Pages

Wednesday, February 19, 2014

ဟီဂျဘ်မ၀တ်လို၍ ပေးသော ထိပ်တန်း ဆင်ခြေ



RangonNewsDaily: February . 19 .2014
ကျွန်မသည် ငယ်ရွယ်သေးသဖြင့် ယခု ဟီဂျဘ်မ၀တ်ဆင်သေးပါ။ ကျွန်မ အသက်အရွယ် ကြီးလာ ချိန်နှင့် ဟဂ်ျပြုလုပ်ပြီးနောက်တွင် ၀တ်ဆင်ပါမည်။ညီမငယ်၊ သေမင်းသည် ညီမငယ်၏ သက်တမ်း မည်သည့်အချိန်တွင်မဆို အလ္လာဟ်အရှင် မြတ်၏ အမိန့်တော် ရောက်ရှိလာသည်နှင့် ညီမငယ်၏ တံခါးတွင် လာလည်ဖို့ရန် စောင့်မျှော် လျှက်ရှိသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားထား သည်မှာ

“လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန် ကာလ သည်ရှိ ၏။ သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန်ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ် နိုင်ကြ မည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။ (စူရတွလ် အအ်ရားဖ် -၇း၃၄)

ညီမငယ်၊ သေခြင်းသည် အသက်ကြီးသည်၊ ငယ်သည်ဟူ၍ ခွဲခြားထားခြင်းမရှိပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ၏ အမိန့် တော်ကို နာခံခြင်းမရှိမှုသည် အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိ လာသောအခြေအနေ၊ အလွန်မြင့်မြတ်လှသော အလ္လာဟ်အရှင်မြတ်ကို ဆန့်ကျင်ပြီး ဖုံးအုပ်ခြင်းမရှိ၊ အရှက်မရှိသော တန်ဆာဆင်မှုများဖြင့် အလ္လာဟ်အရှင်မြတ်ကို ဆန့်ကျင်တိုက်ခိုက်ချိန်တွင်လည်း သေခြင်း သည် ရောက်ရှိလာနိုင်သည်။ညီမငယ် အသင်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို နာခံ၍ အလ္လာဟ်အရှင်မြတ်၏ ခေါ်ဆိုမှုထံ အပြိုင် အဆိုင် ပြေးနေသောသူများနှင့်အတူ အပြိုင်အဆိုင် ပြေးလွှားသင့်ပေသည်။

“အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို၎င်း၊ မိုးနှင့်မြေ၏ အကျယ်အ၀န်းပမာဏ ကျယ်ဝန်းသော “ဂျန္နတ်”သုခဘုံကို ၎င်း ပြိုင်ဆိုင်ပြေးကြလေကုန်။”(စူရတွလ် ဟဒီဒ် ၅၇း၂၁)

ညီမငယ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမေ့လျော့ပါနှင့်။ အသင် မေ့လျော့လျှင် အ လ္လာဟ်အရှင်မြတ်မှ လည်း အသင့်ကိုတစ်ပြန်မေ့လျော့ကာ အသင့်အပေါ်သို့ လက်ရှိဘ၀တွင်ရော နောင်အာခေရတ်တွင်ပါ အသင့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်များမှ ကင်းဝေးသွားပေလိမ့်မည်။

အသင်သည် မိမိ၏ ကိုယ်ပိုင် ၀ိဥာဉ်(ရူဟ်)အတွက် မှန်ကန်မှုကို ဖြည့်ဆည်းခြင်း မရှိဘဲ မေ့လျော့နေသည်။(သို့) အသင်တို့၏ ၀ိဥာဉ်များသည် အလ္လာဟ်အရှင မြတ်၏ အမိန့်ကို နာခံဖို့ရန်နှင့် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ဦးချရန်ကို မေ့လျော့နေခဲ့ သည်။ အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်များနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ

