Pages

Saturday, May 4, 2013

ဥက္ကံမြို့က မူဆလင်ဒုက္ခသည်တွေကို သံဃာတော်တွေ သွားရောက်ကူညီ

ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီမှာပျက်စီးသွားတဲ့ ကျေးရွာ ၄ ရွာက လူဦးရေ ၅ ရာကျော်အတွက် စုစုပေါင်း သိန်း ၇၀ ဖိုးလောက် ကူညီပေးလိုက်တယ်လို့ ရွှေဝါရောင်သံဃာ့အဖွဲ့ ခေါင်းဆောင် အရှင်ပဏ္ဍဝံသက RFA ကို မိန့်ကြားပါတယ်။

"လူဦးရေတွက်ပြီး ဘယ်ရွာကဘယ်နှစ်အိမ် မီးလောင်တယ်၊ အဲ့ဒီကနေပြီးတော့ အိမ်ရာခင်းတွေလည်းပါတယ်၊ မိုးရုတ်တရက်ရွာလာလို့ရှိရင်လည်း အရေးပေါ်တဲထိုးလို့ရအောင် တာလပတ် ၁ဝ ထုတ်လောက်ကိုလည်း ယူသွားတယ်၊ နောက်ရေတွင်းတွေ တူးပေးတာကိုလည်း လုပ်ခဲ့ပါတယ်"

လောလောဆယ်မှာ ဒုက္ခသည်တွေအတွက် အမိုးအကာတွေ လိုအပ်နေပြီး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ေ
တာ့ BG သွေးကူညီရေးအဖွဲ့က စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။

RFA Burmese ,Rangonnewsdaily
RND:  :4.5.2013

0 comments:

Post a Comment