Pages

Saturday, May 4, 2013

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး
==========================================

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်

မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊ အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။

ကြောက်ရွံ့မှု ကင်းအောင်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ် လှပနေအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၂) တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်

အိမ်ထောင်ဖက် သေဆုံးတာဟာ အမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာ ထိပ်တန်းက ပါဝင်နေပါတယ်။ အိမ်ထောင်ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ ဝေဒနာကို ရရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီး နာကျင်ရတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

တစ်ယောက်တည်း ကျန်ခဲ့ရင် ဆိုတဲ့ အတွေးဟာ ဘဝကို ဆက်လျှောက်ဖို့ ကြမ်းတမ်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်း နေထိုင်ကာ လူမှုရေး ဝင်ဆံ့အောင် ကြိုးစားပေးပါ။

၃) ငွေတွေကို လုယက်မှာ ကြောက်တယ်

အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေး တောင့်တင်းပြီး ငွေကြေး ချမ်းသာလာလေလေ၊ လူတွေကြား ဝင်ဆံ့ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနားကပ်လာတဲ့ သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေ ပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေနဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရ ခက်ခဲတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ငွေတွေကို စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းတတ်အောင် ကြိုးစားပါ။ အဲဒီလို လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ အသက် ဘယ်လောက်ငယ်ငယ် စိုးရွံ့စိတ် မရှိတတ်ကြပါဘူး။

၎) ကင်ဆာဖြစ်မှာ ကြောက်တယ်

ကင်ဆာ အထူးသဖြင့် ရင်သားကင်ဆာဟာ အမျိုးသမီးတွေ ဖြစ်မှာကြောက်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ ရင်သားကင်ဆာက အဖြစ်များပေမယ့် အဆုတ်ကင်ဆာဟာ ရင်သားကင်ဆာထက် အမျိုးသမီး အများစုကို သေဆုံးစေနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ကင်ဆာရောဂါဖြစ်ရင် သေနိုင်တယ်ဆိုတဲ့ အသိကြောင့် ထိတ်လန့်နေကြတာပါ။ တကယ်တော့ ကင်ဆာရောဂါ အများစုဟာ စောစောသိရင် စောစော ကုသ ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာမဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင် စားသောက်မှု ပုံစံကို လိုက်နာတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူတာတွေကို လုပ်ဆောင်ပေးပါ။

၅) တခြားသူအပေါ် မှီခိုနေရမှာ ကြောက်တယ်

မျိုးသားရော အမျိုးသမီးပါ သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကို စိုးရိမ်တတ်ကြကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ အသက်ကြီးလာတဲ့ အခါမှာ အရွယ်ရောက် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုဘဝကို အနှောင့်အယှက် မဖြစ်လိုကြပါဘူး။

ကြောက်ရွံ့မှု ကင်းအောင်

ရှေ့ရေးကို ကြိုတွေးထားပါ။ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေး အတွက်ပါ စုဆောင်းထားပါ။ နေထိုင်မယ့် နေရာအတွက် ကြိုတင် ပြင်ဆင်ထားပါ။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good health

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြ
ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကိုသိနိုင်ဖို့ အသက်ကြီးတာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်း
တွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။ ၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်

မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊ အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူ
တွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။တချို့အမျိုးသမီး
တွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မ
သွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေ
တတ်တာပါ။

ကြောက်ရွံ့မှု ကင်းအောင်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအ
သောက်ကိုကျန်းမာရေးနဲ့အညီစားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင်နေ
ထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ် လှပနေအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တွေပဲ
ဖြစ်ပါတယ်။

၂) တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်

အိမ်ထောင်ဖက် သေဆုံးတာဟာအမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာထိပ်တန်းကပါဝင်နေပါတယ်။အိမ်ထောင်
ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ ဝေဒနာကို ရရှိတတ်ပါတယ်
။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီး နာကျင်ရတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

တစ်ယောက်တည်း ကျန်ခဲ့ရင် ဆိုတဲ့ အတွေးဟာ ဘဝကို ဆက်လျှောက်ဖို့ ကြမ်းတမ်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်း နေထိုင်ကာ လူမှုရေး ဝင်ဆံ့အောင် ကြိုးစားပေးပါ။

၃) ငွေတွေကို လုယက်မှာ ကြောက်တယ်

အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေး တောင့်တင်းပြီး ငွေကြေး ချမ်းသာလာလေလေ၊ လူ
တွေကြား ဝင်ဆံ့ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနား
ကပ်လာတဲ့ သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေ ပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေ
နဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရ ခက်ခဲတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ငွေတွေကို စနစ်တကျ စီမံခန့်ခွဲထိန်းသိမ်းတတ်အောင် ကြိုးစားပါ။အဲဒီလိုလုပ်ဆောင်တတ်တဲ့အမျိုးသမီးတွေ
ဟာ အသက် ဘယ်လောက်ငယ်ငယ် စိုးရွံ့စိတ် မရှိတတ်ကြပါဘူး။

၎) ကင်ဆာဖြစ်မှာ ကြောက်တယ်

ကင်ဆာ အထူးသဖြင့် ရင်သားကင်ဆာဟာ အမျိုးသမီးတွေ ဖြစ်မှာကြောက်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ ရင်သားကင်ဆာက အဖြစ်များပေမယ့် အဆုတ်ကင်ဆာဟာ ရင်သားကင်ဆာထက် အမျိုးသမီး အများစုကို
သေဆုံးစေနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ကင်ဆာရောဂါဖြစ်ရင် သေနိုင်တယ်ဆိုတဲ့အသိကြောင့်ထိတ်လန့်နေကြတာပါ။ တကယ်တော့ ကင်ဆာရော
ဂါ အများစုဟာ စောစောသိရင် စောစော ကုသ ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာမဖြစ်အောင် ကျန်းမာရေး
နဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်စားသောက်မှုပုံစံကို လိုက်နာတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူတာတွေ
ကို လုပ်ဆောင်ပေးပါ။

၅) တခြားသူအပေါ် မှီခိုနေရမှာ ကြောက်တယ်

မျိုးသားရော အမျိုးသမီးပါ သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကို စိုးရိမ်တတ်ကြကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ အသက်ကြီးလာတဲ့ အခါမှာ အရွယ်ရောက် က
လေးတွေနဲ့ သူတို့ရဲ့ မိသားစုဘဝကို အနှောင့်အယှက် မဖြစ်လိုကြပါဘူး။

ကြောက်ရွံ့မှု ကင်းအောင်


ရှေ့ရေးကို ကြိုတွေးထားပါ။ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာ
ရေး အတွက်ပါ စုဆောင်းထားပါ။ နေထိုင်မယ့် နေရာအတွက် ကြိုတင် ပြင်ဆင်ထားပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good health , Rangonnewsdaily
RND:  :4.5.2013
 

0 comments:

Post a Comment