Pages

Wednesday, February 19, 2014

ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး Shockwave

Photo: ကမ္ဘာ့အမြန်ဆုံး လော်ရီကားကြီး Shockwave

ဖေဖေါ်ဝါရီ ၁၉ ရက် ၂၀၁၄

မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်

အဝေးပြေး လမ်းမများပေါ်တွင် လော်ရီကားကြီးများကို သေးငယ်သည့် မော်တော်ကားလေးများက ကျော်တက်သွားသည်မှာ မဆန်းလှချေ။ သို့သော်လည်း Shockwave အမည်ရှိ လော်ရီကားကြီးမှာမူ ယင်းကဲ့သို့ စိန်ခေါ်မှုမျိုးကို လက်ခံရန် အသင့်ရှိနေမည် ဖြစ်သည်။ မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်။ Shockwaveသည် တစ်နာရီလျှင် မိုင်(၄၀၀)နှုန်းထိ မြန်နှုန်းမြှင့်တင်၍ မောင်းနှင်နိုင်စွမ်း ရှိနေကြောင်း သိရသည်။ ယင်းမော်တော်ကားကြီးသည် လောင်စာ (၁၉၀)ဂါလံထိ သယ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်အလိုက် ဆီစားနှုန်းလည်း မြင့်တက်သွားမည် ဖြစ်သည်။

Shockwaveကို လက်စ်ရှော့ကလေဆိုသူက စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း(၃၀)အတွင်း အဆင့်ဆင့် မွမ်းမံမြှင့်တင်မှုများ ပြုလုပ်လာခဲ့သည်။ ဂျက်အင်ဂျင်(၃)လုံး တပ်ဆင်ထားသော လော်ရီကားကြီးသည် ယခုအခါ အသက်(၆၄)နှစ်ရှိ နီးလ်ဒါနဲလ်၏ လက်ဝယ်တွင် ရှိနေပြီ ဖြစ်သည်။ နီးလ်က "ဒီကားကြီးကို တက်မောင်းရတာဟာ အင်မတန် ဆန်းကျယ်တဲ့ အတွေ့အကြုံထူး တစ်ခုပါပဲ။ ကားကို အမြန်ဆုံး မောင်းနှင်နေချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က မြင်ကွင်းတွေကို မယုံသလိုတောင် ဖြစ်နေလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Shockwaveသည် ဂျပန်နိုင်ငံလုပ် ကျည်ဆန်ရထား တစ်စင်းထက်ပင် မြန်နှုန်းမြင့်မားစွာ မောင်းနှင်နိုင်စွမ်း ရှိသည်။ လော်ရီကားပေါ်တွင် J34-84 ဂျက်အင်ဂျင် (၃)လုံး တပ်ဆင်ထားသည်။ ယင်းအင်ဂျင်များကို အမေရိကန် ရေတပ်တိုက်လေယာဉ် T-2 Buckeyeများထံမှ ဖြုတ်ယူထားခြင်း ဖြစ်သည်။ အင်ဂျင်တစ်လုံးချင်းစီ၏ မောင်းနှင်အားသည် မြင်းကောင်ရေ (၁၂၀၀၀)စီ ဖြစ်ကြသည်။ Shockwaveကို နီးလ်နှင့် သားဖြစ်သူတို့က ဝယ်ယူပြီးနောက် အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ကာ အမေရိကန်နှင့် ကနေဒါတလွှားတို့တွင် စမ်းသပ်မောင်းနှင်မှု၍ စံချိန်ယူခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

RangonNewsDaily: February . 19 .2014
မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်အဝေးပြေး လမ်းမများပေါ်တွင် လော်ရီကားကြီးများကို သေးငယ်သည့် မော်တော်ကားလေးများက ကျော်တက်သွားသည်မှာ မဆန်းလှချေ။ သို့သော်လည်း Shockwave အမည်ရှိ လော်ရီကားကြီးမှာမူ ယင်းကဲ့သို့ စိန်ခေါ်မှုမျိုးကို လက်ခံရန် အသင့်ရှိနေမည် ဖြစ်သည်။ မြင်းကောင်ရေ (၃၆၀၀၀)အား အင်ဂျင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် Shockwaveသည် ကမ္ဘာ့အမြန်ဆုံး လော်ရီကားအဖြစ် မှတ်တမ်းဝင်နေသည်။ 

Shockwaveသည် တစ်နာရီလျှင် မိုင်(၄၀၀)နှုန်းထိ မြန်နှုန်းမြှင့်တင်၍ မောင်းနှင်နိုင်စွမ်း ရှိနေကြောင်း သိရသည်။ ယင်းမော်တော်ကားကြီးသည် လောင်စာ (၁၉၀)ဂါလံထိ သယ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်အလိုက် ဆီစားနှုန်းလည်း မြင့်တက်သွားမည် ဖြစ်သည်။

Shockwaveကို လက်စ်ရှော့ကလေဆိုသူက စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း(၃၀)အတွင်း အဆင့်ဆင့် မွမ်းမံမြှင့်တင်မှုများ ပြုလုပ်လာခဲ့သည်။ ဂျက်အင်ဂျင်(၃)လုံး တပ်ဆင်ထားသော လော်ရီကားကြီးသည် ယခုအခါ အသက်(၆၄)နှစ်ရှိ နီးလ်ဒါနဲလ်၏ လက်ဝယ်တွင် ရှိနေပြီ ဖြစ်သည်။ နီးလ်က "ဒီကားကြီးကို တက်မောင်းရတာဟာ အင်မတန် ဆန်းကျယ်တဲ့ အတွေ့အကြုံထူး တစ်ခုပါပဲ။ ကားကို အမြန်ဆုံး မောင်းနှင်နေချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က မြင်ကွင်းတွေကို မယုံသလိုတောင် ဖြစ်နေလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Shockwaveသည် ဂျပန်နိုင်ငံလုပ် ကျည်ဆန်ရထား တစ်စင်းထက်ပင် မြန်နှုန်းမြင့်မားစွာ မောင်းနှင်နိုင်စွမ်း ရှိသည်။ လော်ရီကားပေါ်တွင် J34-84 ဂျက်အင်ဂျင် (၃)လုံး တပ်ဆင်ထားသည်။ ယင်းအင်ဂျင်များကို အမေရိကန် ရေတပ်တိုက်လေယာဉ် T-2 Buckeyeများထံမှ ဖြုတ်ယူထားခြင်း ဖြစ်သည်။ 

အင်ဂျင်တစ်လုံးချင်းစီ၏ မောင်းနှင်အားသည် မြင်းကောင်ရေ (၁၂၀၀၀)စီ ဖြစ်ကြသည်။ Shockwaveကို နီးလ်နှင့် သားဖြစ်သူတို့က ဝယ်ယူပြီးနောက် အဆင့်မြှင့် မွမ်းမံမှုများ ပြုလုပ်ကာ အမေရိကန်နှင့် ကနေဒါတလွှားတို့တွင် စမ်းသပ်မောင်းနှင်မှု၍ စံချိန်ယူခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment