Pages

Wednesday, February 19, 2014

အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ မအူကုန်းရပ်ကွက်တွင် သံဃာတော်တစ်ပါးမှ အော်ဟစ်ဆဲဆိုမှုဖြစ်ပွား

RangonNewsDaily: February . 19 .2014
မနေ့ (18/02/2014) ညနေ က မအူကုန်းလမ်းကျယ် တာမွေ ၁၃၃ လမ်း မှာဖြစ်သွားတာလေးပါ။ ပုံပါအတိုင်း ၉၆၉ ဘုန်းကြီး က ကားဘောနက်ပေါ်တက်ပြီး သင်္ဃန်းလှန်ဆဲဆိုနေပုံပါ။ ရှိသမျှ အဆဲပေါင်းစုံနဲ့ မွစ်လင်တွေကိုဆဲနေတာပါ။

အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ

Photo: အသံဖြင့် Password ဖွင့်နိုင်မည့် နည်းပညာ ဖန်တီးသည့်ကုမ္ပဏီကို Google ဝယ်ယူ

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄

အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်

Passwordတွင် နံပါတ်များ ရိုက်သွင်းသည့်အစား အသံကို မှတ်သားစေသည့် စနစ်မျိုး တီထွင်နေသည့် နည်းပညာ ကုမ္ပဏီ တစ်ခုကို Googleက သိမ်းသွင်းဝယ်ယူလိုက်ကြောင်း သိရသည်။ အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်။ SlickLoginက အဆိုပါ အရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေရေးကြေးရေး စာရင်းဇယားများကို အများသိရှိအောင် ဖော်ပြရန် ငြင်းဆန်ထားခဲ့သည်။

ထို့အပြင် Googleကလည်း အဆိုပါ လုပ်ငန်းသိမ်းပိုက်မှုနှင့် ပတ်သက်ပြီး AFP၏ ဆက်သွယ်မေးမြန်းမှုကို တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။ "SlickLoginကို အစပြုခဲ့တယ် ဆိုတာက လက်ရှိလုံခြုံရေး စံနှုန်းသတ်မှတ်ချက်တွေက ရှုပ်ထွေးလာတာ၊ စိတ်ပျက်စရာ ဖြစ်လာတာတွေ ကြုံနေရလို့ပါ။ ကျွန်တော်တို့ သူငယ်ချင်း (၃)ယောက်ကို အရူးလို့ ထင်သူတွေတောင် ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပိုကောင်းတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ်ဆိုတာ သိနှင့်ပြီးသားပါ"ဟု အဖွဲ့ဝင်(၃)ဦး စတင်တည်ထောင်သည့် ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

သတင်းများက တဲလ်အဗစ်ဗ်မြို့တွင် နေထိုင်သော SlickLogin ပညာရှင်(၃)ဦးလုံး Google၏ ဝန်ထမ်းမား ဖြစ်လာပြီး လုံခြုံမှုဆိုင်ရာ ဝန်ဆောင်မှုဌာနသစ် တစ်ခုအဖြစ် အလုပ်လုပ်သွားလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ ယခုနည်းပညာသစ်သည် လူတစ်ဦး၏ အသံကို ကွန်ပျူတာ စနစ်ဖြင့် ဖမ်းယူအာရုံခံကာ အသံ၏ အနေအထားအလိုက် တုံ့ပြန်နိုင်စွမ်းကို ဖော်ဆောင်ပေးမည် ဖြစ်သည်။ ယင်းစနစ်သည် Google၏ Andriod OSကို အသုံးပြုနေသည့် စမတ်ဖုန်းများတွင် အကျုံးဝင် အဆင်ပြေလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily: February . 19 .2014
အစ္စရေး ကုမ္ပဏီ တစ်ခုကို Googleက ဝယ်ယူလိုက်ခြင်းသည် Google၏ ထုတ်ကုန်များတွင် အသံမှတ်သားသည့် လုံခြုံရေး စနစ်သစ် ပါဝင်လာမည့် ခြေလှမ်းတစ်ရပ်အဖြစ် ယူဆသူ အများအပြား ထွက်ပေါ်လာသည်

ဟီဂျဘ်မ၀တ်လို၍ ပေးသော ထိပ်တန်း ဆင်ခြေ



RangonNewsDaily: February . 19 .2014
ကျွန်မသည် ငယ်ရွယ်သေးသဖြင့် ယခု ဟီဂျဘ်မ၀တ်ဆင်သေးပါ။ ကျွန်မ အသက်အရွယ် ကြီးလာ ချိန်နှင့် ဟဂ်ျပြုလုပ်ပြီးနောက်တွင် ၀တ်ဆင်ပါမည်။

အရောင်စုံဖြင့်လှပနေသော- Popeye ရွာ

Photo: အရောင်စုံဖြင့်လှပနေသော- Popeye ရွာ

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄

တောင်ဥရောပ- မော်လတာနိုင်ငံရေပိုင်နက် မြေထဲပင်လယ်ကျွန်းစုထဲက Anchor Bay မှာ ရှိတဲ့ ရွာလေး တစ်ရွာ ဖြစ်ပါတယ်။

ရောင်စုံများနဲ့လှပပြီး တစ်ရွာလုံးကို သစ်သားနဲ့ပဲ ဆောက်လုပ်ထား တာ ဖြစ် ပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက တည်ရှိလာပြီး ဆွေးမြေတဲ့ သစ်လုံးများနဲ့ ရွာ (amshackle wooden village) လို့တင်စားခေါ်ဝေါ်ကြ ပါတယ်။

ယင်းရွာရဲ့  လှပမှုကြောင့် ပြတိုက်ပမာ ဖြစ်နေပါပြီ။ ကမ္ဘာလှည့်ခရီးသွား များအတွက် အဓိက လာရေက်လည်ပတ်စရာ နေရာ တစ်ခုအဖြစ် ထားရှိပါတယ်။ လူအင်အား ၁၆၀ နဲ့ ၇လကြာ တည်ဆောက်ခဲ့တဲ့ ရွာ ဖြစ်ပါ တယ်။ ကမ်းစပ်မှာ တည်ရှိပြီး တံငှာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ပြုကြပါတယ်။ ရွာရဲ့  သဘာဝအတိုင်း လှပနေမှု ကြောင့် ကမ္ဘာတစ်လွှား ရုပ်ရှင်ရိုက်ကူးသူ အများအပြား လာရောက်လေ့ ရှိကြောင်း သိရပါတယ်။
---
Ref:wiki
အောင်ခမ်း (ရိုးရာလေး)

RangonNewsDaily: February . 19 .2014
တောင်ဥရောပ- မော်လတာနိုင်ငံရေပိုင်နက် မြေထဲပင်လယ်ကျွန်းစုထဲက Anchor Bay မှာ ရှိတဲ့ ရွာလေး တစ်ရွာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် အော်ရီဒူး ဈေးလျှော့ကောက်ခံမည်

Photo: ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် အော်ရီဒူး ဈေးလျှော့ကောက်ခံမည်

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄

အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ နီးကပ်လာလျှင် အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က The Voice သို့ ပြောကြားသည်။
“အပြင်မှာ လူတွေပြောနေကြတဲ့ ဈေးနှုန်းက တင်ဒါတင်တုန်းက ဖော်ပြထားတဲ့ ဈေးနှုန်းပါ။ အဲဒါက အကြမ်းဖျင်း ဈေးနှုန်းပါ။ တကယ့်ဈေးနှုန်း အစစ်မဟုတ်ပါဘူး။ ဈေးနှုန်း အတိအကျကို ဇူလိုင်လ နားနီးမှ တရားဝင် ထုတ်ပြန်မယ်။ အံ့အားသင့်စရာ ဈေးနှုန်း ဖြစ်စေရမယ်” ဟု ၎င်းကဆိုသည်။

ယမန်နှစ်က ဆက်သွယ်ရေးတင်ဒါ ရွေးချယ်ခံရပြီးနောက် ဆင်းမ်ကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် မိုဘိုင်းလ် ဖုန်းခေါ်ဆိုခ ၄၅ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး 3G စနစ်ဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာ ကုမ္ပဏီက ထုတ်ပြန် ကြေညာထားသည်။
“ဈေးနှုန်းကို အခုဘာကြောင့် မပြောနိုင်သေးလဲဆိုတော့ လောလော ဆယ်မှာက အပြိုင်အဆိုင် လုပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့်ပါ။ ဆင်းမ်ကတ်တွေကို အော်ရီဒူးက အစောဆုံး စရောင်းမယ်။ ဆင်းမ်ကတ် ဈေးနှုန်းကတော့ ၁၅၀၀ ပဲဖြစ်မှာပါ” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဆက်သွယ်ရေး အော်ပရေတာများ အပြိုင်အဆိုင် ဖြစ်နေသောကြောင့် တရားဝင်ဈေးနှုန်း မပြောကြားသေးခြင်း ဖြစ်ပြီး တကယ်ရောင်းချချိန်တွင် ဈေးနှုန်း အပြောင်းအလဲများစွာ ရှိမည်ဟု မထင်ကြောင်း ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
“အော်ရီဒူးက 3G စပေးမယ်ပြောတယ်။ 3G စနစ်ကို ခပ်ပေါပေါရမယ်တော့ မထင်ဘူး” ဟု ၎င်းကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော တယ်လီနောမြန်မာ ကုမ္ပဏီကလည်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများကို အတိအကျ ထုတ်ပြန်သွားရန် အစီအစဉ် မရှိသေးဘဲ ဆင်းမ်ကတ်များ စတင်ရောင်းချမည့် ကာလနီးမှသာ တရားဝင် ကြေညာသွားမည်ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ယခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ လျှော့ချသွားမည်ဟု ကြေညာထားသည်။

