Pages

Wednesday, February 19, 2014

ယူကရိန်း ရဲတပ်ဖွဲ့မှ Maidan ရှိ ဆန္ဒပြသူများ၏ စခန်းကို ဝင်ရောက်စီးနင်း

Photo

RangonNewsDaily: February . 19 .2014
ယူကရိန်း မြို့တော် ကိဗ်ရှိ လွတ်လပ်ရေး ပန်းခြံရင်ပြင်အတွင်း နိုဝင်ဘာလ ကတည်းက နေရာယူထားသည့် ဆန္ဒပြသူများ၏ အဓိက စခန်းကို ရဲတပ်ဖွဲ့မှ အင်္ဂါနေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ မီးရှုးမီးပန်းများကိုလည်း ပစ်ခတ်ခဲ့ကြပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မီးလောင်မှုများ ပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေး ပန်းခြံရင်ပြင်ကို Maidan ဟုလည်း ဒေသတွင်းတွင် ခေါ်ဆိုကြသည်။ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ယခု ရက်သတ္တပတ် များအတွင်း အဆိုးဝါးဆုံး အကြမ်းဖက်မှု ဖြစ်သည်။ သမ္မတ ဗစ်တာယန်နူကိုဗက်ခ်ျအား အတိုက်အခံ ခေါင်းဆောင်မှ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြဿနာများ အတွက် အဖြေရှာနိုင်မှု မရှိခဲ့ချေ။

သမ္မတမှ ဆန္ဒပြသူများကို စခန်းကို စွန့်ခွာပြီး အိမ်ပြန်ရန်ဟု ရွေးချယ်စရာ တစ်ခုသာ ပေးခဲ့ကြောင်း အတိုက်အခံ ယူဒါပါတီ ခေါင်းဆောင် ဗစ်တာလီကလစ်ခ်ျကိုမှ ယူကရိန်းရုပ်သံ ဟရိုမတ်စကီသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သော တစ်လခန့်ကလည်း ကိဗ်မြို့လယ်တွင် ဆန္ဒပြသူများနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့တို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတစ်ချို့ သေဆုံးခဲ့မှုကြောင့် နိုင်ငံအနေဖြင့် တုန်လှုပ်ခဲ့ရသည်။ သို့သော်လည်း အဓိက ဆန္ဒပြစခန်း Maidan သို့ လူအများအပြား လာရောက် ပူးပေါင်းပါဝင်ခဲ့ကြသည်။

အမျိုးသမီးများလည်း ပါဝင်သည့် လူအများသည် မြို့တွင်းသို့ လမ်းလျှောက်လာကြပြီး ၁၉၉၁ ခုနှစ် ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ရရှိစဉ်ကတည်းက ပထမဆုံး အကြိမ်အဖြစ် မြေအောက် ရထားများကို ရပ်တန့်ထားခဲ့ရသည်။ မြို့တော်အတွင်း အကြမ်းဖက် လှုပ်ရှားမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် မြေအောက်ရထားများကို ရပ်တန့်ထားရကြောင်း အာဏာပိုင်များမှ ပြောဆိုခဲ့သည်။ မြေအောက်ရထားများကို လုံးဝ ရပ်တန့်ထားပြီး မြို့တော်အတွင်း ကားများ ဝင်ရောက်ခြင်း ကိုလည်း တားမြစ်ထားကြောင်း သတင်းများလည်း ထွက်ပေါ်လျှက် ရှိသည်။

နိုဝင်ဘာလ ကတည်းက လွတ်လပ်ရေး ပန်းခြံတွင် အေးချမ်းစွာ ဆန္ဒပြနေသည့် ဆန္ဒပြသူများကို ဒေသတွင်း အချိန် ၁၈၀၀ နာရီ (1600 GMT) တွင် နောက်ဆုံးထား ထွက်ခွာကြရန် လုံခြုံရေး တပ်ဖွဲ့မှ သတိပေးထားခဲ့သည်။ ၁၈၀၀ GMT တွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက်မှု နှိမ်နှင်းရေး လှုပ်ရှားမှုကို စတင် ပြုလုပ်တော့မည့် ဖြစ်ကြောင်း လော်စပီကာ များဖြင့် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့မှ သံချပ်ကာ ကားများဖြင့် ချီတက်ခဲ့ကြပြီး အတားအဆီးများကို ဖျက်ချခဲ့ပြီး လူစုခွဲဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြုခဲ့ကြသည်။ ဆန္ဒပြသူများမှ မီးရှုးမီးပန်းများနှင့် ရေနံဆီ ပုလင်းများဖြင့် ပြန်လည် မီးရှို့ပစ်ခတ်ခဲ့ကြပြီး ရဲများအား ဟန့်တားရန် ကြိုးပမ်းခဲ့ကြသည်။ ဆန္ဒပြသူများ၏ ရွက်ဖျင်တဲများစွာ မီးလောင်ကျွမ်းခဲ့ပြီး မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို မသိရှိရသေးချေ။

အင်္ဂါနေ့ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ရင်ပြင်ရှိ အတားအဆီးများကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ကြသော်လည်း ပြန်လည် တွန်းလှန်ခံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့ ဒေသတွင်း ၄၀၀ နာရီ (၂၀၀ GMT) တွင် ရဲတပ်ဖွဲ့မှ ပြန်လည် စုစည်း၍ ချီတက်ခဲ့ပြီး ရင်ပြင်ထဲရှိ ဆန္ဒပြသူများ၏ ရွက်ဖျင်တဲများဆီ ရောက်ရှိရန် ကြိုးပမ်းခဲ့ကြသည်။ စင်မြင့်များပေါ်မှ ဆန္ဒပြသူ ခေါင်းဆောင်များက အဖြစ်အပျက်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြရန်နှင့် မည့်သည့် နေရာတွင်ပင် ရှိရှိ ယူကရိန်းများ အနေဖြင့် ရင်ပြင်သို့ လာရောက်ကြရန် ပြောဆိုခဲ့ကြသည်။ မစ္စတာ ကလစ်ရှ်ကိုမှ ယခုနေရာသည် လွတ်လပ်မှု၏ ကျွန်းစုဖြစ်ပြီး ကာကွယ်သွားရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယူကရိန်းနိုင်ငံ တစ်ဝှမ်းတွင်လည်း မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်လျှက် ရှိပြီး အနောက်ပိုင်းမြို့များ ဖြစ်သည့် အလ်ဗစ် နှင် အိုင်ဗန်နိုဖရန်ကီဗစ် မြို့များလည်း ပါဝင်သည်။

ယူကရိန်းနိုင်ငံ၏ ဆူပူမှုများသည် သမ္မတ ယန်နူကိုဗက်ခ်ျမှ ရုရှားနိုင်ငံကို မျက်နှာသာပေးရန် ဥရောပ သမဂ္ဂနှင့် ကုန်သွယ်မှု စာချုပ်ကို ချုပ်ဆိုမှုကို ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။

BBC ,
kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

0 comments:

Post a Comment