Pages

Saturday, May 4, 2013

ပေါင်းတည်မြို့ရှိ မွတ်စလင်မ်နေအိမ်များအား အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်မှုများရှိနေ

ပေါင်းတည်မြို့ရှိ မွတ်စလင်မ်နေအိမ်များအား အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်မှုများရှိနေ
===============
မေ-၄၊ ၂၀၁၃
M-Media
ဇာဏီ

ပေါင်းတည် ။            ။          တည်ငြိမ်အေးချမ်းနေသော ပေါင်းတည်မြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ဖျက်ဆီးရန်အတွက် အကြမ်းဖက်သမားမှ ဒီနေ့မှာ စည်းရုံးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များ၊ ဥက္ကံမြို့နှင့် အနီးတ၀ိုက်ရွာများအား မတ်လနှောင်းပိုင်း ဧပြီလနှင့် ယခုမေလဆန်းများတွင် အကြမ်းဖက်သမားများက အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးမှုများ ရှိခဲ့ပြီးသည့်နောက် ယခုအခါတွင် ပေါင်းတည်မြို့ကိုပါ အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်လုပ်ဆောင်မှုများရှိနေသည်ကို သိရသည်။

ယနေ့ မေလ ၄-ရက်နေ့မှာ ပေါင်းတည်မြို့သို့ အခြားသောဒေသမှ ဘုန်းကြီး(၁၀)ပါး၊ လူ(၁၀)ယောက် ရောက်ရှိလာပြီး ပေါင်းတည်မြို့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ အကြမ်းဖက်ဖျက်ဆီးရန် ညှိနှိုင်းနေသည်။ လူမသတ်၊ မီးမရှို့ပဲ ဖျက်ဆီးရုံသာ ဖျက်မည်ဟု ညှိနှိုင်းသော်လည်း ပေါင်းတည်မြို့ ဘုန်းတော်ကြီးကျောင်းများမှ လက်မခံသည့်အတွက် ရွာတွေဘက်သို့ ဆင်းသွားသည်ဟု သိရသည်။ ယခုကဲ့သို့ ရွာများဘက် ဆင်းသွားပြီးသည့်နောက်တွင်လည်း အင်အားအလုံးအရင်းနှင့် ပြန်လာမည်ဟုလည်း ကြားသိနေရသည်။

ယခုအခါ ပေါင်းတည်မြို့တွင် လုံခြုံရေးအတွက် စစ်တပ်မှ စစ်ကားများလည်း ထပ်မံ ရောက်ရှိလာပြီး မြို့မ အ.ထ.က ကျောင်းလမ်းထဲတွင် ရှိနေသည်ဟုသိရသည်။ ရဲ ၁၀၀-၀န်းကျင်ခန့်လည်း လုံခြုံရေးယူထားသည်ဟုလည်းသိရသည်။

NLD ကွန်ရက်အဖွဲ့သည် လုံခြုံရေးယူပေးနေသည့် ရဲများ၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်မှတ်တမ်းယူသွားမည်ဖြစ်ပြီး ယခုအခါ လုံခြုံရေးအတွက် ရဲများနှင့်အတူ လက်တွဲဆောင်ရွက်နေသည်ဟုလည်း သိရသည်။

မေ-၄၊ ၂၀၁၃

ပေါင်းတည် ။ ။ တည်ငြိမ်အေးချမ်းနေသော ပေါင်းတည်မြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ဖျက်ဆီးရန်

အတွက် အကြမ်းဖက်သမားမှ ဒီနေ့မှာ စည်းရုံးလုပ်ဆောင်နေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ၊ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များ၊ ဥက္ကံမြို့နှင့် အနီးတ၀ိုက်ရွာများအား မတ်လနှောင်းပိုင်းဧပြီလနှင့်ယခုမေလဆန်းများတွင်အကြမ်းဖက်သမားများက အကြမ်းဖက်သတ်ဖြတ် ဖျက်
ဆီးမှုများ ရှိခဲ့ပြီးသည့်နောက်ယခုအခါတွင် ပေါင်းတည်မြို့ကိုပါ အကြမ်းဖက်ဖျက်ဆီးရန် ကြံစည်လုပ်ဆောင်
မှုများရှိနေသည်ကို သိရသည်။

ယနေ့ မေလ ၄-ရက်နေ့မှာ ပေါင်းတည်မြို့သို့ အခြားသောဒေသမှဘုန်းကြီး(၁၀)ပါး၊လူ(၁၀)ယောက် ရောက်

ရှိလာပြီး ပေါင်းတည်မြို့တွင်ရှိသောဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ အကြမ်းဖက်ဖျက်ဆီးရန်
ညှိနှိုင်းနေသည်။ လူမသတ်၊ မီးမရှို့ပဲ ဖျက်ဆီးရုံသာ ဖျက်မည်ဟု ညှိနှိုင်းသော်လည်း ပေါင်းတည်မြို့ ဘုန်း
တော်ကြီးကျောင်းများမှ လက်မခံသည့်အတွက် ရွာတွေဘက်သို့ ဆင်းသွားသည်ဟု သိရသည်။ ယခုကဲ့သို့ ရွာများဘက် ဆင်းသွားပြီးသည့်နောက်တွင်လည်း အင်အားအလုံးအရင်းနှင့် ပြန်လာမည်ဟုလည်း ကြားသိ
နေရသည်။

ယခုအခါ ပေါင်းတည်မြို့တွင် လုံခြုံရေးအတွက် စစ်တပ်မှ စစ်ကားများလည်း ထပ်မံ ရောက်ရှိလာပြီး မြို့မ အ.ထ.က ကျောင်းလမ်းထဲတွင်ရှိနေသည်ဟုသိရသည်။ရဲ ၁၀၀-၀န်းကျင်ခန့်လည်း လုံခြုံရေးယူထားသည်

ဟုလည်းသိရသည်။

NLD ကွန်ရက်အဖွဲ့သည် လုံခြုံရေးယူပေးနေသည့် ရဲများ၏ လုပ်ဆောင်ချက်များကိုလည်း စောင့်ကြည့်

မှတ်တမ်းယူသွားမည်ဖြစ်ပြီး ယခုအခါ လုံခြုံရေးအတွက် ရဲများနှင့်အတူ လက်တွဲဆောင်ရွက်နေသည်ဟု
လည်း သိရသည်။

M-Media , Rangonnewsdaily
RND:  :4.5.2013
ဇာဏီ

0 comments:

Post a Comment