The Voice Weekly

RangonNewsDaily: February . 19 .2014

အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ နီးကပ်လာလျှင် အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က The Voice သို့ ပြောကြားသည်။

အသက်၃၃ နှစ်ပြည့်မွေးနေ့ ပါတီကို အတွင်းခံဘောင်းဘီမ၀တ်ဆင်ဘဲ တက်ရောက်ခဲ့တဲ့ Paris Hilton

Photo

RangonNewsDaily: February . 19 .2014
ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး Paris Hilton တစ်ယောက် စနေနေ့ ညက ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ပါတီကို တက်ရောက်လာတဲ့ ဖက်ရှင်ကြောင့် ပရိတ်သတ်တွေအကုန် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

" Me N Ma အဖွဲ့ဝင်ဟောင်းအဆိုတော် ချာချာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်မည် "

Photo: " Me N Ma အဖွဲ့ဝင်ဟောင်းအဆိုတော် ချာချာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်မည် "

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄

Me N Ma မြန်မာအမျိုးသမီးဂီတအဖွဲ့ဝင်ဟောင်း အဆိုတော် ချာချာသည် ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရိုက်ကူးတင်ဆက်မည့် အပိုင်း ၄ဝ ပါဝင်မည်ဖြစ်သော ” ကမ္ဘာတည်သမျှသာမည့်လ” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

” သီချင်းဆိုတာကိုတော့ အဓိက လုပ်တာပေါ့။ ဒီဇာတ်လမ်းတွဲလေးကို ရိုက်ဖို့ကမ်းလှမ်းလာတော့ ညီမကို ပေးထားတဲ့ဇာတ်ကောင်နေ ရာလေးကိုကြိုက်လို့ ဒီဇာတ်လမ်းတွဲ ကို ရိုက်ကူးဖို့ လက်ခံလိုက်တာပါ။ ဒီဇာတ်လမ်းတွဲမှာ ထွန်းအိန္ဒြာဗိုရဲ့သမီး နေရာကနေ သရုပ်ဆောင်ရမယ်။

ဒုတိယသမီးတစ်ဦးပေါ့။ ဘဝအတွက် ရုန်းကန်နေရတဲ့ မိ သားစုတစ်ခုမှာ မွေးဖွားတာပေါ့။ ကိုယ်ဖြစ်ချင်တာကိုပဲ ကိုယ်သိပြီးမိဘကို ကလန်ကဆန်လုပ်တာတို့၊ ပြီးတော့ မော်ဒယ်မင်းသမီးဖြစ်ချင်တာကို ရအောင်လုပ်တတ်တဲ့ ကာရိုက်တာလေးပါ။ နောက်ပိုင်းမင်းသမီးတော့ မဖြစ်ဘူး။ ဘဝသင်ခန်းစာ တွေရပြီးတော့ မိဘနဲ့အတူပျော်ပျော်ရွှင်ရွှင်ပြန်နေတဲ့ပုံစံမျိုးပါ။ပီပြင်အောင်တော့ အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု ချာချာက ရှင်းပြသည်။

” ကမ္ဘာတည်သမျှသာမည့်လ” ဇာတ်လမ်းတွဲတွင် ချာချာအနေဖြင့် ဆင်းန်ပေါင်း၅ဝ နီးပါးပါဝင်ရိုက်ကူးရ မည်ဖြစ်သော ကြောင့်ဝတ်ဆင်ရမည့်အဝတ်အစားပုံစံ၊ ဇာတ်ေ ကာင်အံ့ဝင်ခွင်ကျရန်အတွက် ကြိုတင်ပြင်ဆင်ကြိုး စားထားကြောင်း ပြောသည်။” အဆိုပိုင်းနဲ့ မတိုက်ဘူးဆိုရင်တော့ ဇာတ်ကားတွေကို ရိုက်ကူးပါမယ်။

