Pages

Tuesday, March 4, 2014

ဗီယက်နမ်တို့၏ ပထမဦးဆုံးရေငုပ်သင်္ဘော


RangonNewsDaily: March . 4 .2014
၂၀၁၃ ခုနှစ်၏ နှစ်ကုန်ပိုင်းရက်များက ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ထုတ်လုပ်သော Kilo Class အမျိုးအစားဖြစ်သော ၄င်းတို့၏ ပထမဆုံးရေငုပ်သင်္ဘောကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ရေငုပ်သင်္ဘောမှာ ၀ယ်ယူထားသည့် ၆ စီးအနက်မှ ပထမဦးဆုံးတစ်စီးဖြစ်ပြီး ရေငုပ်သင်္ဘောများမှာ ၂၀၀၉ ခုနှစ်ကတည်း ကပင် မှာယူထားခြင်းဖြစ်ကာ ကုန်ကျငွေအားဖြင့် ဒေါ်လာ ၂.၁ ဘီလီယမ်ရှိပါသည်။

ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန် နေရာသစ် အဖြစ် ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီး ကညနတွင် ထပ်မံဖွင့်လှစ်


RangonNewsDaily: March . 4 .2014
ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရန် နေရာသစ်များအဖြစ်ရန်ကုန်ဘူတာကြီးနှင့် ရွာသာကြီး ကညနတွင် ယနေ့ထပ်မံဖွင့်လှစ်ပေးကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ရန်ကုန်သင်္ကြန် ပေ ၁၀၀ အထက်မဏ္ဍပ် အနည်းဆုံး ၅၀ ခွင့်ပြုမည်


RangonNewsDaily: March . 4 .2014
၂၀၁၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကျင်းပတဲ့အခါ ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ်အကြီး အနည်းဆုံး ၅၀ လောက် ခွင့်ပြုသွားမယ်လို့ အင်ဂျင်နီယာဌာနလမ်းနဲ့ တံတား တာဝန်ရှိသူ ဗိုလ်ကြီးမျိုးလွင်က ပြောပါတယ်။

အောင်သိဒ္ဓိကျောင်းတွင် နေထိုင်သော မူလတန်းကျောင်းသား မိသားစုများ၏ ယာယီတဲများ ဖယ်ရှားခံရ

RangonNewsDaily: March . 4 .2014
ပဲခူးတိုင်း ဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီတဲထိုးကာ ခိုလှုံနေထိုင်လျက် ရှိသော သမီးကလေးကျေးရွာ နေသူများအနက် မူလတန်း စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား ပါဝင်သည့် မိသားစုဝင် ၃၁ စု၏ ယာယီတဲများကို မတ်လ ၃ ရက် နံနက်ပိုင်းက ဒုတိယအကြိမ် ဖယ်ရှားပေးခဲ့ရကြောင်း အဆိုပါ ကျောင်းတိုက်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

ဒလမြိုနယ်တာကြီးကျေးရွာတွင်မီိးလောင်မှု ယနေ့ဖြစ်ပွား


RangonNewsDaily: March . 4 .2014
ယနေ့ညနေ၄နာရီအချိန်တွင်ရန်ကုန်တောင်ပိုင်းခရိုင်ဒလမြိုနယ်တာကြီးကျေးရွာတွင်မီးလောင်မူဖြစ်ပွားခဲရာနေအိမ်၁၀လုံးပျက်စိးဆုံးရူံးမူဖြစ်ခဲ့ပြိးညနေ၅နာရီတွင်မီးငြိမ်းခဲ့သည်။

အူရီဒူးက 3G ကွန်ရက်စနစ်ကို စမ်းသပ်အသုံးပြု နေပြီဟုဆို

RangonNewsDaily: March . 4 .2014
ဆက်သွယ်ရေး လိုင်စင်ရ အော်ပရော အူရီဒူးမြန်မာ၏ 3G ကွန်ရက်စနစ်ကို ပြည်တွင်းတွင် စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု အူရီဒူးမြန်မာက မတ် ၄ ရက်တွင်သတင်းထုတ်ပြန်သည်။ အဆိုပါ ကွန်ရက်တွင် အချက်အလက်များ ချိတ်ဆက်ခြင်း ၊ စာတိုပေးပို့လက်ခံခြင်း ၊ အသံလှိုင်း အရည်အသွေး စမ်းသပ်ခြင်း များပြုလုပ်နိုင်ပြီဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

မကွေးမြို့အပန်းဖြေရာကမ်းနားလမ်းတွင်ညအချိန်ဆိုင်ကယ်ပျောက်ဆုံးမှုများမကြာခဏဖြစ်ပွားနေ

RangonNewsDaily: March . 4 .2014
မြန်မာနိုင်ငံတွင် တတိယမြောက် ဆေးတက္ကသိုလ်ရှိ မကွေးမြို့တွင် ညအချိန် ကျောင်းသားအများစု နှင့် မြို့ခံများအပန်းဖြေရာ ကမ်းနားလမ်းတွင် မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှု များမကြာခဏ ဖြစ်ပွားနေကြောင်း မကွေးမြို့တွင် နေ့ကျောင်းတက်ရောက်နေသော ကိုအောင်ကျော်လင်းက မတ်လ၄ရက်နေ့တွင် ပြောကြားသည်။

လွှတ်တော်အမတ် ဦးလှဆွေကို အန်အယ်လ်ဒီ တရားစွဲမည်


RangonNewsDaily: March . 4 .2014
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ အန်အယ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

First Eleven မှ ပေးအပ်သည့် မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆု ကြည်လင်း လက်ခံရယူ


kolatt(PBDN): March . 4 .2014
မြန်မာ နိုင်ငံ ၏ အထင် ကရ အား ကစား ဂျာနယ် တစ်စောင် ဖြစ်သော First Eleven ဂျာနယ်မှ ရွေးချယ် ချီးမြှင့် သည့် ၂၀၁၃ မြန်မာ့ အကောင်းဆုံး ဘောလုံး သမားဆု ကို ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေး စင် ကစား သမား ကြည်လင်း က လက်ခံ ရရှိ ခဲ့သည်။ ကြည်လင်း သည် ၄င်း ဆုကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကလည်း လက်ခံ ရရှိ ခဲ့သော ကြောင့် ၂ နှစ်ဆက်တိုက် ရွေးချယ် ခံခဲ့ရ သည့် ပထမ ဆုံး ကစား သမား ဖြစ်လာ သည်။

တစ်ယူသန်ဝါဒ ကြီးစိုးလာမှုကလူမျိုးတုန်းသတ်ဖြတ်မှုအတွက် လောင်စာဖြစ်


RangonNewsDaily: March . 4 .2014
ဒူချီရာတန်း တွင် ရခိုင်လုံထိန်းများက ရိုဟင်ဂျာ ၂၀ ဦးအားသတ်ဖြတ်အလောင်းဖျောက်ပုံကို ဖွင့်ချထားသည့် New York Times သတင်းစာပါ ဆောင်းပါး

ထိုင်းမင်းသမီး၏ အိမ်အတွင်းသို့ ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံရ


RangonNewsDaily: March . 4 .2014
အသက် ၂၄ နှစ်ရှိ အလုပ်ကြမ်းသမား Prajuab Poobualom သည် လွန်ခဲ့သော တနင်္ဂနွေညတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် မင်းသမီး Preme ၏ အိမ်အား ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံခဲ့ရကြောင်း သိရသည်။

အမြန်လမ်းမတွင် ခရီးသွားယာဉ်နှစ်စီး လေးခွဖြင့်ပစ်ခတ်ခံရ


RangonNewsDaily: March . 4 .2014
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈ မိုင် ၃ ဖာလုံ အနီး တွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်က H-A-L Travel ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်နှစ်စီးကို အမည်မသိ လူတစ်စုက လေးခွ ဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ H-A-L Travel ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုမိုးက ပြောကြားသည်။

ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်းများကို ပူးပေါင်းအဖွဲ့ စတင်ဖမ်းဆီး

RangonNewsDaily: March . 4 .2014
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ အဓိက ရောင်းဝယ် ဖောက်ကားရာ ရန်ကုန်မြို့တော်ရှိ ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုများ ရှိသဖြင့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံဖမ်းဆီး စစ်ဆေးနေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက်၌ အဆောက်အအုံဆောက်လုပ်ရန် ညဘက်မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ်တစ်ခြမ်း ပြိုကျ


RangonNewsDaily: March . 4 .2014
ဗဟန်းမြို့နယ် ဆရာစံ (မြောက်/အနောက်) ရပ်ကွက် ဆရာစံလမ်းသွယ် (မင်းလမ်းမှတ်တိုင်အနီး) တွင် ရတနာမြိုင် ဆောက်လုပ်ရေးမှ အဆောက်အအုံ ဆောက်လုပ်ရန် မြေကြီးတူးစဉ် ကပ်လျက်လူနေအိမ်တစ်ခြမ်း ပြိုကျပြီး ကျန်လူနေအိမ် ငါးလုံး၏ နောက်ဖေးအခြမ်းမှာ ဆက်လက်ပြိုကျရန် အခြေအနေရှိနေကြောင်း သိရသည်။

ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမတော်တဆမှု မြန်မာအလုပ်သမားအမျိုးသမီးမနှင်းကေခိုင် သေဆုံး


RangonNewsDaily: March . 4 .2014
ဘန်ကောက်မြို့ ဘန်ဖီ မြို့နယ်။အီတာလီယံ ထိုင်းဆောက်လုပ်ရေးကုမဏီ၏ လုပ်ငန်းခွင်ပြိုကျပြီးမြန်မာအလုပ်သမားအမျိုးသမီးမ
နှင်းကေခိုင် သေဆုံးသွားပါသည်။ကျန်ရစ်သူမိသားစုများ သိရှိစေရန် အကြောင်းကြားပါသည်။

ငွေကြေးရှုပ်လို့ အထုတ်ခံရသည့် ဘုန်းကြီး လန်ဒန်မှာဗုဒ္ဓဘာသာစင်တာကြီး တည်ဆောက်ဖို့ ရန်ကုန်မှာ ရန်ပုံငွေရှာဖွေ


RangonNewsDaily: March . 4 .2014
ပေါင်စတာလင် ၂သန်းခွဲလောက် ကုန်ကျမယ့် ဗုဒ္ဓဘာသာစင်တာကြီးကို လန်ဒန်မှာတည်ဆောက် ဖို့အတွက် ပြည်တွင်းပြည်ပက မြန်မာလူထုရဲ့အားကိုးနဲ့ တည်ဆောက်မည်ဆိုသည့်အကြောင်းပြချက်ဖြင့်။ စင်တာကြီးဖြစ်မြောက်ရေး ရန်ပုံငွေဖျော်ဖြေပွဲကို အမျိုးသားဇာတ်ရုံမှာ ကျင်းပနေကြောင်းသိရသည်။

ယာဉ် အရှိန်တိုင်း ကိရိယာ (၂၀) ကို ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ထပ်မံ တပ်ဆင် မည်

ဓာတ်ပုံ-AFP
RangonNewsDaily: March . 4 .2014
၂၀၁၄ ခုနှစ် မတ်လ အတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမ ကြီး တစ်လျှောက် တွင် ယာဉ် အရှိန် တိုင်း ကိရိယာ (Driver Feed tack sign ) အလုံး ၂၀ ထပ်မံ တပ်ဆင် သွားမည် ဖြစ် ကြောင်း ရန်ကုန်-မန္တလေး အ မြန် လမ်းမှ တာဝန် ရှိသူ ရဲမှူး နေ၀င်း က ပြော သည်။ လက်ရှိ တွင် အရှိန်နှုန်း တိုင်း တာ ကိရိယာ (၈) လုံး တပ်ဆင် ထားသော် လည်း လုံလောက် မှုမရှိ သေး၍ ယာဉ် မတော် တဆမှု များ ဖြစ်ပွား နေသော ကြောင့် ထပ် မံ တပ်ဆင် ကာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိ ရသည်။ 

ကိုစစ်နိုင်နှင့် သက်မွန်မြင့်တို့ ဇနီးမောင်နှံ၏ ချစ်စခင်စ အိမ်ထောင်သည်ဘဝ ကြည်နူးစရာ စကားများ


RangonNewsDaily: March . 4 .2014
တူနှစ်ကိုယ်ချစ်ခြင်းမေတ္တာနှင့် တူနှစ်ဖြာ လက် ထပ်ထိမ်းမြားမင်္ဂလာပွဲ ဆင်ယင်ကျင်းပပြီး နှစ်ဦးဂဟေ ဆက်ဘဝနှစ်ခုပေါင်းစပ်၍ အိမ်ထောင် တစ်ခုကို တည် ထောင်ပြုခဲ့ ကြသည့် ခင်ပွန်းသည် ကိုစစ်နိုင်နှင့် ဇနီး သည် သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်တို့၏ နှစ်ဦးသား ပိုင်ဆိုင်ထားရှိသည့် အိမ်ထောင်သည်ဘဝ စိတ်ခံစားမှု၊ ခိုင်မြဲသော အိမ်ထောင်တစ်ခု တည်ဆောက်ရန် အမြင် များ အပြင် အနုပညာအလုပ်ကိစ္စ၊ ဘဝရှေ့ရေး ပြင်ဆင်ထားရှိမှုအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ ပါသည်။

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မိုးတိမ်တောင် အန္တရာယ် သတိပြုရန်လို


