Pages

Saturday, May 4, 2013

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ပါတီ မေလ ၅ရက်တွင် တွေ့ဆုံမည်

မေလ ၄ ရက် ၂၀၁၃

မေလ ၅ရက်နေ့ မနက် ၁၀နာရီတွင် နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်းနိုင်ငံရေးပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။
	
အဓိကကတော့ နိုင်ငံထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စများအား ပါဝင်ဆွေးနွေးရန်ရှိကြောင်း သိရသည်။
	
ထို့နောက် နိုင်ငံရေးပါတီ ၁၈ပါတီနှင့်တွေ့ဆုံမှုအား နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်မြို့ရှိ Myanmar Peace Center မှတဆင့် ဆက်သွယ် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏တွေ့ဆုံမှုသည် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း သိရသည်။

မြန်မာ့ခေတ်

မေလ ၄ ရက် ၂၀၁၃

မေလ ၅ရက်နေ့မနက် ၁၀နာရီတွင် နေပြည်တော်ရှိသမ္မတဦးသိန်းစိန်၏ အိမ်တော်တွင် ပြည်တွင်းနိုင်ငံရေး
ပါတီ (၁၈)ပါတီတို့ တွေ့ဆုံကာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာ့ခေတ်သို့ ပြောကြားသည်။
အဓိကကတော့ နိုင်ငံထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက် တွေ့ဆုံ
ဆွေးနွေးမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအရေးကိစ္စ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စများအား ပါဝင်ဆွေးနွေးရန်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံရေးပါတီ ၁၈ပါတီနှင့်တွေ့ဆုံမှုအား နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်မြို့ရှိ Myanmar Peace Centerမှတဆင့်ဆက်သွယ်ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံတော်

သမ္မတ ဦးသိန်းစိန် ၏တွေ့ဆုံမှုသည် ၄ ကြိမ်မြောက် ရှိပြီဖြစ် ကြောင်း သိရသည်။

မြန်မာ့ခေတ် , Rangonnewsdaily
RND:  :4.5.2013

0 comments:

Post a Comment