Me N Ma နဲ့တော့ ဆက်ပြီးလက်တွဲဖို့တော့ မရှိတော့ပါဘူး။ အစောကြီးကတည်းက ဒီအဖွဲ့နဲ့ ဆက်မလုပ်ချင်တော့တဲ့ အဆင်မပြေမှုမျိုးပေါ့။ ပရိုဂျူဆာနဲ့လည်း အဆင်မပြေ တာနဲ့ ကိုယ့်ဘာသာ ကိုယ်လုပ်ဖို့ ထွက်လာတာဆိုတော့ ရှေ့ဆက်ပြီးအဆိုပိုင်းကို တစ်ယောက်တည်းလှုပ်ရှားသွားပါမယ်။ ပြီးတော့အတူတူထွက်လာတဲ့ ထိုက်ထိုက်နဲ့ လည်း နှ စ်ယောက် ပေါင်းပြီးသီဆိုသွားဖို့တွေ ရှိပါတယ်။ တစ်ကိုယ်တော် အခွေကို လည်း ဒီ နှစ်ထဲမှာ ထွက်နိုင်အောင်ကြိုးစားနေပါ တယ်” ဟု Me N Ma နဲ့ ခွဲထွက်ပြီး နောက် ပိုင်းဆက်လုပ်သွားမည့် အကြောင်းများကို ပြောပြသည်။ ချာချာသည် ရုပ်ရှင် သရုပ်ဆောင်မှုအပိုင်းအနေဖြင့် ဗီဒီယိုဇာတ်ကား ၇ ကားထွက် ရှိထားခဲ့ပြီး ယခုရိုက်ကူးမည့် ဇာတ်လမ်းတွဲသည် ၄င်းအတွက် ပထမဦးဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်သည်။

ချာချာ အပါအဝင် Me N Ma အဖွဲ့ဝင်တို့သီဆိုထား ခဲ့သော Girl Strong သီချင်းသည်အာရှ တေးဂီတဆုပေးပွဲတစ်ခုဖြစ်သော IMA Music Award ပွဲတွင် Best Pop Song နှင့် Best Music Vedio ဆုအတွက် ဆန်ခါတင်ဝင်လျက် ရှိနေသည်ဟုသိရသည်။

ထက်လူ 
Popular Journal

RangonNewsDaily: February . 19 .2014
Me N Ma မြန်မာအမျိုးသမီးဂီတအဖွဲ့ဝင်ဟောင်း အဆိုတော် ချာချာသည် ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရိုက်ကူးတင်ဆက်မည့် အပိုင်း ၄ဝ ပါဝင်မည်ဖြစ်သော ” ကမ္ဘာတည်သမျှသာမည့်လ” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

မန္တလေး-ရန်ကုန် လမ်းဟောင်းတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူခုနစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

RangonNewsDaily: February . 19 .2014
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ အခါလွန် မိုးရွာသွန်းမှုများကြောင့် မန္တလေး-ရန်ကုန် အဝေးပြေး လမ်းဟောင်းတွင် ကားဘီးချော်မှုများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်

RangonNewsDaily: February . 19 .2014
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

တရုတ်တပ်မတော် တပ်ဖွဲ့ဝင်တွေရဲ့ ကြုံတွေ့နေရတဲ့ပြသနာတစ်ခု

Photo: Wednesday, February 19, 2014

တရုတ်နိုင်ငံမှာ တပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ် အချိုးအစား ကြီးထွားလာနေတာကြောင့် တင့်ကားထဲ ၀င်ထိုင်နိုင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ တရုတ် စစ်တပ်က ပြောပါတယ်။

အခုဆိုရင် ရိုင်ဖယ် သေနတ်တွေကလည်း သူတို့ အရပ်နဲ့ စာရင် တိုလာတာကြောင့် သူတို့ခန္ဓာကိုယ် အချိုးအစားနဲ့ ညီတဲ့ ပုံစံကို ပြန်ထုတ်ဖို့ လိုနေပြီလို့ တရားဝင် စစ်ဖက်ရေးရာ သတင်းစာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ တရုတ် စစ်သားတွေဟာ အခုဆိုရင် အရင်ကထက် ၂ စင်တီမီတာ အရပ်ပိုမြင့်လာကြသလို ခါးတဝိုက်မှာလည်း ၅ စင်တီမီတာလောက် ပိုပြည့်လာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

BBC Burmese

RangonNewsDaily: February . 19 .2014
တရုတ်နိုင်ငံမှာ တပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ် အချိုးအစား ကြီးထွားလာနေတာကြောင့် တင့်ကားထဲ ၀င်ထိုင်နိုင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ တရုတ် စစ်တပ်က ပြောပါတယ်။

ယူကရိန်း ရဲတပ်ဖွဲ့မှ Maidan ရှိ ဆန္ဒပြသူများ၏ စခန်းကို ဝင်ရောက်စီးနင်း

Photo

RangonNewsDaily: February . 19 .2014
ယူကရိန်း မြို့တော် ကိဗ်ရှိ လွတ်လပ်ရေး ပန်းခြံရင်ပြင်အတွင်း နိုဝင်ဘာလ ကတည်းက နေရာယူထားသည့် ဆန္ဒပြသူများ၏ အဓိက စခန်းကို ရဲတပ်ဖွဲ့မှ အင်္ဂါနေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ မီးရှုးမီးပန်းများကိုလည်း ပစ်ခတ်ခဲ့ကြပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မီးလောင်မှုများ ပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေး ပန်းခြံရင်ပြင်ကို Maidan ဟုလည်း ဒေသတွင်းတွင် ခေါ်ဆိုကြသည်။

ဆန္ဒပြဖို့ ခွင့်ပြုချက်မလိုကြောင်း ဥပဒေကြမ်း ပြင်ဆင်တင်သွင်း

Photo: ဆန္ဒပြဖို့ ခွင့်ပြုချက်မလိုကြောင်း ဥပဒေကြမ်း ပြင်ဆင်တင်သွင်း
Wednesday, February 19, 2014

ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဒီနေ့ တင်သွင်းဆွေးနွေးရာမှာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် အရင်ကလို ခွင့်ပြုချက် တောင်းခံစရာမလိုတော့ဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ်လို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်း အပြောင်းအလဲနဲ့ ပတ်သက်ပြီး တရားစီရင်ရေး၊ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။

“ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံစရာ မလိုဘဲနဲ့ အကြောင်းကြားစာ ပေးပို့တင်ပြတဲ့စကားလုံးနဲ့ အစားထိုးခဲ့ပါတယ်၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနဲ့ ပယ်ချမယ်ဆိုရင် ဌာနဆိုင်ရာ ရုံးစည်းကမ်းအရ သူ့ကိုလည်း အပြစ်ပေးအရေးယူနိုင်ပါတယ်၊ သေချာပါတယ်၊ အများကြီးသက်သာသွားမယ်လို့ ယုံကြည်ပါတယ်”

ဒါပေမဲ့ ပုဒ်မ ၁၈ ပြစ်မှု ပြစ်ဒဏ်အခန်းကို မပယ်ဖျက်ဘဲ ပြစ်ဒဏ်ကိုသာလျှော့ပေါ့ပြီး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င် စီတန်းလှည့်လည်ဆန္ဒပြရင် ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် သုံးသောင်း သတ်မှတ်ထားရာမှာ ဒီနေ့ တင်သွင်းတဲ့ ဥပဒေကြမ်းပြင်ဆင်ချက်မှာ ထောင်ဒဏ် ၆ လသာ သတ်မှတ်ထားပြီး ငွေဒဏ်ကို ပယ်ဖျက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၈ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပုဒ်မခွဲ ၁၈ တစ်ခုံးလုံးကို ဖြုတ်ထားတဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ပေမဲ့ ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ပြီး လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့တာပါ။

RFA

RangonNewsDaily: February . 19 .2014
ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ဒီနေ့ တင်သွင်းဆွေးနွေးရာမှာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် အရင်ကလို ခွင့်ပြုချက် တောင်းခံစရာမလိုတော့ဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ်လို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား

Photo: မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄
Written by: ဌေးလှအောင်၊ လဲ့လဲ့အောင်

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ည ၇ နာရီ မိနစ် ၅၀ မှာရောက်ပြီး မွေးကင်းစကလေးများ အထူးကြပ်မတ် ကုသဆောင်မှာ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါရှိလာပါတယ်။ အဲဒီလို ပါလာတဲ့အတွက် လက်ရှိအချိန်မှာ နှစ်ဦးစလုံးကို အသက်ရှူစက် အကူအညီနဲ့ အသက်ရှူပေးထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစု စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက် အမြွှာများတွင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများ၌ မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မနန်းစိုး၊ မနန်းစံ၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ အဆိုပါနှစ်တွင်ပင် ရန်ကုန်မြို့၌ ရန်ကင်း၊ ရန်ရှင်းနှင့် ယခု ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေးနှစ်ဦး (နာမည်မပေးရသေး) ကို ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက်အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်

Credit To :Eleven Media Group
ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်
RangonNewsDaily: February . 19 .2014
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအားမန္တလေးမြို့ရှိဗဟိုအမျိုး
သမီးဆေးရုံကြီး
တွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး Shockwave