“ထို့ပြင် အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်၊ ထိုသူတို့သည် အလ္လာဟ်အရှင် မြတ်အား မေ့ပစ်ခဲ့ကြကုန် ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိတို့ကိုယ်ကိုပင် မေ့ပျောက်စေတော်မူခဲ့၏။ ထိုသူတို့ကား ၎င်းတို့သည်ပင် အမိန့် တော်ကို သွေဖည်သူများ ဖြစ် ကြကုန်၏။” (စူရတွလ် ဟရှ်ရ် ၅၉း၁၉)

ညီမငယ် အပြစ်လုပ်ဆောင်ခြင်းနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် ဟီဂျဘ်ဝတ်ဆင်ခြင်းကို ညီမငယ် ၏ ငယ်ရွယ်စဉ်အ ချိန်က ပင် ၀တ်ဆင်ပါ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် အလွန်ကြီးမားသည့်အတွက်ကြောင့်ဖြစ်ပြီး တရား စီရင်မည့်နေ့တွင် အသင်၏ ငယ်ရွယ်စဉ် အချိန်ကာလနှင့် အသင်၏ သက်တမ်းတစ်လျှောက်နှင့်ပတ်သက်၍ မေးမြန်းမည် ဖြစ်သော ကြောင့်ပင် ဖြစ်သည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ဆိုသည့် မျှော်လင့်ချက် အတွေးများကို ရပ်တန့်ပါ။ သင်၏ မနက်ဖြန်ကို အသင် မည်သို့ အာမခံမည်နည်း?

ကျွန်မ ဟီဂျဘ်ဝတ်ဆင်လျှင် အချို့သော အုပ်စုများ၏ တံဆိပ်တပ်ခြင်းကိုခံရမည်ကို ကြောက်ရွံ့မိသည်။ ကျွန်မသည် အဖွဲ့အစည်းဆန်ခြင်းကို မုန်းတီးသည်။

ကျွန်ုပ်၏ အစ္စလာမ့်ညီမငယ်၊ အစ္စလာမ်တွင် အဖွဲ့အစည်းနှစ်ခုသာလျှင် ရှိသည်။ ထိုအဖွဲ့အ စည်းနှစ်ခုလုံးကို ကျမ်းတော် မြတ်ကွရ်အာန်တွင် ဖော်ပြထားသည်။ ပထမ အဖွဲ့အစည်းမှာ အလ္လာဟ်အရှင်မြတ်၏ အဖွဲ့ (ဟိဇ်ဘွလ္လာဟ်)ဖြစ်ပြီး ထိုအဖွဲ့အစည်းသည် အောင်မြင်မှုကို ရရှိသည်။ 

အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ အမိန့်အတိုင်း လိုက်နာပြီး တားမြစ်ထားသည့် အရာများမှ ရှောင်ကြဉ်သောကြောင့် ဖြစ်သည်။ 

ဒုတိယအဖွဲ့အစည်းမှာ ကျိန်စာသင့်ခံ ရှိုင်တွာန်၏ အဖွဲ့ (ဟိဇ်ဘွရှ်ရှိုင်တွာန်)ဖြစ်ပြီး ထိုအ ဖွဲ့အ စည်းသည် အလ္လာဟ်အရှငမြတ်၏ အမိန့်တော်ကို နာခံခြင်းမရှိဘဲ ကမ္ဘာတစ်ခွင် နှောင့်ယှက်ဖျက်ဆီးမှုကို ပိုမိုများပြားစေသူများ ဖြစ် သည်။ ညီမငယ်အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များ (ထိုအမိန့်တော် များမှ တစ်ခုဖြစ်သော ဟီဂျဘ်ဝတ်ဆင်ခြင်း)ကို နီး ကပ်စွာ ချည်နှောင်မိပြီဆိုလျှင် ညီမငယ်အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ အောင်မြင်သော အဖွဲ့အစည်းတွင် ပါဝင်သူ ဖြစ်လာပါလိမ့်မည်။ 

အကယ်၍သာ ညီမငယ်သည် လှပအောင် ပြင်ဆင်မည်။ ဆွဲဆောင်မှုကို ပြုလုပ်မည်ဆိုလျှင် ရှိုင်တွာန်၏ အပေါင်းအဖော်များနှင့်အတူ ရှိုင်တွာန်၏ သဘောင်္အား စီးနင်းခြင်းဖြင့် ဆုံးရှုံးမှုကိုပင် မသိသူ၊ မယုံကြည်သူတို့နှင့် မိတ်ဆွေများအဖြစ် ပေါင်းသင်းမိပေမည်။

နိဂုံးချုပ်ဆိုရသော် အသင်၏ ခန္ဒာသည် အမျိုးသားများအား ဆွဲဆောင်ရာ ရှိုင်တွာန်၏ ဈေးကွက်တွင် ပြသ ထားခြင်း ဖြစ်သည်။ အသင်၏ ဆံပင်ကို ပြသခြင်း ခန္ဒာကိုယ်တစ်ခုလုံး၏ အချိုး အဆစ်ကို ပြသခြင်း၊ တိုသော အ၀တ်ကို ၀တ်ဆင်၍ ခြေလက်များ ကို ပြသခြင်းသည်အလ္လာဟ်အရှင်မြတ်ကို အမျက်ထွက်စေ၍ ရှိုင်တွာန်ကို ကျေနပ်စေသည်။

 နေ့စဉ် ထိုအခြေအ နေဖြင့် သာ ဖြတ် ကျော်သွားမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်နှင့် ဝေး၍ ရှိုင်တွာန်နှင့် နီးစပ် သွားပေမည်။ နေ့တစ်နေ့တွင် အသင့်အနေဖြင့် ခွင့်လွှတ်မှုကို တောင်းခံသည့်တိုင် ကောင်း ကင်ယံမှ အမျက်များက အသင့်ထံ တိုက်ရိုက်ရောက်ရှိလာပေလိမ့်မည်။နေ့စဉ် အသင်၏ လဲ လျောင်း လာ သည် နီးကပ်နေပြီး သေမင်းသည် အသင်၏ ၀ိဥာဉ်ကို ဖမ်းဆုပ်ရန် အဆင်သင့်ပင် ဖြစ်နေသည်။

“သက်ရှိသတ္တ၀ါတိုင်းသည် “မရဏ” သေခြင်းတရား၏ အရသာကို မြည်းစမ်းကြရမည်။တစ်ဖန်အသင်တို့သည် “ကီယာ မသ်” ခေါ် ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏ (ကောင်းမှု မ ကောင်းမှုတို့၏) အကျိုးများကို အပြည့်အစုံပေးခြင်း ခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ “ဂျန္နတ်”ဘုံသို့ ၀င်ရောက်စေခြင်းကို ခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင် စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။ 

အမှန်သော်ကား (နောင်တမလွန်သည်သာလျှင် အမြဲခံစားရမည့်ဘ၀ဖြစ်၍ ဤမျက် မှောက်)လောကီဘ၀သည်ကား ထင်ယောင်ထင်မှားဖြစ်စေသော ပစ္စည်းမျှသာ ဖြစ်ချေသည်။” (စူရတွလ်အာလေအိမ်ရာန်၃း၁၈၅)

အသင်၏ ယခုမတိုင်မီက ဖြတ်ကျော်ခဲ့သောအခြေအနေများအပေါ် ခွင့်လွှတ်မှုကို တောင်းခံရန် လေ့ကျင့်ပါ။ ရောက်ရှိခဲ့ပြီး သော မနက်ဖြန်များမတိုင်မီက ဒီနေ့သည် ဘာဖြစ်ခဲ့သလဲ ဟူ သည်ကို နက်နက်နဲနဲ စဉ်းစားပါ ညီမငယ်။ အရမ်းနောက် ကျခြင်းမရှိသေး သည့် ယခုကို ညီမငယ် စဉ်းစားပါ။

(နူရ်)
Candy Phyu , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment