်း အာဏာပိုင်များမှ ဧပြီလ ၂၈ နေ့လည်လောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၄င်း မိသားစုဝင်များထဲမှ တစ်ဦးထံက သိရှိရပါသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများနှင့် မိသားစုဝင်များမှလည်း အဆက်အသွယ် မရရှိကြောင်း ၄င်းတို့မိသာစုဝင်များနှင့် နီးစပ်ရာများမှ သတင်းရရှိခြင်း ဖြစ်ပါသည်။

ပေးပို့သူ » ကိုကိုနိုင်

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက်
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်း
များရှိရာနေရာတွင်လ၀ကမှ ရိုဟင်ဂျာများကို လူဦးရေစာရင်းကောက်ရာတွင် သူတို့ယူဆောင်လာသော ပုံစံ
တွင် ဘင်္ဂလီဟု အတင်းအဓမ္မ ဖြည့်ခိုင်းသောကြောင့် သက္ကေပြင်ရပ်ကွက်မှ လ၀က ရောက်ရှိနေသည