RangonNewsDaily: March . 4 .2014
အနောက်တောင် မုတ်သုံလေ ရာသီဥတု မကျရောက်မီ မိုးဦး၊ လေဦး ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပြီး လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် အန္တရာယ်များ ရှိလာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကိုယ်စား ၀န်ချတောင်းပန် လျှောက်ထားလွှာအား အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံ ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်


RangonNewsDaily: March . 4 .2014
အင်းစိန်ရွာမဆရာတော်ကြီး၏ ၇၅ နှစ်မြောက် ၀ိဇာတမွေးနေ့ မင်္ဂလာသို့ တက်ရောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ပါတီဝင်တစ်ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ သံဃာတော်များကို ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားခဲ့ခြင်းအတွက် ၀န်ချတောင်းပန်လွှာကို ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် NLD ပါတီက နှောက်ယှက်ခြင်းများ မပြုလုပ်ရန် သတိပေးဆုံးမစကား မိန့်ကြားခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်း လှုံ့ဆော်ပွဲ ဖျော်ဖြေရန် ဇာဂနာနှင့်အဖွဲ့ ကလေးမြို့သို့လာမည်

RangonNewsDaily: March . 4 .2014
မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ လှုံ့ဆော်ပွဲ ဖျော်ဖြေရန် ရုပ်ရှင် သရုပ်ဆောင် ဇာဂနာ ဦးဆောင်သောအဖွဲ့ ကလေးမြို့သို့ မတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

ယူကရိန်းတွင် ရုရှားလိုလားသည့် သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားသည့်နောက် ယူကရိန်း နိုင်ငံအတွင်း၌ ရုရှားဆန့်ကျင်သော အုပ်စုနှင့် ရုရှားလိုလားသော အုပ်စုများ ကွဲပြားလာ


RangonNewsDaily: March . 4 .2014
ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသတွင် ရုရှားစစ်တပ်များ ဖြန့်ကျက်ကျူးကျော်လာသည့် လုပ်ရပ်အပေါ် ကမ္ဘာ့နိုင်ငံခေါင်းဆောင် အများအပြားက ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။ ယူကရိန်းတွင် ရုရှားလိုလားသည့် သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျသွားသည့်နောက် ယူကရိန်း နိုင်ငံအတွင်း၌ ရုရှားဆန့်ကျင်သော အုပ်စုနှင့် ရုရှားလိုလားသော အုပ်စုများ ကွဲပြားလာခဲ့သည်။

တရုတ် ကူမင်းဘူတာရုံတွင် ရှင်ကျန် ခွဲထွက်ရေးသမားများ ဓားဖြင့်တိုက်ခိုက် ၂၉ ဦးသေဆုံး


RangonNewsDaily: March . 4 .2014
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ရထားဘူတာရုံ တစ်ခုထဲတွင် ရှင်ကျန်ခွဲထွက်ရေး အကြမ်းဖက်သမားများဟု ယူဆရသူများက တွေ့သမျှ လူများကို ဓားဖြင့်ထိုးခုတ် တိုက်ခိုက်ခဲ့ရာ ၂၉ ဦး သေဆုံးသွားခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရရှိ သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒေးဗစ်မိုယက်စ်ကို စိတ်ရှည်မှု့ ပေးကြရန်နှင့် အချိန်ပေးရန် ဖာဂူဆန်တိုက်တွန်း


RangonNewsDaily: March . 3 .2014
ယနေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဟောင်း ဖာဂူဆန်က ဒေးဗစ်မိုယက်စ်ကို အချိန်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားလိုက်ပြီး ပရိတ်သတ်များကို စိတ်ရှည်ကြရန်နှင့် ယုံကြည်မှု့ အပြည့်အ၀ ပေးနိုင်ခဲ့လျှင် နလန်ပြန်ထူလာ လိမ့်မည်ဟု တိုက်တွန်း ပြောကြားလိုက်ပါတယ်။

Gravityဇာတ်ကား ဆု(၇)ခု ဆွတ်ခူး အောင်ပွဲခံခဲ့သည့် ၂၀၁၄ အော်စကာ


RangonNewsDaily: March . 3 .2014
အကောင်းဆုံး ဇာတ်ကားဆုကို 12 Years A Slaveက သိမ်းပိုက်သွားခဲ့သော်လည်း Gravity အနေဖြင့် ဖန်တီးတင်ဆက်မှုဆိုင်ရာ ဆုအများအပြားကို ရရှိခဲ့ခြင်း ဖြစ်သည်